နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Tuesday, May 21, 2013

ရန်ကုန်တိုင်း ကြည့်မြင့်တိုင် မြို့နယ် အမှိုက်ပုံး အတွင်းမှ လက်နက်၊ ခဲယမ်းများ တွေ့ရှိ

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash3/p480x480/945731_328397210622886_919149919_n.jpg 

တာမွေမြို့နယ်၊ ဗညားဒလလမ်းမီးလောင်မှု  

Yangon Police
၁၉.၅.၂၀၁၃ ရက်နေ့ ၀၁၄၅ အချိန်တွင် တာမွေမြို့နယ်၊ကျောက်မြောင်းကြီးရပ်ကွက် ဗညားဒလလမ်း၊ မ/၃၁၀ (၄)လွှာနေ ဦးကျော်သိင်္ခ၊ (သ) ၃၁ နှစ်၊(ဘ) ဦးကျော်၊ ဗမာ/ဗုဒ္ဓ ၊ကုန်သည်၏ နေအိမ် နောက်ဖေးတွင် ထားရှိသော ရေခဲသေတ္တာမှ ၀ါယာရှော့ဖြစ်ကာ စတင်မီးလောင်ကျွမ်းခဲ့သဖြင့် တာမွေမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ် (၃)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရာ ၀၁၅၀ အချိန် မီးငြိမ်းသွားခဲ့ပါသည်။ အခင်း ဖြစ်ရပ်သို့ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး နှင့် တာဝန်ရှိသူအဖွဲ့မှ စစ်ဆေးခဲ့ပြီး မီးလောင်မှု ကြောင့် တန်ဘိုး ၅၀၀၀၀ိ/- ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် ဦးကျော်သိင်္ခအား တာမွေရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

 မှော်ဘီမြို့နယ်တွင် လူသတ် အလောင်းဖျောက်သည့် အမှုအားဖော်ထုတ် အရေးယူ
=====================================================
၁၉.၅.၂၀၁၃ ရက်နေ့ ၀၉၀၀အချိန်ခန့် တွင် မှော်ဘီမြို့နယ် ၊ ချော်ကုန်းကျေးရွာနေ သန်းနိုင် (ဘ) ဦးမြမောင်၏ နေအိမ်ခြံစည်းရိုးအပြင် ရှိ မြေဖို့ထားသောမြေပုံအား ခွေးများယက်ခဲ့ရာမှ လူသေ အလောင်းပေါ် လာကြောင်းသတင်းအရ ရာအိမ်မှူး ဦးကျော်လှိုင်မှ သွားရောက်ကြည့်ရှု့ ခဲ့ရာ သေဆုံးသူမှာ ၄င်းရွာနေ အောင်ကျော် (ခ) ကရင်၊ (ဘ) ဦးအောင်သန်းဖြစ်ကြောင်း သိရှိရပြီး ဦးခေါင်း နောက်စေ့ ကြေမွ၊ ယာပေါင်ကျိုး၊ ၀မ်းဗိုက်အူထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည် ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးရန် မှော်ဘီရဲစခန်းသို့ တိုင်တန်း ခဲ့ပါသည်။ တိုင်တန်းချက်သတင်းရလျင် ရချင်း မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ မြောင်းတကာရဲကင်းမှူးတို့မှ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ ၁၆.၅.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင် သေဆုံးသူအောင်ကျော်၏ လင်မယားကွဲကွာနေသောဇနီး မစန်းစန်းအေး၏ နေအိမ်တွင် မောင်ဖြစ်သူ သန်းနိုင်မှ ထမင်းစားနေစဉ် သေဆုံးသူမှ လာရောက် စိန်ခေါ်ဆဲဆိုခဲ့ သဖြင့် သေဆုံးသူ အပြန်တွင် သန်းနိုင်မှ ပေါက်ပြားဖြင့် လိုက်လံခုတ်သတ် ပြီး၎င်း၏၊ နေအိမ် ခြံဝင်းအပြင်ဘက်၌ မြေကျင်းတူးကာ မြုပ်နှံထားခဲ့ကြောင်း စုံစမ်းဖော်ထုတ် ရရှိခဲ့သဖြင့် တရားခံ သန်းနိုင်အား ဖမ်းဆီးစစ်ဆေးလျက် ရှိပါသည်။


 ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ
================================
၁၉.၅.၂၀၁၃ ရက်နေ့ ၁၂၁၀ အချိန်တွင် ဒဂုံဆိပ်ကမ်းရဲစခန်းမှ နယ်ထိန်း အရာရှိ ဒုရဲအုပ် ၀င်းကို သည် သတင်းအရ သက်သေများနှင့်အတူ (၉၂) ရပ်ကွက်၊ ပဲခူးမြစ်လမ်း၊တိုက်အမှတ် (၂၉) ရှေ့တွင် စောင့်ဆိုင်းနေစဉ် လှဝင်းထွဋ်(ခ) တရုတ်၊ (သ) ၄၁ နှစ်၊ (ဘ) ဦးတင်ထွဋ်မှာ ပတ်စတစ်အိတ် ၁ အိတ်အား လမ်းဘေး သို့ လွှင့်ပစ်လိုက်သည်ကို တွေ့ရှိသဖြင့် သက်သေ များနှင့် အတူ ကောက်ယူရှာဖွေစစ်ဆေးခဲ့ရာ ဘိန်းဖြူ ဟုယူဆရသော အဖြူမှုန့် (၀.၀၉) ဂရမ်ပါ ပင်နီဆလင်ပုလင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် လှဝင်းထွဋ် (ခ) တရုတ်အား မူးယစ်ဆေးဝါးဥပဒေအရအရေး ယူဆောင်ရွက်ထားရှိပါသည်။


 တွံတေးမြို့နယ်တွင် ငါးကန်လုပ်သားချင်းခိုက်ရန်ဖြစ်ရာမှတစ်ဦးသေဆုံး
==============================================
၁၉.၅.၂၀၁၃ ရက်နေ့ ၁၈၃၀ အချိန်တွင် တွံတေးမြို့နယ်၊ ဇီးဖြူကုန်းအုပ်စု နတ်စင်ချောင်ရွာတွင် ငါးကန်လုပ်သား သက်ဆွေ ၊(သ) ၂၅ နှစ်၊ (ဘ)ဦးစန်းမောင် နှင့် ဖိုးဇော်(သ) ၁၈နှစ်၊(ဘ)ဦးအီစတ် တို့အကြွေး တောင်းရင်းစကားများရာမှ ဖိုးဇော်သည်၎င်းလွယ်ထားသော လွယ်အိတ်အတွင်းရှိဒါးမြှောင်နှင့် သက်ဆွေအားထိုးရာ ၀ဲဘက်ညှပ်ရိုးအောက်တွင် ထိုးသွင်းဒဏ်ရာ(၁) ချက် ရရှိပြီး တွံတေးဆေးရုံသို့ပို့စဉ် လမ်း၌ သေဆုံးသွားခဲ့သဖြင့် ဖိုးဇော်အားလူသတ်မှု ဖြင့်အရေးယူပေးရန် ငါးကန်အလုပ်သမားခေါင်းဆောင် ဖြစ်သူဦးသန်းမောင်မှ တိုင်တန်းခဲ့၍ ရဲတပ်ဖွဲ့မှ တရားခံဖိုးဇော်အားဖမ်းဆီးရမီစစ်ဆေးလျှက်ရှိပါသည်။

 အရက်သောက်စားမူးယစ်နေသည့်သားအား ဓါတ်ဆီလောင်း၍ဆုံးမစဉ် မီးလောင်
=====================================================
၁၇-၅-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ တက္ကသိုလ်ဝင်းနေ ဒေါ်စန်း(၆၂)နှစ်သည် သားဖြစ်သူ စိုးမင်းအောင်(၂၃)နှစ်မှာ အရက်သေစာသောက်စား၍ မူးယစ်ရမ်းကားနေသဖြင့် ဆုံးမ,မရသောကြောင့် အနီးရှိ ဓါတ်ဆီ ပုလင်းအားယူ၍ ပါးစပ်အတွင်းလောင်းထည့်စဉ် စိုးမင်းအောင်၏ခန္ဓာကိုယ်ပေါ်သို့ ဖိတ်စင်ကျကာ အိတ်ကပ်တွင်းရှိ ဂက်စ်မီးခြစ်နှင့်ထိတွေ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ မီးလောင်မှုကြောင့် စိုးမင်းအောင်၏ ၀ဲ/ယာလက်နှင့်နောက်ကျော၊ တင်ပါး၊ ယာခြေထောက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသကာ ဒေါ်စန်းအား မန္တလေးအမှတ်(၉)ရဲစခန်း (ပ)၃၀၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ (source: ရဲဇာနည် facebook www.facebook.com/pages/ရဲဇာနည်/463287083724096)


 ပန်းဘဲတန်းမြို့နယ်တွင် ကြော်ငြာဆိုင်းဘုတ်မီးလောင်မှုဖြစ်ပွါး
=======================================
၂၀.၅.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ (၁၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း နှင့် ဆူးလေဘုရားလမ်းထောင့်ရှိ MIKKO COFFEMIX ကြော်ငြာဆိုင်းဘုတ်အား ရန်ကုန်မြို့တော် စည်ပင်လမ်းတံတားဌာနမှ ဖျက်သိမ်းရန်အတွက် ဆိုင်းဘုတ်ကြော်ငြာသံပြား အား ဂဟေဖြင့်ဖြတ်စဉ် အပူရှိန်လွန်ကဲပြီး အလျား (၂၅)ပေ၊ အနံ(၅၀)ပေခန့်ရှိဗီနိုင်းစအား မီးစွဲလောင်ခဲ့သဖြင့် ကျောက်တံတား မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၁)စီးဖြင့်ငြိမ်းသတ်ခဲ့ရာ ၁၀၁၅ အချိန်မီးငြိမ်းသွားခဲ့ ကြောင်းသတင်းရရှိပါသည်။


