နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Tuesday, May 21, 2013

မြန်မာပြည်ဒေသအသီးသီးမှပြစ်မှု့ ဆိုင်ရာများသတင်းဖတ်ရန်

ဖောက်ထွင်းဝိဇ္ဇာ ရှိုးဂန်းအား တရားရုံးများမှ စတင်အပြစ်ချခြင်း

Photo: ဖောက်ထွင်းဝိဇ္ဇာ ရှိုးဂန်းအား တရားရုံးများမှ စတင်အပြစ်ချခြင်း

ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း ဖောက်ထွင်းမှု၊ ခိုးမှု (၂၆)မှုဖြင့် အရေးယူတရားစွဲတင်ပို့ ထားသော တရားခံရှိုးဂန်း (ခ) စံလင်းအောင် (ခ) ဟာမစ် (၂၇)နှစ်၊ (ဘ) ဦးအုန်းမြင့် မင်္ဂလာ တောင်ညွှန့် မြို့နယ်နေသူနှင့် ပြစ်မှုကျူးလွန်စဉ် ၄င်းနှင့်အတူပါဝင်သူ ကျော်ဇေယျာလင်း (ခ) ဖိုးကျော်၊ (၂၇)နှစ်၊ (ဘ) ဦးဝေလင်း၊ စော်ဘွားကြီးကုန်း၊ အင်းစိန်မြို့နယ်နေသူတို့အား ပုဇွန်တောင်မြို့နယ်တရားရုံးမှ ၁၀.၅.၂၀၁၃ ရက်နေ့တွင် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပါသည်။ တရားခံရှိုးဂန်း (ခ) စံလင်းအောင် (ခ) ဟာမစ်အား  ပုဇွန်တောင်ရဲစခန်း (ပ) ၂၂၃/၂၀၁၁ ပုဒ်မ ၄၅၄/၃၈၀ အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊ ပုဇွန်တောင်ရဲစခန်း (ပ)  ၃၂၉ /၂၀၁၂ ပုဒ်မ ၄၅၄/၃၈၀ အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် ပုဇွန်တောင်ရဲစခန်း (ပ) ၃၄၈/၂၀၁၂ ပုဒ်မ ၄၅၄/၃၈၀ အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့၍ စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တရားခံ ကျော်ဇေယျာလင်း (ခ) ဖိုးကျော်အား အဆိုပါအမှုများဖြင့် အလုပ်နှင့် ထောင်ဒဏ် စုစုပေါင်း (၆) နှစ် ကျခံစေရန် အသီးသီးအမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 လှိုင်သာယာ ကြိုးကြာဖြူ အထည်ချုပ် စက်ရုံတွင် ဖြစ်ပွားသော
လူသတ်မှုမှ တရားခံဖမ်းမိ

Photo: လှိုင်သာယာ ကြိုးကြာဖြူ အထည်ချုပ် စက်ရုံတွင်  ဖြစ်ပွားသော
လူသတ်မှုမှ  တရားခံဖမ်းမိ

၁၆.၅.၂၀၁၃  ရက်နေ့ (၁၆၃၀)အချိန် လှိုင်သာယာစက်မှုဇုန်(၁)၊ ကြိုးကြာဖြူ အထည်စက်ရုံ တွင် ဖြစ်ပွားသော စက်ရုံလုပ်သား သက်ပိုင်လင်း(ခ)လင်းလင်း နှင့် အလုပ်အဖွဲ့ခေါင်းဆောင် တေဇာကျော်တို့ အချင်းချင်း စကားများလုံးထွေးသတ်ပုတ်ကြစဉ် သက်ပိုင်လင်းမှာ လဲကျသတိမေ့ သဖြင့် လှိုင်သာယာဆေးရုံသို့ ပို့စဉ် သေဆုံးသွားသည့်အမှုတွင်  ထွက်ပြေးတိမ်းရှောင်နေသော တရားခံ တေဇာကျော်အား  ၁၇.၅.၂၀၁၃  ရက်နေ့  ၁၈၀၅ အချိန် လှိုင်သာယာ ဒဂုံဧရာအဝေး ပြေးဝင်းတွင်  ဧရာဝတီတိုင်း၊ လေးမျက်နှာသို့  ပြေးရန်ကြံစည်နေစဉ်  ဖမ်းဆီးရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် သန်းဇော်ထိုက် (အကူ ၂ ဌာနခွဲ)၊ ဒုရဲအုပ် ထွန်းလှိုင် (ခရရမှုခင်းနှိမ်နင်းရေး)၊ အရာခံ စိုးနိုင် (လှိုင်သာယာရဲစခန်း)အဖွဲ့မှ  ဖမ်းဆီးရမိခဲ့ပါသည်။

