နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Wednesday, July 31, 2013

ရန်ကုန်မြို့၊ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲရန်စီစဉ်


 ရန်ကုန်မြို့ရှိ ကန်တော်မင် ပန်းခြံကို ဦးဥတ္တမ ပန်းခြံ အဖြစ် ပြန်လည် သတ်မှတ် ပြောင်းလဲနိုင်ရေး အတွက် ယဉ်ကျေးမူ ၀န်ကြီးဌာနမှ လိုအပ်သော သမိုင်းဆိုင်ရာ အချက်အလက်များကို စုဆောင်းနေကြောင်း သတင်း ရရှိသည်။

ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ပြီး တစ်ဦးပျောက်ဆုံး


 Wednesday, July 31, 2013

မွန်ပြည်နယ် ဘီးလင်း မြို့နယ်တွင် မြစ်ရေလျှံခြင်းနှင့် တောင်ကျချောင်းရေ များကြောင့် ဆယ်နှစ်အတွင်း စံချိန်တင် ရေကြီးခဲ့သဖြင့် ကျေးရွာ ၂၀ ကျော် နှစ်မြုပ်ခဲ့ပြီး လူတစ်ဦး ပျောက်ဆုံးနေကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက ပြောကြားသည်။

မြန်မာ ရေဘေး ဒုက္ခသည် သုံးသောင်း ကျော် ပြီ



သောင်း ရင်း မြစ် ကမ်း အရှေ့ ဘက် ခြမ်း ထိုင်း နိုင်ငံ ဘက် တွင် ရှိ သည့် မြန်မာ ရွာများသည့် လည်း ရေဘေးဒဏ် ကြောင့် လူနေအိမ် ၊စိုက်ခင်းများ ပါ နစ်မြုပ် လျှက် ရှိသည် ကို ဗုဒ္ဓဟူး နေ့  က ဤ သို့  တွေ့ ရသည်။

Tuesday, July 30, 2013

ATM စက်များကို ခိုးဖောက်နိုင်ကြောင်း ပြသခဲ့သူ ဟက်ကာ သေဆုံး


 လာ့စ်ဗီးဂတ်စ်၊ ဇူလိုင် ၂၈

ATM စက်များကို မည်သို့ ခိုးဖောက်နိုင်ကြောင်း လက်တွေ့ ပြသနိုင်ခဲ့သည့် ဟက်ကာ တစ်ဦးဖြစ်သူ ဘာနာဘီဂျက်သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့ က ကွယ်လွန်သွားကြောင်း Guardian သတင်းတွင် ရေးသား ဖော်ပြ ထားသည်။

မြန်မာ နိုင်ငံတွင် နိုင်ငံခြားသားများ PR စနစ်ဖြင့် နေထိုင် နိုင်စေရန် စီစဉ် ဆောင်ရွက်နေ


 ရန်ကုန် ဇူလိုင် ၂၈

မြန်မာနိုင်ငံတွင် ကာလကြာမြင့်စွာ နေထိုင်လိုကြသော နိုင်ငံခြားသားများနှင့် ပြည်ပသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံ သား ဟောင်းများသည်

PSY စက်တင်ဘာတွင် အယ်လ်ဘမ်အသစ် ထွက်မည်



Gangnam Style သီချင်းနဲ့ ကမ္ဘာတစ်လွှား ကျော်ကြားခဲ့တဲ့ ကိုရီးယား ရက်ပ်တေးသံရှင် PSY ဟာ စက်တင်ဘာ
လမှာ အယ်လ်ဘမ်အသစ် ထွက်မယ်လို့ ကြေညာလိုက်ကြောင်း kpopstarz.com မှာ ဖော်ပြထားပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်တွင် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံအား Clean Coal Technology ဖြင့် လျှပ်စစ် ထုတ်လုပ်သွားမည်



၃၀.၇.၂၀၁၃၊ အင်္ဂါနေ့

ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်တွင် လျှပ်စစ်မီး ရရှိရန် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံအား Clean Coal Technology ဖြင့် လျှပ်စစ်ဓာတ်အား ပေးသွားမည် ဖြစ်ကြောင်း ၂၇ ရက် ထားဝယ် ရေနက်ဆိပ်ကမ်း သတင်းစာ ရှင်းလင်းပွဲတွင် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းလွင်က ပြောကြားသည်။

