နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Friday, May 17, 2013

မူစယ်မြို့ သစ်တောရုံးတွင် ဗုံးကွဲ ၊ လူတစ်ဦးသေဆုံး

ဗုံးထောင်ရင်း လက်ထဲမှာတင် ဗုံးပေါက်ကွဲလို့သေဆုံးသွားသူ
 
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ သစ်တောဦးစီးဋ္ဌာနရုံး၌ ယမန်နေ့ညပိုင်း ၉ နာရီကျော်ခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လူတစ်ဦး သေဆုံးသွားကြောင်း သိရသည် ။
ဗုံးထောင်ရင်း လက်ထဲမှာတင် ဗုံးပေါက်ကွဲလို့သေဆုံးသွားသူ
ဗုံးထောင်သူ၏ လက်အတွင်း ပေါက်ကွဲခဲ့ကာ ၄င်းဗုံးထောင်သူကိုယ်တိုင် သေဆုံးခြင်း ဖြစ်ကြောင်း မူစယ်မြို့ အာဏာပိုင် သတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသည် ။

“မြို့တော်ခန်းမမှာ မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးလည်းတွေ့တယ် ၊ သစ်တောရုံးမှာကျတော့ ဗုံးထောင်တဲ့ သူကိုယ်တိုင် သူ့လက်ထဲ ပေါက်ကွဲပြီးသေသွားတာပေါ့နော် တခြားထိခိုက်ဒဏ်ရာရသူမရှိပါဘူး ” ဟု မူစယ် အာဏာပိုင်နှင့် နီးစပ်သူ တစ် ဦးက ဆိုသည် ။
ယခုလ ၁၃ ရက်နေ့ ညပိုင်းကလည်း မူစယ်ခရိုင် နမ့်ခမ်းမြို့၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲ ၂ ဦးနှင့် အရပ်သား တစ်ဦး သေဆုံးကာ လူ ၃ ဦးခန့် ဒဏ်ရာရခဲ့သည် ။
အဆိုပါ နမ့်ခမ်းမြို့ပစ်ခတ်မှုအပေါ် အစိုးရအာဘော် သတင်းစာက RCSS / SSA အမှတ် 701 ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲ ရေးသားထားပြီး RCSS / SSA က ၄င်းတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုလိုက်သည် ။

သျှမ်းသံတော်ဆင့်သတင်း  
exitzone1

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 