နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Sunday, September 15, 2013

Top 10 Bermuda Triangle Theories

Bermuda Triangle ကို Devil's Triangle လို့လဲ ခေါ်ပါတယ်။ သူရဲ့ နာမည်နဲ့ လိုက်အောင် သူ့ရဲ့ နယ်နိမိတ် ထဲဝင်လာ တဲ့ သင်္ဘောတွေ၊ လေယာဉ်ပျံ တွေလေထဲ၊ သမုဒ္ဓရာထဲ ပျောက်ခြင်း မလှ ပျောက်သွားအောင် ဖမ်းစားပစ် ပါတယ်။ကျွန်တော်တို့ ကမ္ဘာကြီးမှာ ထူးဆန်း အံ့သြဖွယ်ရာ များစွာ ရှိပါတယ်။ ဥပမာ ပေးရရင် ဗြိတိန်က Stonehenge ကျောက်တုံး ကြီးတွေ၊ ပြင်သစ်က တစ်ခြမ်း စောင်းနေတဲ့ ပါရီမျှော်စင်၊ မြန်မာနိုင်ငံမှာ ဆိုရင်တော့ တောင်ထိပ်မှာ တည်ထားတဲ့ ကျိုက်ထီးရိုး စေတီ စတာ တွေပေါ့။ အဲ ဒါ တွေထဲမှာ သဘာဝလွန် ထူးဆန်း လွန်းတာက Triangle တွေဖြစ်ပြီး အဲဒီ Triangle နယ်နိမိတ်ထဲ ရောက်ရင် လူတွေ၊ စက်တွေဟာ အဖြေမဲ့ ပျောက်ကွယ် သွားကြ ပါတယ်။ Triangle အချို့ကို ဖော်ပြရရင် Boston မြို့တောင်ဘက်က Bridgewater Triangle, Japan ကမ်းရိုး တန်းနားက Dragon's Triangle စသဖြင့် ရှိပါတယ်။ အခုတော့ ကမ္ဘာ့ နာမည် အကြီးဆုံး Triangle ဖြစ်တဲ့ Bermuda Triangle အကြောင်းနဲ့ သူရဲ့လျှို့ဝှက်ချက် တွေအပေါ် အဖြေထုတ် ထားတဲ့ Theory ၁၀ခုကို အကျဉ်းချုပ် ဖော်ပြ သွားမှာ ဖြစ်ပါတယ်


Bermuda Triangle  


About Bermuda Triangle
Bermuda Triangle ကို Devil's Triangle လို့လဲ ခေါ်ပါတယ်။ သူ့ရဲ့ နယ်နိမိတ် ကတော့ Bermuda ရယ်၊ Florida ရယ်၊ Puerto Rico ရယ် ဆက်လိုက်လို့ ဖြစ်လာတဲ့ တြိဂံ နယ်နိမိတ် ပါပဲ။ Devil's Triangle ဆိုတဲ့ နာမည်နဲ့ လိုက်အောင် သူ့ရဲ့ နယ်နိမိတ် ထဲဝင်တဲ့ သင်္ဘောတွေ၊ လေ ယာဉ်ပျံ တွေလေထဲ၊ သမုဒ္ဒရာထဲ ပျောက်ခြင်းမလှ ပျောက်သွားအောင် ဖမ်းစားပစ် ပါတယ်။သူ့ရဲ့ ပထမဆုံး သားကောင် ထဲက တစ်ခုကို ပြောရရင် ၁၉၁၈က ပျောက်ဆုံး သွားတဲ့ USS Cyclops ကို ဖော်ပြချင် ပါတယ်။ အဆိုပါ သင်္ဘောဟာ ပထမ ကမ္ဘာ စစ်ကာလ ၁၉၁၈မှာ Bahia, Salvador ကနေ Baltimore, Maryland ကိုအသွား သင်္ဘောကြီး နဲ့အတူ ခရီးသည်နှင့် ၀န်ထမ်း ၃၀၆ယောက်ဟာ ထူးထူးဆန်းဆန်း ပျောက်ဆုံး သွားတာဟာ အခုချိန် အထိ အဖြေရှာ မတွေ့နိုင် အောင်ပါပဲ။ ဥပမာ နောက်တစ်ခု ပြရရင် လေယာဉ်ပျံ NC16002 ပါ။ DC-3 အမျိုးအစား NC16002 လေယာဉ်ဟာ San Juan, Puerto Rico ကနေ Miami, Florida သို့အသွား ၁၉၄၈ ဒီဇင်ဘာလ ၂၈ရက်နေ့ ညမှာ ရာသီဥတု ကောင်းမွန် ရဲ့သားနဲ့ Miami ရဲ့မိုင်၅၀ အကွာမှာ ပျောက်ဆုံး သွားပါတယ်။ အဲဒီ လေယာဉ် နဲ့အတူ လိုက်ပါသူ ၃၂ယောက် ဟာလည်း Bermuda Triangle ကခေါ်ဆောင် သွားခြင်း ခံခဲ့ရ ပါတော့တယ်။