နာရေးကူညီမှု့ အသင်းဥက္ကဌကိုကျော်သူပြောသော “ကွန်ယက်” ဆိုတာ...ဒါပဲ

 
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် လူမှုရေး၊ နိုင်ငံရေး၊ အဖွဲ့ အစည်းများအား မြန်မာတစ်နိုင်ငံလုံး “ကွန်ယက်တွေဖွဲ့ကြပါ” လို့ တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ သို့ရာတွင် အချို့သော အသင်းအဖွဲ့များသည် “ကွန်ယက်” ဟူသော စကားလုံးအဓိပ္ပာယ်ကို သဘောမပေါက်သည်ပဲ လား နားမလည်၍လားတော့မသိ။ “ကွန်ယက် … ကွန်ယက်” ဟူ၍သာ ပြောဆိုနေပြီး လက်တွေ့ အကောင်အထည် ဖော်ခဲ့ခြင်းများမရှိချေ။ “ချိတ်ဆက်ဆောင်ရွက်ခြင်း” ဆိုသည့်စကားလုံးကို နားမလည် နိုင်စရာ မရှိသလို .. “ကွန်ယက်” ဆိုသည့်စကားလုံးသည်လည်း 

ယခု နောက်တင်သွင်းလာတဲ့ကားများနဲ့ ပတ်သက်ပြီး သတိထားသင့်တာလေးတွေကို အကြံပေးတင်ပြလိုပါတယ်...


 မင်္ဂလာပါ... ကျွန်တော့်အမျိုးများခင်ဗျား... ယခု နောက်တင်သွင်းလာတဲ့ကားများနဲ့ ပတ်သက်ပြီး သတိထားသင့်တာလေးတွေကို အကြံပေးတင်ပြလိုပါတယ်...

အသစ်တင်သွင်းလာသောကားများဟာ EFI,ECU ကားများသာဖြစ်ပြီး...
အာရုံခံSensor များနဲ့ အလုပ်လုပ်ပြီး အင်္ဂျင်ကွန်ထရိုးအားလုံးကို လျှပ်စစ်နဲ့
ထိန်းချုပ်အလုပ်လုပ်တာဖြစ်ပါတယ်...

၃၀-၇-၂၀၁၃ အမှတ် (၂၂၆)ယာဉ်လိုင်းမှ တိုက်ပြီးအငှားယာဉ်နှင့် ချိတ်ပါကာ အမည်မသိအမျိုးသား သေဆုံး


 ရန်ကုန်၊ ဇူလိုင် ၃၀

၂၉.၇.၂၀၁၃ ရက်နေ့ ၁၉၀၅ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ ကမ်းနားလမ်းအတိုင်း၊ လသာမြို့နယ်ဘက်မှ ပန်းဘဲတန်းမြို့နယ်
ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော အမှတ်(၂၂၆)
ယာဉ်လိုင်းမှ ၇ခ/---- FUSO အမျိုးအစားခရီးသည်တင်ယာဉ်သည် ၂၇လမ်းနှင့် ကုန်ဈေးတန်းလမ်းကြားအရောက်


Sunday, July 28, 2013

လိင်တူချစ်သူတွေ အရှက်ခွဲခံရမှု လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြား

 
မန္တလေးမြို့မှာ လိင်တူချစ်သူတွေကို ရဲကဖမ်းဆီးခဲ့ပြီး ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်တာကြောင့် လိင်တူချစ်သူ ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဒီနေ့ လာရောက်တိုင်ကြားခဲ့ကြပါတယ်။

ရွှေပြည်သာမြို့နယ်တွင် ညလုံးပေါက်ဖွင့်ထားသည့် ပန်ကာမှအပူရှိန် လွန်ကဲ၍ မီးလောင်မှု ကြောင့် မိသားစု(၇) ဦးဒဏ်ရာရ


 
ရန်ကုန်၊ ဇူလိုင် ၂၈

၂၈.၇.၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ အမှတ်(၈၂၂) နေ
ဦးဝေလွင်၊ (၅၈)နှစ်၊(ဘ)ဦးကြည်မြင့် ၏နေအိမ်တွင် ညလုံးပေါက်ဖွင့်ထားသော စားပွဲတင်ပန်ကာပုမှအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ဦးဝင်းထွန်းအောင်၏မိသားစု အိပ်နေသော
ခြင်ထောင်နှင့် အနီးတွင်ထားရှိသော ရေသန့်ဗူး ဖြင့်ထည့်ထားသည့် ဓါတ်ဆီဗူးအား ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့၍ ရပ်ကွက်နေပြည်သူများမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ၀၆၀၅ အချိန် တွင်မီးငြိမ်းသွားခဲ့ပြီး တာဝန်ရှိသူများရောက်ရှိ စစ်ဆေးခဲ့ပါသည်။

