နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Wednesday, May 22, 2013

နိုင်ငံတော်တိုးတက်စေခြင်းဟာဒီလိုစည်းကမ်းလေးတွေလည်းရှိသင့် တယ်


 

ရန်ကုန်မှာကတော့ အသက်မပြည့်သေးတဲ့ ကလေးတွေကိုယ်တိုင် ဆေးလိပ်ရောင်းတာ သောက်တာတွေကို တွေ့ရတော့ ကလေးသူငယ်အခွင့်အရေးဆိုတာ အတွေးက ရောက်သွားမိပြန်တယ်။

ပြီးတော့ ကွမ်းတံတွေး။ ကွမ်းစားတာ ထား၊ ထွေးတာက ရန်ကုန်တမြို့လုံး ရဲရဲနီ။ တွေ့တဲ့နေရာ ကွမ်းတံတွေး ထွေးတာတွေကိုလည်း မယဉ်ကျေးတဲ့ လုပ်ရပ်တခုအဖြစ် အစိုးရက ကန့်ကွက်မယ့်ပုံ မတွေ့ရသေးပါ။ ကျနော်ငှားစီးဖူးတဲ့ တက္ကစီသမားတိုင်းလိုလို မီးပွိုင့်လိုနေရာ ဖြစ်ဖြစ်၊ ကားကျပ်လို့ ခဏတဖြုတ် နားတာဖြစ်ဖြစ် တံခါးဖွင့်ပြီး လမ်းမပေါ် ကွမ်းတံတွေး ထွေးချလိုက်တာပါပဲ။ ဘတ်စ်ကားတွေအပါအ၀င် နေရာအတော်များများမှာ ”ကွမ်းသွေးမထွေးရ” ဆိုတဲ့ ဆိုင်းဘုတ်တွေရှိပေမယ့် အဲဒီဆိုင်းဘုတ်တွေကိုယ်တိုင် ကွမ်းတံတွေး ပေနေပါတယ်။ဆေးလိပ်သောက်တာ၊ ကွမ်းစားတာကို အပြစ်မမြင်ကြပေမယ့် အရက်သောက်တာကိုတော့ မြန်မာတွေ မကောင်းမှုလို့ မြင်ကြပါတယ်။ ဘုရားမကြိုက်တဲ့ အလုပ်၊ ၅ ပါးသီလမှာ သူရာမေရိယ ဆိုပြီး ပညတ်ထားလို့ ထင်တယ်။ တနည်းအားဖြင့်ဆိုရင်တော့ အရက်သောက်သုံးမှုကို ကျန်းမာရေးရှုဒေါင့်ကနေ မကြည့်ဘဲ ဘာသာရေးရှုဒေါင့်နဲ့ ချည်းကပ်တဲ့ သဘောမျိုးလို့ ကျနော် ထင်ပါတယ်။ (သူပုန်ကျောင်းသား တဦးရဲ့ ပြည်တော်ပြန် ခရီးစဉ် - ၄ မှ) http://burma.irrawaddy.org/archives/40413

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 