ဒါပေမယ့် အဲဒီအချိန်က "Bermuda Triangle" ဆိုတဲ့ အမည် မပေါ်ပေါက် သေးပါဘူး။ ၁၉၆၄မှာ စာရေးဆရာ Vicent Gaddis က Magazine Argosy မှာ စတင် ခေါ်ဆို သုံးစွဲရာမှ စတင် ကျော်ကြား လာပါတယ်။ စာအုပ် အနေနဲ့ ကတော့ စာရေးဆရာ Charles Berlitz ကသူ့ရဲ့ အ ရောင်းရဆုံး စာအုပ် ဖြစ်ခဲ့တဲ့ "The Bermuda Triangle" ကို၁၉၇၄မှာ ထုတ်ခဲ့ ပါတယ်။ အဲ့ဒီနောက် မှာတော့ စာအုပ်တွေ၊ တီဗီရှိုးတွေ၊ အင်တာနက် စာမျက်နှာ တွေမှာ ကျော်ကြား နေတာ ယနေ့ထိ တိုင်အောင်ပါပဲ။ "Bermuda Triangle" ရဲ့ထူးဆန်းမှု အမျိုးမျိုးကို လေ့လာရာမှ ထွက်ပေါ် လာတဲ့ ယူဆချက် များအနက် ၁၀ခုကို အောက်မှာ ဆက်လက် လေ့လာ ကြပါခင်ဗျာ။

USS Cyclops 
 1. Human Error
လေယာဉ်မှူးတွေ၊ သင်္ဘောသား တွေဟာလည်း လူသား ဖြစ်တဲ့ အတွက် အမှားမကင်း ကြပါဘူး။ အပူပိုင်း ဆန်တဲ့ ရာသီဥတု၊ ကြည်လင် အေးမြတဲ့ အပြာရောင် သမုဒ္ဒရာ တို့ကြောင့် သူတို့လည်း စိတ်ကစား ချင်တဲ့စိတ် ပေါ်လာမှာပါ။ သို့ပေမယ့် Bermuda Triangle ဧရိယာဟာ ပြောင်းလဲ လွယ်တဲ့ ရေစီးကြောင်းတွေ၊ အပြောင်းအလဲ မြန်တဲ့ ရာသီဥတု၊ ဆင်တူတဲ့ ကျွန်းတွေကြောင့် တစ်ချက်လောက် မှားကွေ့ မိတာနဲ့ လမ်းပျောက် သွားနိုင် ပါတယ်။ ကမ်းမမြင် လမ်းမမြင် တွေဖြစ်ပြီး လောင်စာ ပြန်မဖြည့် နိုင်တာ ကြောင့်လည်း လေယာဉ်တွေ၊ သင်္ဘောတွေ ပျောက်ရတယ် လို့ဆိုရင် ဖြစ်နိုင် တယ်လို့ ဆိုရမှာပါ။