၂၈-၇-၂၀၁၃ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံများ



“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ 

တစ်နာရီကြာ
 အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

Saturday, July 27, 2013

ထားဝယ်- ရေးကားလမ်းတွင်ခရီးသည်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ


 
်ထားဝယ်-ဇူလိုင်၂၇
ဇူလိုင်၂၆ရက်နေ့နံနက်ပိုင်းက ပြည်ထောင်စုလမ်းမကြီး၏
အစိတ်အပိုင်းဖြစ်သော

 ထားဝယ်-ရေးကားလမ်းပိုင်း
ကလိန်အောင်မြို့နယ်ခွဲအလွန်တွင် ရန်ကုန်မှထားဝယ်သို


မြစ်ဆုံဒေသအရေး မက်ဆေးဆေး ဆုငွေ ဒေါ်လာ ၅ သောင်းဖြင့် ကူညီမည်




ဖနိဒါ | သောကြာနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၃ ခုနှစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ရာမွန် မက်ဆေးဆေး ဆုရှင် ဒေါ်လဖိုင်ဆိုင်းရော်က မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့်
ပြောင်းရွှေ့ခံရသူ ဒေသခံများအတွက် ကူညီမည်ဆို၍ ဝမ်းသာကြိုဆိုကြောင်း အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမုန့်လုံး က ပြောသည်။

၂၇-၇-၂၀၁၃ ထိုင်းနိုင်ငံတွင် စတန့်ပြကွက် ပြသနေစဉ် အတွင်း စတန့်ပြသူ၏ ဦးခေါင်းကို မိကျောင်းကိုက်

ထိုင်းနိုင်ငံတွင် စတန့်ပြကွက် ပြသနေစဉ် အတွင်း စတန့်ပြသူ၏ ဦးခေါင်းကို မိကျောင်းကိုက်
ဗန်ကောက်  ဇူလိုင်  ၂၆
ထိုင်းနိုင်ငံ ဆူမက်ပရာကန်မြို့ တွင် လွန်ခဲ့သည့် သီတင်းပတ် အကုန်က မိကျောင်း စတန့်ပြကွက် ပြသနေစဉ် အတွင်း မိကျောင်းတစ်ကောင်သည် ၎င်းအား လေ့ကျင့်ပေး
သူ၏ ဦးခေါင်းကို ကိုက်ခဲ့ကြောင်း သိရသည်။ မိကျောင်းကိုက်ခံရသည့် အသက် ၂၇ နှစ်အရွယ်ရှိ ပရာပစ် ဆူမီးဆိုသူသည်  လွန်ခဲ့သည့် ရှစ်နှစ်ကတည်းက မိကျောင်း၏ ပါးစပ်အတွင်း ၎င်း၏ခေါင်းကိုထည့် ၍ 

တရုတ်သို့ တင်ပို့မည့် ခွေးများအား တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ခွေးချစ်သူများမှ ၀ယ်ယူ၍ ဘေးမဲ့လွှတ်ရန်စီစဉ်


 
၂၇.၇.၂၀၁၃၊ စနေနေ့


တရုတ်ပြည်သို့ မန္တလေးမြို့နှင့် အနီးဝန်းကျင် မြို့များရှိ ခွေးလေခွေးလွင့်များကို ဖမ်းဆီးစုဆောင်း၍ တင်ပို့ရောင်းချရန် သိုလှောင်ထားသော ခွေးဂိုဒေါင်မှ ခွေးများကို မန္တလေးမြို့မှ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ရန်ကုန်မြို့ ခွေးချစ်သူများမှ ၀ယ်ယူကာ ဘေးမဲ့လွှတ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အမေရိကန်တွင်သာ ရှိသော ကိုယ်ပျောက် တိုက်လေယာဉ် (Stealth Boomber)


 Stealth Boomber လို့ခေါ်တဲ့ The Northrop Grumman B-2 Spirit ဟာ ကမ္ဘာမှာ အမေရိကန်နိုင်ငံတွင်သာ ရှိတဲ့ ကိုယ်ပျောက် တိုက်လေယာဥ ပါ။ Stealth Aircraft ချင်းအတူတူ ကမ္ဘာ့နိုင်ငံတိုင်းက ထုတ်ပေမယ့် Stealth Boomber မှာ ထူးခြားချက် များစွာ ရှိပါတယ်။

