နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Thursday, May 16, 2013

မူဆယ်ရဲစခန်း မြောက်ဘက် ၆ ဖာလုံခန့် အကွာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား


 ၂၀၁၃ခုနှစ်၊ မေ ၁၆ရက် ည ၉နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မူဆယ် ရဲစခန်းမြောက်ဘက် ၆ ဖာလုံခန့်အကွာ ဟိုမွန် ရပ်ကွက်၊ သစ်တောရုံးလမ်းရှိ မြို့နယ်သစ်တော ၀န်ထမ်း အိမ်ယာ ခြံဝင်း၏ အနောက်တောင်ဘက် ခြံစည်းရိုးနှင့် ကပ်လျက် အမှိုက်ပုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။



 အဆိုပါ အခင်းဖြစ်ပွားရာသို့ နယ်မြေခံ တပ်မတော်သား များနှင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ရာ ဆံပင်ရှည် အမျိုးသား အလောင်း(၁)လောင်း (အမည်/ နေရပ် လိပ်စာ စိစစ်ဆဲ) ၀မ်းဗိုက် ပွင့်ထွက်ကာ ၀ဲခြေထောက်နှင့် ၀ဲဘက်လက် ကြေမွ ပြတ်တောက် ဒဏ်ရာများဖြင့် သေဆုံးလျက် ရှိကြောင်း တွေ့ ရှိခဲ့ရသည်။ စစ်ဆေး တွေ့ရှိချက်များ အရ သေဆုံးသူမှာ အဆိုပါ ဗုံးထောင်သူဟု ယူဆရကြောင်းနှင့် ၎င်းဖြစ်စဉ်အား တာဝန်ရှိသူများမှ ဆက်လက် စုံစမ်း ဖော်ထုတ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။
 
FROM-MYAWADDY

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 