(၄၃)ဒိုင်နာအဖြူယာဉ်ပေါ်တွင် ခါးပိုက်နှိုက်သူအား ဖမ်းဆီးရမိ
 Photo: (၄၃)ဒိုင်နာအဖြူယာဉ်ပေါ်တွင်  ခါးပိုက်နှိုက်သူအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏  ညွှန်ကြားချက်နှင့်အညီ  ခါးပိုက်နှိုက်မှုများ  လျော့နည်း  ကျဆင်းရေးအတွက် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ  ရဲအုပ် မြင့်မော်နှင့်အဖွဲ့သည်  ယာဉ်လိုင်းများ ပေါ်တွင်  အသွင်ယူလိုက်ပါဆောင်ရွက်ခြင်း၊ ကားမှတ်တိုင်များတွင်  အသွင်ယူစောင့်ကြည့်ခြင်းများ  ဆောင်ရွက်လျက်ရှိရာမှ  ၁၇.၅.၂၀၁၃ ရက်နေ့  နံနက်  (၀၄၁၀)အချိန်တွင်  မြောက်ဥက္ကလာပ မြို့နယ်၊ (၂)ဈေးမှတ်တိုင်တွင်  မထသ (၄၃)အဖြူ  ဒိုင်နာယာဉ်ပေါ်မှဆင်းလာသော  ခါးပှိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူ  မောင်ဇော်(ခ)မီးစက်မောင်မောင်၊ (၄၄)နှစ်၊ (ဘ)ဦးကျော်ဝင်း၊  စက်ဆန်း ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နှင့်  အောင်မင်းခိုင်(ခ)ကုလား၊ (၃၀)နှစ်၊ (ဘ)ဦးဝင်းထိန်၊ ၅ ရပ်ကွက်၊ မရမ်းကုန်းနေသူတို့အား  စစ်ဆေးရာ  (၄၃)လိုင်းယာဉ်ပေါ်ပါ  အသက် (၄၀)နှစ်ကျော် ခန့်  အမျိုးသမီးတစ်ဦး၏   ကျောပိုးအိတ်အတွင်းရှိ  ပိုက်ဆံအိတ်ထဲမှ  ငွေ ၁၅၈၅၀၀ိ/-အား နှိုက်ယူခဲ့ ကြောင်း ပေါ်ပေါက်ပြီး  ခါးပှိုက်နှိုက်ခံရသူ  အမျီုးသမီးအား  စုံစမ်းလျက်ရှိပြီး တရားခံ (၂)ဦးအား  အခြား    ခါးပှိုက်နှိုက်မှုများနှင့်  တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း  သတင်းရှိပါသည်။

တရားမ၀င် နှစ်လုံးထီလောင်းကစားသူများအား ဖမ်းဆီးအရေးယူ

Photo: တရားမ၀င် နှစ်လုံးထီလောင်းကစားသူများအား ဖမ်းဆီးအရေးယူ

၁၇.၅.၂၀၁၃  ရက်နေ့  ၁၁၀၀  အချိန် ရန်ကုန်တိုင်းဒေသကြီး  အကူ(၂) ဌာနမှ ဒုရဲမှူး အောင်ဝင်း ခေါင်းဆောင်၍ ရဲအုပ်မျိုးလွင်(အကူ ၂)၊  ရဲအုပ် အောင်သန်းဦး (တ/ဥက္ကလာပစခန်းမှူး)၊ သက်သေများနှင့်အတူ  တရားမ၀င်  နှစ်လုံးထီ/သုံးလုံးထီ ရောင်းချနေကြောင်းသတင်းအရ  တ/ဥက္ကလာပမြို့နယ်  ဥက္ကလာပစေတီဝင်းအတွင်းရှိ “ လပြည့် ”  ကဖေးဆိုင်သို့  ၀င်ရောက်ရှာဖွေ ခဲ့ရာ  အောင်ဌေး၊ (၅၆)နှစ်၊ (၁၈)ရပ်ကွက်၊ ဒဂုံတောင်နေသူအား လောင်းကစားရာတွင် အသုံးပြု  သော  စာရွက်စာတမ်းကိရိယာများနှင့်  လောင်းကြေးငွေ  (၁၀၁၇၀၀ိ/-)နှင့်အတူ  တွေ့ရှိဖမ်းဆီးရမိ၍ တောင်ဥက္ကလာပရဲစခန်း (ပ)၁၉၃/၂၀၁၃၊ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က) ဖြင့်  အရေးယူထား ရှိပါသည်။ 

