နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Friday, May 17, 2013

ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြား

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ပါတီ၏ကနေ ထုတ်ပယ် ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော် မရှင်က အဲဒီပါတီကို ညွှန်ကြားလိုက်ပါတယ်။ အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့်လို့ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။ “သူတို့ ကျနော်တို့ဆီ
နောက်ထပ် ထပ်တိုးတင်လာတဲ့ စာရင်းထဲမှာ ကျနော်တို့နိုင်ငံက အသိ အမှတ်ပြု မထားတဲ့ ရိုဟင်ဂျာဆိုတာ ပါနေလို့လေ။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀ မှာ ဖော်ပြ ထားတာက နိုင်ငံရေးပါတီတခုမှာ နိုင်ငံခြားသား ပါဝင်ခွင့်မရှိလို့ ဖော်ပြထားတယ်။” ဒါ့အပြင် ကော်မရှင်က အဲဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၉ ဦးရဲ့ ကိုယ်ရေး အချက် အလက်တွေကိုလည်း ထပ်ပြီး ပေးပို့ဖို့ ညွှန်ကြားထားလိုက်တယ်လို့ ဦးတင်မောင်ချို က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းကို ဆက်သွယ်မေးရာမှာ ဒီစာကို လက်ခံရရှိတယ်လို့ ဖြေပါတယ်။ “နာမည်တော့ အလွတ်မရဘူး၊ ၆ ယောက်သွားတာမှာ ရိုဟင်ဂျာပြောလို့ သူတို့ကနိုင်ငံသား မဖြစ်နိုင်ဘူးပေါ့၊ ရိုဟင်ဂျာမဟုတ်ဘူးဆိုရင် ရသလောက်လေ့လာရမှာပေါ့လေ။” ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေရဲ့ ကိုယ်ရေး အချက် အလက်တွေပြန် လည်တောင်းခံ လာတဲ့ အပေါ်ကို ဦးကျော်မင်းက အရင်တုန်းက ရိုဟင်ဂျာလို့ တင်ပြခဲ့ပေမယ့် ပြဿနာမရှိခဲ့ဘဲ ခုမှဖြစ် တာလို့ ပြောဆိုပါတယ်။ “ဟိုတုန်းက လျှောက်လွှာတင်စဉ်က ကိုယ်ရေးရာဇ၀င်တွေ ပူးတွဲတင်ခဲ့ရတယ်။ အဲတုန်းကလည်း သူတို့ပြောတဲ့ နာမည်တွေဘာတွေပါတယ်။ အခုနောက်ဆက်တွဲတိုးတဲ့အထဲ အဲလိုပါနေလို့ ကိုယ်ရေး ရာဇ၀င်တွေပြန်တောင်းတယ်။သူတို့မကြိုက်တဲ့ နာမည်မပါရင် လက်ခံမယ့်သဘောရှိတယ်။” နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀(က)အရ ပါတီဝင်စည်းရုံးရာမှာ နိုင်ငံသား၊ ဧည့်နိုင်ငံ သား ၊ နိုင်ငံသားပြုခွင့်ရသူ ဒါမှမဟုတ် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေကိုပဲ စည်းရုံး ခွင့် ရှိတယ်လို့ဖော်ပြထားပါတယ်။ 

DVB
exitzone1

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 