 တာဝန်ထမ်းဆောင်သောစည်ပင်ဝန်ထမ်းအား ဆဲဆိုကြိမ်းမောင်းဓားဖြင့်ခုတ်ခြင်း
====================================================
၂၀.၅.၂၀၁၃ ရက်နေ့ (၀၉၃၀)အချိန် ဦးသန့်ဇော်မျိုး၊ (၂၁)နှစ်၊ (ဘ)ဦးအောင်မျိုးမြင့်၊ လှိုင်မြို့နယ် စည်ပင်ဝန်ထမ်း(ပုံသေအထွေထွေဝန်ထမ်း)သည် လှိုင်မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး၏ တာဝန်ပေးချက်အရ လှိုင်မြို့နယ်၊ (၉)ရပ်ကွက် အင်းစိန်လမ်းနှင့် ချစ်တီးဘုရားလမ်းထောင့်တွင် အငှားယာဉ်နှင့်လမ်းဘေးဈေးသည်များအား စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်စဉ် အနှေးယာဉ်အမှတ် ကမရ/၀၀၆၁၊ ဆိုက်ကားနင်းသူ အောင်မင်းစိုးမှာ လမ်းအလယ်တွင်ရပ်နေသည့်အတွက် လမ်းပိတ်နေသဖြင့် တားမြစ်ခဲ့ပါသည်။
ထိုသို့ တားမြစ်သည်ကို မကျေနပ်၍ အနှေးယာဉ်မောင်းမှ အသင့်ပါလာသော အရိုးအသွား (၁)ပေ (၈)လက်မခန့်ရှိ ဓားဖြင့် ဆဲဆိုကြိမ်းမောင်းပြီးလိုက်ခုတ်ရာ ထွက်ပြေးခဲ့ရသောကြောင့် လှိုင်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။


 မီးရှို့ခံရသော ကောက်ရိုးပုံတွင် အစောင့်ထားခဲ့သူအား ဓားဖြင့်ထိုးမှုဖြစ်ပွား
===============================================
၁၉.၅.၂၀၁၃ ရက်နေ့ (၂၁၀၀)အချိန်ခန့် ဥက္ကံမြို့၊ ကြို့ချောင်းရွာနေ ဦးချစ်ဆွေ၊ (၆၁)နှစ်၊ (ဘ)ဦးဖိုးငြိမ်းသည် နေအိမ်တွင်ရှိနေစဉ် ရွာအရှေ့ဘက်ရှိ ၄င်းပိုင်ကောက်ရိုးပုံ မီးလောင်နေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ မီးလောင်နေသော ကောက်ရိုးပုံအနီးမှ စိုးရွှေပါ လူငယ် (၃)ဦးသည် ရွာအရှေ့ဘက်သို့ ထွက်ပြေးသွားသည်ကို တွေ့မြင်ခဲ့ပါသည်။ မီးလောင်နေသော ကောက်ရိုးပုံအား အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း နှင့် ရွာသားများ ရောက်ရှိလာ၍ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါသည်။
ဦးချစ်ဆွေမှ သားမက်ဖြစ်သူ အောင်စိုး အား အစောင့်အဖြစ် ထားခဲ့ပြီး အိမ်သို့ပြန်လာစဉ် မီးလောင်နေသော ကောက်ရိုးပုံဘက်မှ အချက်ပေး တုံးခေါက်သံကြားသဖြင့် ပြန်သွားကြည့်ရာ သားမက်ဖြစ်သူ အောင်စိုးအား တစ်ရွာတည်းနေ ဖိုးထောင် နှင့် ၀င်းဇော်တို့ (၂)ဦးမှ ၀ိုင်းထားပြီး တရားခံ စိုးရွှေမှ ဓားဖြင့်ထိုး၍ ဦးခေါင်း ယာဘက်ဂျိုစောင်းပြတ်ရှဒဏ်ရာ (၁)ချက် ရရျိထားသည်ကို တွေ့ရှိရသဖြင့် သားမက်ဖြစ်သူ အောင်စိုးအား ဥက္ကံဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)ဖြင့် ပို့အပ်ကုသရ၍ ဥက္ကံရဲစခန်းတွင် အရေးယူပေးပါရန် တိုင်တန်းထားကြောင်း သတင်းရရှိပါသည်။