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ အကူတပ်ခွဲ(၂)မှ 
 Photo: ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့  အကူတပ်ခွဲ(၂)မှ ခါးပှိုက်နှိုက်မှုများကျဆင်းရေးအတွက်    ကျော်ဇောသတင်းရှိသူ၊ ပြစ်ချက်ဟောင်းရှိသူ၊ မသင်္ကာသူများအား  ပြေးဆွဲနေသော  ယာဉ်လိုင်းများပေါ်တွင်  အသွင်ယူ လိုက်ပါစီးနင်းခြင်း၊ လူစည်ကားရာ  မှတ်တိုင်များတွင်  စောင့် ကြည့်စုံစမ်းခြင်းများ ပြုလုပ်ခဲ့ရာ  ရဲအုပ် စိုးနိုင် ဦးစီးအဖွဲ့သည် ၁၅.၅.၂၀၁၃ ရက်နေ့  ၁၀၄၅ အချိန်  ဗိုလ်တထောင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ သိမ်ဖြူလမ်း၊ “ စိန်ပေါလ် ” ကားမှတ်တိုင်တွင်  စာတိုက် မှတ်တိုင်ဘက်မှ မောင်းနှင်လာသည့်  အမှတ်(၃၉)ယာဉ်လိုင်းပေါ်မှဆင်းလာသူ  ခါးပိုက်နှိုက်မှတ် တမ်းဝင်  ဘိုဘို(ခ)စာကလေး (ခ)မောင်မောင်ချစ်၊ ဗိုလ်တထောင်မြို့နယ်နေသူအား  ခရီးသည် အမျီုးသမီးတစ်ဦးထံမှ နှိုက်ယူခဲ့သည့်  ငွေ (၁၀၀၀၀ိ/-)နှင့်အတူ  ဖမ်းဆီးရမိခဲ့ပြီး  ၄င်း၏ကျောပိုး အိတ်ကို အကာအကွယ်ယူကာ   ခရီးသည်အမျိုးသမီး၏  ဘေးလွယ်အိတ်ထံမှ  ဇစ်ဖွင့်နှိုက်ယူခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်  ဗိုလ်တထောင်ရဲစခန်း (ပ)၉၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်  အရေးယူထားရှိပါသည်။
ခါးပှိုက်နှိုက်မှုများကျဆင်းရေးအတွက် ကျော်ဇောသတင်းရှိသူ၊ ပြစ်ချက်ဟောင်းရှိသူ၊ မသင်္ကာသူများအား ပြေးဆွဲနေသော ယာဉ်လိုင်းများပေါ်တွင် အသွင်ယူ လိုက်ပါစီးနင်းခြင်း၊ လူစည်ကားရာ မှတ်တိုင်များတွင် စောင့် ကြည့်စုံစမ်းခြင်းများ ပြုလုပ်ခဲ့ရာ ရဲအုပ် စိုးနိုင် ဦးစီးအဖွဲ့သည် ၁၅.၅.၂၀၁၃ ရက်နေ့ ၁၀၄၅ အချိန် ဗိုလ်တထောင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ သိမ်ဖြူလမ်း၊ “ စိန်ပေါလ် ” ကားမှတ်တိုင်တွင် စာတိုက် မှတ်တိုင်ဘက်မှ မောင်းနှင်လာသည့် အမှတ်(၃၉)ယာဉ်လိုင်းပေါ်မှဆင်းလာသူ ခါးပိုက်နှိုက်မှတ် တမ်းဝင် ဘိုဘို(ခ)စာကလေး (ခ)မောင်မောင်ချစ်၊ ဗိုလ်တထောင်မြို့နယ်နေသူအား ခရီးသည် အမျီုးသမီးတစ်ဦးထံမှ နှိုက်ယူခဲ့သည့် ငွေ (၁၀၀၀၀ိ/-)နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၄င်း၏ကျောပိုး အိတ်ကို အကာအကွယ်ယူကာ ခရီးသည်အမျိုးသမီး၏ ဘေးလွယ်အိတ်ထံမှ ဇစ်ဖွင့်နှိုက်ယူခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဗိုလ်တထောင်ရဲစခန်း (ပ)၉၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူထားရှိပါသည်။

ဆိုင်ကယ်များ ခိုးယူသူအား ဖော်ထုတ်ဖမ်းဆီး
 Photo: ဆိုင်ကယ်များ ခိုးယူသူအား ဖော်ထုတ်ဖမ်းဆီး