Wednesday, July 24, 2013

ကိုးနှစ်သမီးကို အဓမ္မကျင့်ကာ နားကပ် ဖြုတ်သူကို ဖမ်းမိ

 
ဒိုက်ဦး ၊ ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီး ကျေးရွာတွင် ဇူလိုင်လ ၂၂ရက် နံနက် ၁၀နာရီ မိနစ် ၃၀ခန့်က အသက် ၉ နှစ် အရွယ် မိန်းကလေးငယ် ဈေးဝယ်ပြီး အပြန်တွင် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့် ခဲ့ရာ ညနေ့ ၃ နာရီခွဲတွင် ယင်းသို့ ပြုလုပ်သည်ဟု စွပ်စွဲခံရသူကို ဖမ်းမိ ခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ သိရှိရသည်။

အင်တာနက် တစ်လနှေးမည်

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-frc1/995453_606013912752205_70284920_n.jpg

ရန်ကုန်၊ ဇူလိုင် ၂၃

မြန်မာနိုင်ငံ၏ အင်တာနက် ဆက်သွယ်ရေး ပင်မလမ်းကြောင်း တစ်ခုဖြစ်သည့် ပင်လယ်ရေအောက် ဖိုင်ဘာ ကေဘယ် SE-ME-WE 3 အင်တာနက် ဆက်ကြောင်း ချို့ယွင်းမှုကြောင့် အင်တာနက် အမြန်နှုန်းများ တစ်လခန့် နှေးကွေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

Tuesday, July 23, 2013

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ခေတ်မီလက်နက် ပစ္စည်းများ၊ စစ်ဆေးရေး ကိရိယာများနှင့် မိုင်းရှင်းလင်းရေးတွင် အသုံးပြုသည့် စက်ပစ္စည်းများ ၀ယ်ယူရန် နိုင်ငံတကာသို့ တင်ဒါခေါ်ယူရန် စီစဉ်

police-july24
၆၆ နှစ်မြောက် အာဇာနည်နေ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-၀င်းမြင့်ကျော်)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ခေတ်မီလက်နက် ပစ္စည်းများ၊ စစ်ဆေးရေး ကိရိယာများနှင့် မိုင်းရှင်းလင်းရေးတွင် အသုံးပြုသည့် စက်ပစ္စည်းများကို ၀ယ်ယူရန် နိုင်ငံတကာသို့ တင်ဒါခေါ်ယူသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

တွံတေးမြို့နယ်၌ အမျိုးသမီး ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်စဉ်တွင် ကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိ

murderer-july24

အလောင်းတွေ့ရှိခဲ့သည့် အခင်းဖြစ်ပွားရာ ကွမ်းခြံနေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
တွံတေးမြို့နယ်၊ ကြည်တန်းကျေးရွာတွင် ဇူလိုင် ၁၅ ရက်က ဖြစ်ပွားခဲ့သည့် အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်၍ ဦးခေါင်းကို ရေမြောင်းထဲတွင် မြှုပ်နှံခဲ့သည့် ဖြစ်စဉ်တွင် ကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်တွင် တွံတေးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တရုတ်စစ်ကော်မရှင်အဖွဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ


 တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းဟာ ဒီကနေ့ နေပြည်တော်မှာ မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဗြိတိန်နိုင်ငံရဲ့ မင်သားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့၏ တော်ဝင်ရင်သွေး


 
လန်ဒန် ၂၃

ဗြိတိန်နိုင်ငံရဲ့ မင်သားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့၏ တော်ဝင်ရင်သွေး သားတော်လေးကို ဇူလိုင်လ ၂၂ ရက်၊ ဗြိတိန်စံတော်ချိန် ညနေ ၄ နာရီ ၂၄ မိနစ်ကမွေးဖွားခဲ့ပြီး ၈ ပေါင် ၆ အောင်စရှိတယ်လို့ သိရပါတယ်။ တော်ဝင်စုံတွဲ ဝီလျံနှင့်ကိတ်မှ သားတော်လေးမွေးဖွားခဲ့တဲ့အတွက် ဗြိတိန်နိုင်ငံသားတွေဟာ ကိတ်မွေးဖွားရာ လန်ဒန်ရှိ စိန့်မေရီဆေးရုံရှေ့မှာ အထူးစည်ကားပျော်ပါးခဲ့ကြပြီး ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းမှာတော့ ၎င်းတို့တော်ဝင်ရင်သွေးလေးကို ဆေးရုံရှေ့မှာစောင့်နေတဲ့ မီဒီယာများနှင့် ပရိသတ်များကို ပြသခဲ့ပါတယ်။
Photo - AFP/ Getty Images
Popular Myanmar News Journal
 

စာရွက်ပေါ်မှာ ဘောင်ကြီး ကွပ်ထားတာ မြင်ရဲ့သားနဲ့....