2. Crazy weather patterns
Bermuda Triangle ရဲ့ရာသီဥတုဟာ အလွန် အပြောင်းအလဲ မြန်ပါတယ်။ လေပူလေအေး ရွေ့လျားနှုန်း မြင့်တာ ကြောင့်လည်း ဟာရီကိန်း မုန်တိုင်း တိုက်ခတ် တာဟာ အကျင့် တစ်ခုလို ဖြစ်နေပါပြီ။ မုန်တိုင်း နဲ့အတူ အပြောင်းအလဲ မြန်တဲ့ ပင်လယ်ကွေ့ ရေစီးကြောင်း ကပါ သင်္ဘောတွေ၊ လေယာဉ်ကို ခက်ခဲ စေပါတယ်။ လေယာဉ်တွေ၊ သင်္ဘောတွေ မြုပ်လို့ ပြန်ရှာမယ်လို့ စိတ်ကူး ပြန်လျှင်လည်း ကမ္ဘာ့ အနက်ဆုံး နေရာ ဖြစ်တဲ့ Atlantic သမုဒ္ဒရာကြောင့် ရှာမတွေ့ နိုင်ပါဘူး။ ဒါ့ကြောင့် ပျောက်သွားတဲ့ ယာဉ်တော်တော် များများကို ပြန်ရှာဖို့ စိတ်မကူး ကြတာပါ။



Bermuda Island 

3. Magentic fields askew
Bermuda Triangle က Maganetic fields တွေဟာ ဖြတ်သန်း သွားလာသူ တွေအတွက် နောက်စရာ မဟုတ်ပါဘူး။ Bermuda Triangle ဟာ သံလိုက် အိမ်မြှောင်က ပြနေကြ သံလိုက် မြောက်အရပ် မဟုတ်ဘဲ မြောက်အရပ် အမှန်ကို ပြတဲ့ ကမ္ဘာပေါ်က နှစ်ခုတည်းသော နေရာ ထဲက တစ်ခုပါ။ ဒါ့ကြောင့် ရေကြောင်း သွားလာ သူတွေ ဟာ Bermuda Triangle ဧရိယာနား ရောက်ရင် မြောက် အရပ်နဲ့ မူလမြောက် အရပ်ကို ကွဲပြားအောင် ချိန်ကိုက်ကြ ရပါတယ်။

4. Atlantis
လူတော်တော် များများဟာ ပင်လယ်ပျော်များ မဟုတ် ကြပါဘူး။ ကမ်းမမြင် လမ်းမမြင် ပင်လယ် ရောက်ရင် အထီးကျန် သလိုလို အားငယ် သလိုလို ခံစားတတ် ကြပါတယ်။ Bermuda Triangle ရဲ့ရေပြင် ကြီးဟာ ကျယ်ပြောတဲ့ Atlantis သမုဒ္ဒရာ ကြီးပါ။ အဆိုရှိ ကြတာ ကတော့ Atlantis သမုဒ္ဒရာ အောက်မှာ ပိရမစ် တွေကို တွေ့ရတယ်လို့ ဆိုကြပြီး တချို့ ကတော့ သမုဒ္ဒရာ ရဲ့အစပ် Bimini ရဲ့ Bahamiam ကျွန်းကမ်း ခြေမှာ တူးဖော် တွေ့ရှိ ထားတဲ့ ရှေးတုန်းက ဆောက်ထားတဲ့ ကျောက် တာဝါတွေ၊ ကျောက် လမ်းတွေ တွေ့ရ တာကြောင့် အရင်တုန်းက ဆိပ်ကမ်း အဖြစ် အသုံးပြု ခဲ့ကြ တယ်လို့ ဆိုကြ ပါတယ်။ ပြဿနာက အဲဒီ သမုဒ္ဒရာ အောက်က မြို့တွေသုံးလို့ ကျန်တဲ့ စွမ်းအင် အကြွင်း အကျန် အစိုင်အခဲ တွေဟာ အခုခေတ် ယာဉ်တွေရဲ့ လျှစ်စစ်စီးတဲ့ ပစ္စည်း တွေကို လွှမ်းမိုးပြီး ထိန်းချုပ် မရအောင် ပြုလုပ် နိုင်ကြ ပါတယ်။ 



