နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Monday, May 13, 2013

UWSA နဲ့ အစိုးရ ငြိမ်းအဖွဲ့တို့ ဘာကိစ္စ တွေ့ဆုံဆွေးနွေး

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixF8Hn26eqt3_rzy8BdlAi38HwMpRa0fwB81whREbxcAhpaHEUse_l81-BtyJAM-l6gkqEt0HX8LAgJ49O2V4bjD6BYGhA4tjjpxOVs0KRggnarq9TQd72nunx18QGXS5x5LLxgUGahF_W/s320/wa.jpg
မကြာသေးခင်က တရုတ်နိုင်ငံက စစ်သုံးရဟတ်ယာဉ်တွေ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တခုဖြစ် တဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ကို ပေးတယ်ဆိုတဲ့ 
သတင်းတွေ ထွက်ပေါ် လာပြီးေ နာက်ပိုင်း 
 
အခု မေလ ၁၀ ရက်နေ့ကတော့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ဒု ဥက္ကဌ ဖြစ်တဲ့ ဦးသိန်းေ ဇာ် နဲ့ အဖွဲ့ဟာ UWSA ဌာနချုပ် ပန်ဆိုင်းကို သွားခဲ့ပါတယ်။ 
UWSA ခေါင်းဆောင်များနဲ့ အတူတွေ့ရတဲ့ အစိုးရ ငြိမ်းအဖွဲ့မှ ဦးသိန်းဇော်နှင့်အဖွဲ့၊ ဓာတ်ပုံ- ကြေးမုံ
ဦးသိန်းဇော် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ UWSA ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ ဒုဥက္ကဌ ဦးရှောက်မီးလျှံနဲ့ ဦးပေါက်ယိုရီတို့အဖွဲ့နဲ့ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့တယ်လို့ ယနေ့ ထုတ် နိုင်ငံ ပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ 
UWSA ဘက်ကတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို လက်ရှိ အခြေအနေတွေနဲ့ ကိုက်ညီအောင် ပြန်လည် သုံးသပ်ဖို့နဲ့ ၀ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။ 
ဒီအပြင် ၀ တိုင်းရင်းသားအဖွဲ့က အခုအချိန်ကာလပါ မက၊ နောင်အချိန်ကာလ များအထိ ပြဿနာတွေ ကို စစ်ရေးနည်းနဲ့ ဖြေရှင်းတာကို ကန့်ကွက်တယ်လို့ ပြောဆိုပြီး ဒေသဖွံ့ဖြိုးရေးတွေ ပူးပေါင်းဆောင်ရွက်သွား
နေတာတွေအတွက် အကောင်းမြင်ပြောဆိုထားပါတယ်။ 
အစိုးရ ငြိမ်းကိုယ်စားလှယ် ဦးသိန်းဇော်ကတော့ ၀ အဖွဲ့နဲ့ ပြည်ထောင်စုအဆင့် သဘောတူညီချက် စာချုပ် 
တွေကို ၂ ကြိမ်ရေးထိုးထားခဲ့ပြီး စာချုပ်ပါ အချက်တွေကို ၀ တွေဘက်က လိုက်နာတဲ့အတွက် ချီးမွမ်းစကားလည်း ပြောဆိုထားပါတယ်။ 
ဒီအပြင် Jane's Intelligent Review စာစောင်ပါ တရုတ်နိုင်ငံက UWSA ကို တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့တယ်လို့ ရေးသားဖော်ပြမှုတွေကို UWSA ဘက်က မဟုတ်မှန်ဘူး ဆိုတာ မီဒီယာတွေကတဆင့် ပြောဆိုခဲ့တဲ့အတွက် ၀မ်းသာခဲ့ရတယ်လို့ ဆိုပြီး အစိုးရ ငြိမ်းကိုယ်စားလှယ် အဖွဲ့က ပြောဆိုခဲ့ပါတယ်။ 
အိမ့်သံစဉ် ~ 
ဧရာဝတီ

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 