 

Saturday, July 20, 2013

၂၀-၇-၂၀၁၃ သန်လျင်မြို့နယ်တွင် လူသတ်မှုဖြစ်


 
၁၉.၇.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ ကိုချစ်ဦးမောင်သည် ယာဉ်နောက်လိုက်အဖြစ်အလုပ် လုပ်ကိုင်ပြီးနေအိမ်သို့ ပြန်လာစဉ် အိမ်နီးချင်းဖြစ်သူ မစန်းသီတာမှ ဇနီးဖြစ်သူမဥမ္မာဝင်း၏ ပထမအိမ်ထောင်အမျိုးသားဖြစ်သူ ရောက်ရှိနေကြောင်း


၂၀-၇-၂၀၁၃ အဆိုတော်ဆိုတေးနောက်ဆက်တွဲသတင်း



အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီးအဖြစ် လက်မခံဘူး ဆိုရင် ခိုင်လုံတဲ့သက်သေအထောက်အထားများအရ တရားစွဲဆိုသွားမည်ဟု မချိုချိုမှ မြန်မာနိုင်ငံသတင်းထောက်များကွန်ရက်ရုံးခန်းတွင် ၂၀-၇-၂၀၁၃ နေ့လယ် ၁၁ နာရီတွင် စာနယ်ဇင်းရှင်းလင်းပွဲကျင်း

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ည ဖိုးချစ်ဇာတ်အဖွဲ့နဲ့အတူ 

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် လက်နက် ကိုင်ဆောင်လာသူအား စစ်ဆေးတွေ့ရှိအရေးယူ



ရန်ကုန်၊ ဇူလိုင် ၁၉

၁၉.၇.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ရွေတိဂုံစေတီတော်
တောင်ဘက်မုခ် အလယ်ပစ္စယံစောင်းတန်းတွင် လုံခြုံရေးဝန်ထမ်း ဦးအေးကြည်နှင့် ကိုရဲရင့်အောင်တို့မှ မသင်္ကာတွေ့ ရှိသူ

Monday, July 15, 2013

၁၆-၇-၂၀၁၃ "မလေးရှားရောက်မြန်မာနိုင်ငံသားတွေပြန်ခေါ်ဖို့ ဒေါ်လာနှစ်သိန်းလိုအပ်နေ"



မလေးရှားနိုင်ငံ အကျဉ်းထောင်တွေထဲမှာ လူဝင်မှုကြီးကြပ်ရေး အမှုတွေနဲ့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား လေးထောင်ကျော်ကို သီတဂူ ဆရာတော် အရှင်ဥာဏိဿရ ရဲ့ အစီအစဉ်နဲ့ ဇူလိုင်လ ၁၆ ရက် ဒီကနေ့ကစပြီး မြန်မာပြည်ကို ပြန်လည်ခေါ်ယူနေပြီဖြစ်ပါတယ်

၁၆-၇-၂၀၁၃ ဆိုင်ကယ်ထိုင်ခုံအောက် ငွေထည့်တတ်သူများ သတိရှိရန်လို တရုပ်ဆိုင်ကယ်(ခုံရှည်)ပိုင်ရှင်များ အထူးသိစေအပ်ပါသည်


 မြန်မာပြည်တစ်ဝှမ်း အသုံြး့ပုစီးနင်းလျှက်ရှိသော တရုပ်ဆိုင်ကယ် ခုံရှည်အမျိုးအစား၏ ၀မ်းဗိုက်(toolbox) အတွင်းငွေစက္ကူ နှင့် အဖိုးတန်ပစ္စည်းများ ထည့်သိမ်းသော့ခတ်ခြင်းမှာ လုံခြုံစိတ်ချရမှု မရှိကြောင်း သိရသည်။