 ဒဂုံမြို့နယ်တွင်စိတ်ကြွဆေးပြားများဖမ်းဆီးရမိ
=============================
၂၀.၅.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် ရန်ကုန်မူးယစ်အထူးနှင့် ပူးပေါင်းအဖွဲ့သည် ရွှေတိဂုံစေတီတော်တောင်ဘက်မုဒ်တွင် သတင်း ရရှိထားသူ မသန်းသန်းဝင်း၊ (၂၈)နှစ်၊ (ဘ)ဦးလှထွန်း၊ ရွှေပြည်သာမြို့နယ်နေသူအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်အမျိုးသမီး သက်သေနှင့် ရှာဖွေရာ ၎င်းဝတ်ဆင်ထားသော ဂျင်းဘောင်းဘီအိတ်ကပ်အတွင်းရှိ တိတ်ဖြင့်ပတ်ထားသည့် ပလပ်စတစ်အိတ်အတွင်းမှ WY စာတမ်းပါစိတ်ကြွဆေးပြား (၁၉၀)ပြား တွေ့ရှိ၍ ဖမ်းဆီးပြီး ဒဂုံရဲစခန်းတွင် အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။


 ကျောက်တံတားမြို့နယ်တွင် ကွင်းဆက်တရားခံထံမှမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
====================================================
၂၀.၅.၂၀၁၃ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင်ရန်ကုန်တိုင်း၊ တောင်ညွန့်မြို့နယ်မှရဲတပ်ဖွဲ့ဝင် များသည် သာကေတမြို့နယ်တွင်မူးယစ်မှုဖြင့် ဖမ်းဆီးရမိသည့် ဘူသောင်း(ခ)သူရသောင်း၏ အစစ်ခံချက်အရ ဟန်ထူးဗလ၊ (၁၉)နှစ်၊ (ဘ) ဦးထိန်လင်း၊ (၅)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၏ နေအိမ်အားသက်သေများနှင့် ရှာဖွေရာ ဘိန်းဖြူဟုယူဆရသောအမှုန့်များပါ ပင်နီဆလင်ပုလင်း စုစုပေါင်း (၅၅) ပုလင်း၊ အလေးချိန် (၁၇.၅၇)ဂရမ်၊ တန်ဘိုး(၃၀၂၅၀၀၀ိ/-)အားတွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားခံဟန်ထူးဗလ အားဖမ်းဆီးပြီး ကျောက်တံတားရဲစခန်းတွင် အရေးယူစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိပါသည်။


 ဖထွေးဖြစ်သူမှ ကလေးငယ်အား သားမယားပြုကျင့်ရန်ကြံစည်
========================================
၂၀.၅.၂၀၁၃ ရက်နေ့ ၀၉၀၀အချိန် သင်္ဃန်းကျွန်းမြို့နယ်နေ၊ ဒေါ်အေးကြည် သည် မြေးဖြစ်သူ မ------- (၆)နှစ် အားနေအိမ်တွင်တစ်ဦးတည်း ထားခဲ့ပြီးဈေးသွားရာမှ ပြန်ရောက်စဉ်မတွေ့သဖြင့် စုံစမ်းရာ ပထွေးဖြစ်သူ တင်အောင် (ဘ)ဦးသိန်း မှသင်္ဃန်းကျွန်းဘူတာ ဂုံးတံတားပေါ်ခေါ်သွားပြီး သားမယားပြုကျင့်ရန်ကြံစည်ခဲ့ကြောင်းသိရှိခဲ့ရသဖြင့် အရေးယူပေးရန် သင်္ဃန်းကျွန်း ရဲစခန်းတွင် တိုင်တန်းခဲ့၍ တရားခံဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိပါသည်။


 ဒဂုံမြောက်မြို့နယ်တွင် ကလေးငယ်အား သားမယားပြုကျင့်မှု
=======================================
၁၈.၅.၂၀၁၃ ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် ဒေါ်မိုးသက်နွယ်ဦး၏ သမီးဖြစ်သူ မ----- (၅ နှစ်၂ လ) အား ခြေရင်းအိမ်တွင် နေထိုင်သည့် သန်းထိုက်အောင် (သ) ၂၀နှစ် မှ ကလေးထိန်းပေးမည် ဟု ခေါ်ဆောင်သွား ပြီး အိမ်နောက်ဘက် ခြုံထဲတွင် သားမယားအဖြစ်ပြုကျင့်ခဲ့၍ ၂၀.၅.၂၀၁၃ ရက်နေ့တွင် ဒဂုံမြောက်ရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် အရေးယူခဲ့ပြီး သန်းထိုက်အောင် အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

 
Yangon Police

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 