နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Sunday, May 12, 2013

မြိုင်ကြီးငူဒေသမှ ဆုတ်ခွာရေး ဒီကေဘီအေအတွက် ခက်ခဲ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY_OCd51p-cP3PSs1_K-tExcNK0LqZE7NAUG65_5aMPQs-DfH61Mrz48VTt14wb_R_qFyjt_69SFJVX8WG-LXdaTCCc5Mbj1w8nF-mYKOXaFDSj0gYBXPA3RXGY__M-l5tB0WeCJEYyq1F/s1600/34710_508045035902806_709859651_n.jpg
ကရင်ပြည်နယ် မြိုင်ကြီးငူဒေသအတွင်း၌ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA) နှင့် နယ်ခြားစောင့် တပ်တို့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နောက်ဒီကေဘီအေတပ်ဖွဲ့အား မြိုင်ကြီးငူဒေသမှ 
ဆုတ် ခွာပေးရန် တောင်းဆိုမှုကို
 
 သဘောတူညီရန်ခက်ခဲကြောင်း ယခု လ ၆ ရက်နေ့က ပြောကြားသည်။
"ကျွန်တော်တို့ကို တကယ်ဆုတ်ခွာ ခိုင်းရင် ခွာစရာနေရာမရှိတော့ဘူး။ ဟိုဘက်ဆိုလည်းထိုင်းနဲ့နီးနေပြီ။ ထိုင်းက လည်း လက်ခံမှာမဟုတ်ဘူး။ မြိုင်ကြီးငူကနေ ထပ်ဆုတ်ရရင် တကယ့်လူမနေ ငှက်မနေတဲ့ နေ ရာရောက်ေ တာ့မယ်" ဟု ဒီကေဘီအေမှ ဗိုလ်မှူးစောဆန်းအောင် က မေလ ၆ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မြ၀တီရှိ ကရင်အမျိုးသားအစည်း အရုံး(KNU) ၏ အခြေစိုက် စခန်း၌ ပြုလုပ်သည့် သတင်း စာ ရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါတောင်းဆိုမှုနှင့် ပတ်သက်၍ မြိုင်ကြီးငူဒေသအတွင်း လက်နက်ကိုင်ဆောင်ကာ နေထိုင်ေ နကြခြင်း သည် မလိုလားအပ်သော ပဋိပက္ခများဖြစ်ပွား ရ၍ ဖြစ်သည်ဟူ၍လည်းကောင်း၊ အစိုးရဘက်မှ မြိုင်ကြီး ငူဒေသအတွင်းေ ရအားလျှပ်စစ်စီမံကိန်းလုပ်ငန်း လုပ် ကိုင်ဆောင်ရွက်ရန်အတွက် တိုင်းရင်း သား လက် နက် ကိုင်များ ထွက်သွားပေး ကြရန်ဟူ၍လည်းကောင်း ပြောဆိုမှုများရှိနေသည်။
"ခမရ (၃၃၈) မှ စစ်ကြောင်းမှူး ဗိုလ်မှူး ထွန်းထွန်းဝင်းမှ မိမိတို့ထံ စာရေးသား ပေးပို့သည်။ ရောပို့နှင့် က လူးေ ထာ စစ် ဆင်ရေးဒေသအတွင်း ဗမာစစ်အစိုးရမှ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်း လုပ်ကိုင်ဆောင် ရွက် ရန် အတွက် ၎င်းဒေသ အတွင်း တရားမ၀င် လက်နက်ကိုင် အဖွဲ့ အစည်းများမနေရန်၊ အဖွဲ့ အစည်း များ ၂-၅-၂၀၁၃ ရက်မှ ၄-၅-၂၀၁၃ ရက် ၁၂ နာရီ နောက်ဆုံးထားပြီး မဲ့ပါနှင့် မယ်ကချောဒေသဘက်သို့ ဆုတ်ခွာပေး ရန်"ဟု မေလ ၂ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်က ၀င်စာကိုပြသခဲ့သည်။
အဆိုပါနေ့ ညနေ ၅ နာရီ ၄၅ မိနစ် အချိန်ကလည်း တပ်ဖွဲ့များအား မြိုင်ကြီး ငူအ၀ ဘေးပတ်လည် တွင် မနေရန်၊ ကျုံပျော်ရေတံခွန်အထက်ဘက် ဝေးဝေး သို့ပြောင်းရွှေ့ရန်၊ တစ်ရက်နှစ်ရက် အတွင်းရွှေ့ ပြောင်းပေး ရန်နှင့် ရွှေ့ ပြောင်း ပြီးပါက နယ်မြေရှင်းလင်းမည် ဖြစ်ကြောင်း တယ်လီဖုန်းဖြင့် အကြောင်း ကြား ခဲ့ သည်ဟု သိရသည်။
မြိုင်ကြီးငူဒေသအား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သော်လည်း ဧပြီလ ၂၇ ရက်နေ့တွင် နယ်ခြားေ စာင့် တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ယခင် ဒီကေဘီအေအဖွဲ့ မှနေ၍ နယ်ခြားေ စာင့်တပ်ဖွဲ့စည်းချိန်တွင် အဆိုပါဘက်သို့ ပြောင်းသွားသူက DKBAအဖွဲ့ဆီ ပြန်လည်ရောက် ရှိလာ ခဲ့ပြီး ဒီကေဘီအေအဖွဲ့မှ လက်နက်ကို ဆွဲယူကာ နယ်ခြားစောင့်တပ်အား ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ် ပွား ခဲ့သည်။
"ပစ်တဲ့လူကို စည်းကမ်းနဲ့အညီ အပ်လိုက်ပြီ။ ကျွန်တော်တို့ဘက်က လူက ပစ်တာလည်းမဟုတ်ဘူး။ ဒါပေမဲ့ အ ခု ဒီကေဘီအေကို မြိုင်ကြီးငူက ထွက်သွားခိုင်းနေတယ်။ မျှတရင်လက်ခံမယ်။ မြိုင်ကြီးငူမှာ ဒီကေ ဘီေ အ မနေရ ဘူးဆို ရင် နယ်ခြားစောင့်တပ် လည်း မနေနဲ့။အဲဒီလိုဆို သဘောတူတယ်" ဟု ဗိုလ်မှူး က ပြော သည်။
The Myanmar Times

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 