၁၅-၇-၂၀၁၃ ရှမ်းပြည်နယ်က လက်နက်ကိုင်တပ်ဖွဲ့ တခုကို တင်ပိုမယ့် လက်နက်မျိုးစုံ ကျဉ်ဆံ ၁ သိန်းကျော်နဲ့ ဝေဟင်ပစ်ဒုံးကျဉ်တွေ ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ခွန်ဘသာ သတင်းပေးပို့ ထားသောဗွီဒီယိုဖိုင်

၁၅-၇-၂၀၁၃ မြန်မာနိုင်ငံ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးဆောင်ရွက်စေနိုင်မည့် စစ်သင်တန်းများနှင့် ထောက်ပံ့ကူညီများ ပေးအပ်ရန် ဗြိတိန်ကမ်းလှမ်းမည်


 
၁၅.၇.၂၀၁၃၊ တနင်္လာနေ့

နိုင်ငံတော်သမ္မတကြီး ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေဒဗစ်ကင်မရွန်းနဲ့ တွေ့ဆုံ တဲ့အခါမှာ မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခတွေ ဖြေရှင်းဆောင်ရွက်ရမှာ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ၊ စစ်ရေးဆိုင်ရာသင်တန်းတွေ ပေးအပ်ဖို့ ကမ်းလှမ်းသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

၁၅-၇-၂၀၁၃ သက္ကယ်ချောင်းတံတား တစ်ပတ်မပြည့်မီ ချဉ်းကပ်လမ်းများ ကွဲအက်ကာ မြေသားနိမ့်ကျ


 ပုသိမ်မြို့နှင့် ငပုတောမြို့သို့ ဆက်သွယ်ထားသည့် သက္ကယ်ချောင်း မြစ်ကူး
တံတားအား လွန်ခဲ့သည့် ဇူလိုင် ၇ ရက်က အများပြည်သူများ သွားလာနိုင်
ရန် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ရက်သတ္တပတ် မပြည့်မီတွင် တံတား၏ ချဉ်းကပ်လမ်း လမ်းလယ်မှနေ၍ ကွဲအက်မှုများ စတင်ဖြစ်ပေါ်လာပြီး လမ်းတစ်ခြမ်း နိမ့်ကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၁၅-၇-၂၀၁၃ ဘင်္ဂလားဒေ့ရှ် အရှေ့ တောင်ပိုင်းတွင် စစ်ဘက် လေယာဉ်တစ်စင်း လေ့ကျင့်မှု ပြုလုပ်စဉ် ပျက်ကျ

ဘင်္ဂလားဒေ့ရှ် အရှေ့ တောင်ပိုင်းတွင် စစ်ဘက် လေယာဉ်တစ်စင်း လေ့ကျင့်မှု ပြုလုပ်စဉ် ပျက်ကျ
ဒါကာ    ဇူလိုင်    ၁၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ပြည်နယ် ပါရှားဒေသ အရှေ့တောင်ပိုင်း တွင် စစ်ဘက် လေယာဉ် တစ်စင်းမှာ လေ့ကျင့်မှုပြုလုပ်စဉ် ဇူလိုင် ၁၄ ရက် ညနေပိုင်း က ပျက်ကျခဲ့ကြောင်း သိရသည်။

Sunday, July 14, 2013

၁၄-၇-၂၀၁၃ ကြိုးကြိုးစားစား မဟာရန်ကုန်တစ်နေရာမှဂွင်ဖန်နေတဲ့ ယာဉ်ထိန်းရဲများ

ွှအွန်လိုင်းမှ

၁၄-၇-၂၀၁၃ မြန်မာနိုင်ငံ အတွင်းရှိ ကျွဲ၊ နွားများ ကုန်သလောက်ဖြစ်နေကြောင်း ၀န်ကြီးချုပ်များက တင်ပြ



မြန်မာနိုင်ငံ အတွင်းရှိ ကျွဲ၊ နွားများ ကုန်သလောက်ဖြစ်နေကြောင်း ၀န်ကြီးချုပ်များမှ သမ္မတနှင့် တွေ့ဆုံစဉ် တင်ပြခဲ့သည်ဟု နိုင်ငံတော်
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားခဲ့သည်။

၁၄-၇-၂၀၁၃ မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင်ပြောကြား

 
နေ့ စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့် ဥပဒေနှင့်ပတ်သက်၇်ျ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။
အမျိုးသားကဇာတ် ရုံတွင်ပြုကျင်းပပြုလုပ်မည့် Aroma Zulu Wedding Show တွင်ပါဝင် ရှိုး လျှောက် ရန်ပြင်ဆင်နေစဉ် 