နယ်မြေအတွင်း ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုများနှင့်  ဂိုဏ်းဖွဲ့ပြစ်မှုကျူးလွန်သူများအား  ဖမ်းဆီးရမိရေး၊ ထိရောက်ကြိုကာများ  ဖမ်းဆီးရမိရေး၊ ပြေး ၄ ပြေးများ  ဖမ်းဆီးရမိရေး  အရှိန် အဟုန်မြှင့်ဆောင်ရွက်ရန်  တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး  ညွှန်ကြားချက်အရ  အကူတပ်ခွဲ(၂)မှ ဒုရဲမှူး အောင်ဝင်းက  အဖွဲ့ငယ်များဖွဲ့  စုံစမ်းစစ်ဆေးခဲ့ရာ  ရဲအုပ် မျိုးလွင်နှင့်အဖွဲ့သည် ၁.၅.၂၀၁၃ ရက်နေ့  ၂၁၀၀ အချိန်ခန့်တွင်  လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းတာဆုံအနီး  ရပ်ထားသော  ဆိုင်ကယ် (၂)စီးကို  နေမင်း(ခ)ကတုံး (မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန်နေသူ)နှင့်  ညီညီ ဆိုသူတို့မှ  ဆော့ကတ်ဖြုတ်ကာ  စက်နှိုးပြီး ခိုးယူခဲ့ကာ (၂)စီးအနက်   အင်ဘို ၁၂၅ နီဝါကြား ဆိုင်ကယ်ကို  မင်းရွှေလှိုင်(ခ) အငယ်လေး(ခ)ညီညီ  ဆိုသူထံ  (၅၀၀၀၀ိ/-) ဖြင့်  ပေါင်နှံ ထားပြီး  ကင်ဘို ၁၂၅  စိမ်းပုပ်ရောင် ဆိုင်ကယ် (၁)စီးကို  လက်ရှိစီးနင်းအသုံးပြုနေကြောင်း  ဖော်ထုတ်ရမိ သဖြင့်  လှည်းကူးရဲစခန်း (ပ)၂၉၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ ဖြင့်  အရေးယူထားရှိကြောင်း  သတင်းရရှိပါသည်။

 လှည်းကူးမြို့နယ် တောအုပ်တစ်ခုထဲတွင် တောဆင်ရိုင်း(၁)ကောင်အား
နှာမောင်း၊ လျှာ၊ အစွယ်၊ လိင်အဂ်ါဖြတ်ခံရပြီး သေဆုံးနေကြောင်းတွေ့ရှိရ

Photo: လှည်းကူးမြို့နယ် တောအုပ်တစ်ခုထဲတွင်  တောဆင်ရိုင်း(၁)ကောင်အား
နှာမောင်း၊ လျှာ၊ အစွယ်၊ လိင်အဂ်ါဖြတ်ခံရပြီး သေဆုံးနေကြောင်းတွေ့ရှိရ

၁၁.၅.၂၀၁၃ ရက်နေ့ (၁၄၀၀)အချိန်  လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဖက်တောင် တောစခန်း၏  အရှေ့ဘက် (၁)မိုင်ခွဲခန့်အကွာ  လက်ခုပ်ချောင်းဖျား  လမ်းဟောင်းဘေး  တောထဲ တွင်  တောဆင်ရိုင်း(၁)ကောင်  သေဆုံးနေကြောင်း  သတင်းအရ  လှည်းကူးမြို့နယ်၊သစ်တောဦးစီး ဌာန၊ ဖောင်ကြီးဘိနယ်မှ  တောအုပ်ကြီး ဦးလှရွှေနှင့်အဖွဲ့၊ လှည်းကူးမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာ မင်းထက်၊ ပဲခူးတိုင်းသစ်ထုတ်ရေး ပဲခူးတိုင်းဒေသကြီးရုံမှး  ဒေါက်တာ ကျော်စိုး၊ မင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်းကိုနှင့်အဖွဲ့၊ ဖောင်ကြီးရဲစခန်း စခန်းမှူး ရဲအုပ် ခင်မောင်ဌေးနှင့်အဖွဲ့တို့သွားရောက်စစ်ဆေးရာ  “ စွယ်စုံဆင် ” အမျိုးအစား၊ အရပ် (၇)ပေခန့်၊ လုံး ပတ် ခန့်မှန်းမရ (ပုတ်ပွနေသဖြင့်)၊ နှာမောင်း၊ လျှာ၊ အစွယ်၊ လိင်အင်္ဂါ ဖြတ်ခံထား ရပြီး မီးရှို့ဖျက် ဆီးခံထားရကြောင်း  တွေ့ရှိရပါသည်။

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 