နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Thursday, May 30, 2013

ပို့ဘလဲကို မောင်းသူမဲ့ လေယာဉ်များ အခြေစိုက်စခန်းလုပ်ရန် အမေရိကန် မျက်စိကျ


မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မေလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၅၇ မိနစ်

ကပ္ပလီ ပင်လယ်ပြင်အနီး ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ အိန္ဒိယပိုင်နက် ဖြစ်သော အန်ဒမန်နှင့် နီကိုဘာ ကွန်းစုများရှိ ပို့ဘလဲမြို့ (Port Blair) တွင် အမေရိကန် မောင်းသူမဲ့ လေယာဉ်များအတွက် အခြေစိုက် စခန်းတခုအဖြစ် သုံးရန် အမေရိကန် လေ့လာရေး အစီရင်ခံစာ တခုက ဆိုလိုက်သည်။


အမေရိကန် ကွန်ဂရက် လွှတ်တော်၏ ညွှန်ကြားချက်ဖြင့် ပင်တာဂွန် စစ်ဌာနချုပ်က ပြုစုစေခဲ့သည့် အဆိုပါ “အမေရိကန် တပ်ဖွဲ့များအတွက် ပင်လယ်ရပ်ခြား အခြေစိုက်စခန်းများ” ဆိုသည့် အစီရင်ခံစာတွင် ကမ္ဘာတဝှမ်း အမေရိကန် အခြေစိုက်စခန်းများ တည်ရှိနေမှုကို လေ့လာ ဖော်ပြထားကြောင်း Mail Today သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ကယ်လီဖိုးနီးယား အခြေစိုက် RAND ကော်ပိုရေးရှင်းက ပူးတွဲပြုစုသည့် အဆိုပါအစီ ရင်ခံစာတွင် တရုတ်နိုင်ငံကို ထိုးစစ်ဆင် တိုက်ခိုက်ရန်
ဖြစ်လာသည့်အခါ ပို့ဘလဲမြို့သည် အမေရိကန် မောင်းသူမဲ့
လေယဉ်များ အတွက် အထူးသင့်တော်သည့် အခြေစိုက်စခန်း
ဖြစ်လာနိုင်သည်ဟု ဆိုသည်။

ကမ္ဘာ့ရေနံတင်ပို့ သယ်ဆောင်မှု ပမာဏ လေးပုံတပုံခန့် သယ်ဆောင်နေရသည့် မလက္ကာ ရေလက်ကြားကဲ့ သို့သော မဟာဗျူဟာအရ အရေးပါသည့် ရေလမ်းကြောင်းများကို ထိန်းသိမ်း ကာကွယ်ရန်အတွက် အိန္ဒိယပိုင်နက် နယ်မြေကို အသုံးပြုရန်လည်း ရည်ညွှန်းဖော်ပြထားသည်။

“မလက္ကာ ရေလက်ကြားကို ထောက်လှမ်းပျံသန်း စောင့်ကြည့်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် ကျယ်ပြောသည့် ရေပြင်ကို ထောက်လှမ်းပျံသန်း စောင့်ကြပ်ပေးနိုင်မည့် တပ်ဖွဲ့တခု တပ်စွဲထားရှိရန် အမေရိကန် ရေတပ်အနေဖြင့် အန်ဒမန်ကျွန်းရှိ ပို့ဘလဲ လေဆိပ်ကို အသုံးပြုနိုင်ရေး ကြိုးပမ်းရလိမ့်မည်” ဟု ရေးသားထားသည်။

သို့သော် အကြံပြုချက်သည် တခါဖူးမျှ မကြုံဖူးသည့် အကြံပြုချက်တရပ်ဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံကို အဓိကထား ပြောဆိုထားသည့်အတွက် ဖြစ်ကြောင်း မက် အာသာ ဖောင်ဒေးရှင်း အာရှလုံခြုံရေး စီမံကိန်းမှ ညှိနှိုင်းဆက်သွယ်ရေးမှူးနှင့် လိုးဝီး အင်စတီကျု (Lowy Institute) နိုင်ငံတကာ လုံခြုံရေး အစီအစဉ် စစ်ရေးသုတေသီ ဂျိမ်းစ်ဘရောင်း က ဝေဖန်သည်။

