
ရန်ကုန်တိုင်း ဒေသကြီး သန်လျင် မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးတွင် ရပ်ထားသည့် ရဲအရာရှိ တစ်ဦးပိုင် ဆိုင်ကယ် တစ်စီးကို သန်လျင် ရဲစခန်းမှ ရဲတပ်သား တစ်ဦးက ခိုးယူ၍ သာကေတ မြို့နယ်၌ ပြန်လည် ရောင်းချခဲ့ရာ လက်ရ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။
ဒုရဲအုပ် တင်လှိုင်သည် ဧပြီလ ၂၉ ရက်နေ့က သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံး တွင် ဆိုင်ကယ်ကို ရပ်ထားရာမှ ပျောက်ဆုံး ခဲ့ပြီး စုံစမ်း ရှာဖွေခဲ့ရာ မေလ ၆ ရက်နေ့တွင် သာကေတမြို့နယ် ရှုခင်းသာ အနီး၌ ရဲဘောင်းဘီ ဝတ်ဆင် ထားသည့် လူတစ်ဦးက လိုက်လံရောင်းချ နေသည်ဟု သတင်းပေးချက် အရ သွားရောက် စုံစမ်းခဲ့ရာ ပျောက်ဆုံးသွားသည့် ဆိုင်ကယ်နှင့်အတူ ဆိုင်ကယ် ခိုးယူသည် ဆိုသည့် ရဲတပ်သား ကိုပါ ဖမ်းဆီး ရမိခဲ့ကြောင်း သန်လျင် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
"ပျောက်တဲ့ အချိန်က မနက် ၄ နာရီနဲ့ ၅ နာရီကြားလောက် ဖြစ်မယ်။ ၃ နာရီ ၃၀ မိနစ်အထိ ဆိုင်ကယ် ရှိသေးတယ်" ဟု သန်လျင်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ ဆိုင်ကယ် မပျောက်ဆုံးမီ ကာလက အဆိုပါ ရဲစခန်းတွင် မိုဘိုင်းလ်ဖုန်းများ မကြာခဏ ပျောက်ဆုံးကြောင်း၊ ဆိုင်ကယ် ရောင်းချသူဟု ယူဆရသူ ရဲတပ်သားကို ရဲစည်းကမ်းနှင့် အညီ အရေးယူရန် စီစဉ်လျက်ရှိပြီး ဖုန်းများ ပျောက်ခြင်းနှင့် ဆက်စပ်မှုရှိ မရှိကိုပါ ဆက်လက် စစ်ဆေး နေကြောင်း အဆိုပါ အမှုကို စစ်ဆေးသည့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
TheVoice-
No comments:
Post a Comment