၁၄-၇-၂၀၁၃ လူထုလက်မခံတဲ့ ယူရေနီယံ သန့်စင်စီမံကိန်း တရုတ်အစိုးရဖျက်သိမ်း


 တရုတ်နိုင်ငံမှာ ယူရေနီယံသတ္ထုသန့်စင်တဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စကို လူထုရာနဲ့ချီပြီး ကန့်ကွက်လို့ အစိုးရက အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါ တယ်။ တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း CNNC ရဲ့ ဒေါ်လာ သန်း ၆ ထောင်တန် စီမံကိန်းကို ရပ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတောင်ပိုင်းက Guangdong ပြည်နယ် Heshan မြို့တော်ဝန် က သူတို့မြို့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ကြေညာထားပါတယ်။

၁၃-၇-၂၀၁၃ မြန်မာယဉ်ထိမ်းရဲ ဂမ်းနားစတိုင်လ်(သရုပ်ဆောင်သတင်းဗွီဒီယို)

ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်း အောင် ပြုလုပ်ခဲ့သူများအား အရေးယူ ရန်ကုန်၊ ဇူလိုင် ၁၃ ၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ရဲမှူးသာဌေး၊ အမှတ်(၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် facebook တွင် ယာဉ်ထိန်းရဲ၏ ကကွက်ဆန်းခေါင်းစဉ်ဖြင့် ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံမီးပွိုင့်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်၍ လမ်းလယ်တွင် ယာဉ်ထိန်းရဲလမ်းရှင်းအချက်ပြနေပုံအား ဒန်ဆာအကဖြင့် သရုပ်ပျက်ကခုန် လက်ပြနေသည် ကိုတွေ့ရှိရသဖြင့်စုံစမ်းရာ အဆိုပါသူမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်းဆိုသူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာမင်(စီ) ကြော်ငြာအတွက် ဒါရိုက်တာဇော်ကိုကိုမှ စီစဉ်ရိုက်ကူးကြောင်း၊ သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင်ရိုက်ကူးခဲ့သည့်ယာဉ်ထိန်း ရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ ချုပ်လုပ်ဝယ်ယူခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံအားခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်းအောင် ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

Saturday, July 13, 2013

၁၄-၇-၂၀၁၃ ဒီလူတွေမလေးရှားလာသွားသည်။ရည်ရွယ်ချက်ဘာရယ်မသိ

 

မလေးရှားနိုင်ငံသို့ ဆရာမ ဒေါ်သန်းမြင့်အောင် ကိုမင်းကိုနိုင် ကိုဂျင်မီ တို့ရောက်ရှိလာ

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှကြီးမှူး ကျင်းပသော အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲအတွက် (ရန်ကုန်) နာရေးကူညီမှုအသင်း ဒု-ဥက္ကဌ
စာရေးဆရာမ သန်းမြင့်အောင် နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင် ၊ ကိုဂျင်မီ နှင့် အဖွဲ့များသည် မလေးရှားနိုင်ငံကို ယနေ့နေ့လည် ၁၂း၃၀ မီနစ်အချိန်တွင် 

Wednesday, July 10, 2013

အိန္ဒိယနိုင်ငံ ရေပိုင်နက်ထဲကို ဝင်ရောက်ကျူးကျော် ငါးဖမ်းမူနဲ့ ရေလုပ်သား ၁၂၃ ယောက် ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိ

 
အိန္ဒိယနိုင်ငံ ရေပိုင်နက်ထဲကို ဝင်ရောက်ကျူးကျော် ငါးဖမ်းမူနဲ့ အိန္ဒိယ အကျဉ်းထောင်ထဲမှာနှစ် အတော်ကြာနေခဲ့ရတဲ့ မြန်မာနိုင်ငံသား ရေလုပ်သား ၁၂၃ ယောက် ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ကလေးကွပ်ကဲမှ ညွှန်ကြားချက်အရ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြား ၊ ဆူဒိုအက်ဖီဒရင်းအဖြူရောင် ဆေးပြား ၆၀၀ ပြား၊ ICE ၂ ဂရမ်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှု


နေပြည်တော်၊ ဇူလိုင် ၁၀
၂၈-၆-၂၀၁၃ ရက်နေ့တွင် ကလေးကွပ်ကဲ၏ ကွင်းဆက်ဖော်ထုတ်ညွှန်ကြားချက်အရ လားရှိုး(မူးယစ်) ကြီးကြပ်သူ ဒုရဲမှူး ရဲနိုင်နှင့် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး မောင်ဖုန်း၊ လားရှိုးမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်မျိုးသွင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည်


