နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Thursday, May 30, 2013

ဟိုတယ်၏ မြေအောက်ခန်းရှိမီးခံသေတ္တာအတွင်းမှ ဒေါ်လာနှင့်မြန်မာငွေခိုးယူသူအားဖမ်းဆိးရမိ


၂၃.၅.၂၀၁၃ ရက်နေ့ ညနေပိုင်းတွင် ပုဇွန်တောင်မြို့နယ်၊ ဟိုတယ်တစ်ခု၏ မြေအောက်ခန်းရှိ မီးခံသေတ္တာ အတွင်းမှ အမေရိကန်ဒေါ်လာ ၁၅၂၀ ၊ မြန်မာငွေ ၁၃၈၂၄၅ ကျပ်တို့
ပျောက်ဆုံးနေ၍ ဟိုတယ်ရှိ CCTV မှတ်တမ်းများအရ ညစောင့်ဝန်ထမ်းဖြစ်သူ အောင်ကိုကို၏ မသင်္ကာဖွယ် လှုပ်ရှားမှုများတွေ့ရှိကြောင်း ဟိုတယ်တာဝန်ရှိသူတစ်ဦးမှ ပုဇွန်တောင်မြို့မရဲစခန်းသို့ 



လာရောက်တိုင်တန်းသဖြင့် ပုဇွန်တောင်မြို့မရဲစခန်း (ပ)၁၀၁/၂၀၁၃ ၊ပုဒ်မ ၃၈၁ ဖြင့်အမှုဖွင့်
စုံစမ်းခဲ့ပြီး အဆိုပါမသင်္ကာသူ အောင်ကိုကို(ဘ)ဦးနေ၀င်း
အားအသေးစိတ် စစ်ဆေးခဲ့ရာ ဟိုတယ်မှ ပျောက်ဆုံးသွားသည့်
ဒေါ်လာနှင့်မြန်မာငွေများကိုခိုးယူခဲ့ပြီး ကျောက်တံတားမြို့နယ်၊
မဟာဗန္ဓုလ ပန်းခြံအနီးတွင် လူမြင်မှတ်မိ ကုလားတစ်ဦးထံ
ဒေါ်လာငွေ ၁ ဒေါ်လာလျှင် ၉၁၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ရာ
ငွေကျပ် ၁၃၈၀၀၀၀ိ/- ရရှိခဲ့ကြောင်း၊ အဆိုပါရရှိငွေဖြင့် ရွှေဘုံသာလမ်းရှိရွှေဆိုင်မှ ရွှေချိန် (၁)ကျပ်သား ရွှေတုံးတစ်တုံးဝယ်ယူခဲ့ကြောင်း၊ ကျန်ငွေများကိုသုံးစွဲခဲ့ရာ ငွေကျပ် ၃သိန်းသာကျန်ရှိတော့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ ပုဇွန်တောင်မြို့မရဲစခန်းမှသက်သေခံပစ္စည်း များသိမ်းဆည်းကာ အောင်ကိုကိုအား ဖမ်းဆီးအရေးယူ ထားရှိကြောင်းသတင်းရရှိပါသည်။ 


No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 