“အန်ဒမန် ကျွန်းစုဟာ မဟာဗျူဟာအရ အရေးပါတဲ့ ကျွန်းတွေဆိုတာ အငြင်းပွါးစရာ မရှိပါဘူး။ အိန္ဒိယ ပိုင်နက် နယ်မြေကို သုံးပြီး ကင်းထောက် ပျံသန်း ထောက်လှမ်းမှုတွေလုပ်ဘို့ အမေရိကန်ကို အကြံပြုတာတော့ ဒါ ပထမဆုံး ကျနော် တွေ့ဖူးတာပါပဲ” ဟု အဆိုပါ စာတန်းကို လေ့လာဆန်းစစ်ထားသည့် ပို့စ်တခုတွင် ဘရောင်း က ရေးသား ထားသည်။

ပိုင်ရှင် အိန္ဒိယအတွက်မူ ပို့တ်ဘလဲမှာ အပန်းဖြေ လည်ပတ်စရာ နေရာတခုအဖြစ်သာ ရှိသေးသည်။ သို့သော် ပင်တဂွန် အစီရင်ခံစာအရ အဆိုပါ ပို့ဘလဲမြို့ကို လုံးဝဥဿုံ ခြားနားသော အဖြစ်သို့ ပြောင်းလဲပစ်ဘို့ ကြံစည်နေခြင်း ဖြစ်သည်။

“ရုတ်တရက် ကြည့်လိုက်ရင်တော့ ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်စရာပဲ။ ဒါပေမယ့် ၂၀၀၆ ခုနှစ်ကတည်းက စလို့ အမေရိကန်နဲ့ အိန္ဒိယ ရေတပ်နှစ်ခုအကြားမှာ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ တဖြေးဖြေး တိုးတက်လာနေခဲ့ပါတယ်။ တရုတ်က ကျူးကျော်တိုက်ခိုက်မှု ရှိလာတဲ့အခါ အိန္ဒိယက အမေရိကန်နိုင်ငံကို အင်ဒမန် ကျွန်းနယ်မြေက အခြေခံစခန်းတွေ သုံးပြီး ရေကြောင်း ထောက်လှမ်းပျံသန်းမှုတွေ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း မပြောနိုင်ဘူး” ဟု စစ်ရေးသုတေသီ ဂျိမ်းစ်ဘရောင်း က ပြောသည်။

ထိုအစီရင်ခံစာ၏ အကဲဖြတ်ချက် တရပ်အဖြစ် အီရန်၊ မြောက်ကိုရီးယား၊ တရုတ်တို့အပါ အဝင် အမေရိကန်အတွက် အလားအလာရှိသော ရန်ဘက်နိုင်ငံများကို ကြီးမားသည့် စစ်ဆင်ရေးများ ဆင်နွှဲရသည့်အခါ ပေါ်ပေါက်လာမည့် ပြဿနာများကိုလည်း လေ့လာ သုတေသနပြု တင်ပြထားသည်။

ထိုအခြေအနေမျိုး ပေါ်ပေါက်လာသည့်အခါ အိန္ဒိယ ပစိဖိတ် ဒေသတွင်း ကြီးမားသော အပြောင်းအလဲများ ပေါ်ပေါက်လာလိမ့်မည်ဟု အဆိုပါ စာတန်းက ရေးသားသည်။

“ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ အမေရိကန် ပိုင်နယ်နယ်မြေများ အထူးသဖြင့် ဟာဝိုင်ယီ နှင့် ဂွမ်ကျွန်းတို့တွင် ရေတပ်နှင့် မရိန်းတပ်ဖွဲ့များကို ပိုမိုချထားလာလိမ့်မည်။ တချိန်တည်းတွင် ယခု သဘောတူညီထားသည့် ပမာဏထက် အိုကီနာဝါကျွန်းတွင် မရိန်းတပ်ဖွဲ့ဝင် အရေအတွက်ကို ပိုမိုချထား တပ်စွဲထားဘို့ လိုလာလိမ့်မည်” ဟု ရေးသားထားသည်။

အလားတူပင် အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက်ကို သြစတြေးလျနိုင်ငံရှိ အခြေစိုက် စခန်းများတွင် တိုးမြှင့်ချထား သင့်သည်ဟု အကြံပြုထားသည်။

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 