Friday, July 5, 2013

ဒလ မြေဈေးကွက် နှင့် တရုတ်တန်းက ဖဲသုံးချပ်သမားများ



ဒလမြို့ ကို တံတားဆောက်ဖို့  အသံတွေ ထွက်လာတာနဲ့ တပြိုင်နက်ထဲမှာပဲ လယ်ကွက်တွေတောင် သိန်းထောင်ချီ
 အရောင်းအ၀ယ်ဖြစ်ကုန်ကြတယ်ဆိုတော့ တော်တော်
 ကြောက်စရာကောင်းအောင်ဈေးတက်သွားပါလားထို့ ထင်မိတယ် ။
 တကယ့် အဖြစ်မှန်က ဒီလိုပါ...

ငွေကြေးများဖေါသီစွာသုံးစွဲနေသူဆေးသုတ်သမားအား မသင်္ကာစစ်ဆေးရာမှ သိန်းနှစ်ရာကျော်ခိုး မှုပေါ်ပေါက်


 Friday, 05 July 2013

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် ခိုးမှုများနှင့်ပတ်သက်၍ သတင်းစုံစမ်းခဲ့ရာ မင်္ဂလာဒုံမြို့နယ် ၊ ပေါက်ကုန်း ရပ်ကွက် နေချစ်ဦး၊ ၂၆ နှစ်၊ (ဘ)ဦးမောင်ချစ် သည်တစ်နေ့လျင် ငွေကျပ် ၃၀၀၀ခန့်ရ ရှိသော ဆေး သုတ် သည့် ကျပန်း အလုပ်ကိုလုပ်ကိုင်နေရာမှ ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ဘဲ စားသောက်ဆိုင်များတွင် 


ဥက္ကံဆင်ရိုင်းများ စပါး ဧက ၅၀ကျော် ဖျက်ဆီး

ဥက္ကံ၊ ဇူလိုင် ၎

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ရှိ ချောင်းစောက်ကျေးရွာ အုပ်စု၊ ရေအိုးစင်ကျေးရွာ အုပ်စုရှိ ရွာရှစ်ရွာတွင် ဆင်ရိုင်းများ ဝင်ရောက်သဖြင့် စပါးခင်း ဧက ၅၀ကျော် ပျက်စီးသွားကြောင်း ရေအိုးစင်ကျေးရွာမှ ဦးစန်းဦးက ပြောကြားသည်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ရင်းနှီးမြှုပ်နှံမှု တရုတ်မစိုးရိမ်


အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေက ကုမ္ပဏီတွ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံနေကြတာကို တရုတ်ကုမ္ပဏီတွေအနေနဲ့ စိုးရိမ်ပူပန်မှု တစုံတရာမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး သံမှူး Mr Jin Honggen က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လုပ်ငန်းရှင်ကြီး ဦးဇော်ဇော် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ဖွယ်ရှိ


 
လုပ်ငန်းရှင်ကြီး ဦးဇော်ဇော် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ဖွယ်ရှိ
ထောက်လှမ်းရေးသတင်း

လုပ်ငန်းရှင်ကြီး ဦးဇော်ဇော်သည် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ဖွယ်ရှိကြောင်း နေပြည်တော် သတင်းရပ်ကွက်တစ်ခုထံမှ သိရှိရသည်။
NLD ဝါရင့်ခေါင်းဆောင် ဦးဝင်းတင်ကလည်း စစ်ဗိုလ်ချုပ်များနှင့်နီးစပ်သည့်လုပ်ငန်းရှင်များထဲတွင် ဦးဇော်ဇော်က အကောင်းဆုံးဖြစ်သည်ဟု မကြာသေးခင်က ပြောဆိုခဲ့ဖူးသည်။

ယခုအခါ ဦးဇော်ဇော်သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌတာဝန်ယူထားသည်။

ဦးဇော်ဇော်၏မိတ်ဆွေတစ်ဦး၏ အဆိုအရ ဦးဇော်ဇော်သည် မီဒီယာလုပ်ငန်းကိုလည်း စိတ်ဝင်စားနေကြောင်း၊ နေ့စဉ်သတင်းစာတစ်စောင် ထုတ်ဝေရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 