Atlantis City 



5. UFOs/Aliens
စိတ်ကူးယဉ် ဆန်တဲ့ ယူဆမှု လို့ပဲ ပြောပြော ထည့်စဉ်းစား ရမယ့် ကိစ္စပါ။ ၂၁ရာစု ခေတ်မှာ ဆိုရင် UFO ပေါ်လာတယ် ဆိုတာဟာ ခဏ ခဏကို ကြားရတဲ့ သတင်းလို ဖြစ်နေပါပြီ။ နည်းပညာ ပိုမြင့်တဲ့ ဂြိုလ်သား တွေအတွက် လူသားတွေရဲ့ လေယာဉ်တွေ၊ သင်္ဘော တွေဟာ အလွန်တရာ ရယ်စရာ ကောင်းတဲ့ ပစ္စည်းတွေ ဖြစ်နေမှာပါ။ သူတို့မှာလည်း အချိန်ခရီး သွားတဲ့ နည်းပညာတွေ၊ တစ်နေရာက တစ်နေရာ တမ ဟုတ်ချင်း ပို့ပေးနိုင်တဲ့ နည်းပညာတွေ ရှိကောင်း ရှိကြမှာပါ။

6. Government testingArea 51 ကိုထားဦး၊ Bermuda Triangle ရဲ့အလယ် မှာရှိတဲ့ Bahamas' Andros ကျွန်းမှာ အမေရိကရဲ့ AUTEC (Atlantic Undersea Test and Evaluation Center) ဆိုတာ ရှိပါတယ်။ အဲဒီမှာ ရေတပ်ဟာ လက်နက်တွေ စမ်းသပ် တယ်လို့ ပြောကြား ထားပေမယ့် တချို့ ကတော့ ပြိုလ်သား တွေရဲ့ နည်းပညာကို ပြန်လည် စမ်းသပ် နေတယ်လို့ ယူဆနေ ကြပါတယ်။ မဖြစ်နိုင် ဘူးလို့ မဆိုနိုင် ပါဘူး။ တလောတုန်း ကတောင် ကမ္ဘာမှာ ပျံသန်း နေတဲ့ UFO တွေဟာ Area 51 မှာ လျှို့ဝှက် တီထွင်ထားတဲ့ စမ်းသပ်ဆဲ ယာဉ်တွေ ဖြစ် တယ်လို့ ကောလဟာလ သတင်းတွေ ထွက်ပါတယ်။ 


AUTEC 

7.  Time vortex, aka "electronic fog"
၁၉၇၀ တုန်းက Florida နယ်သား လေယာဉ်မှူး Bruce Gernon နဲ့သူ့အဖေဟာ Andros ကျွန်းကနေ Bahamas က Bimini ကျွန်းကို အသွားမှာ သူတို့ဟာ ဂူပုံစံ ပေါက်နေတဲ့ ထူးဆန်းတဲ့ တိမ်တိုက်ထဲ ၀င်မိသွား ပါတယ်။ ၀င်မိသွား တာနဲ့ တစ်ပြိုင်နက် သံလိုက် အိမ်မြှောင်ဟာ ဦးတည်ရာမဲ့ ညွှန်းနေသလို လေယာဉ်ဘေး မှာလည်း လျှပ်စီးတွေ ၀ိုင်းရံလာ ပါတယ်။ သူတို့ အဲ့တိမ်တိုက် ထဲက လွတ်မြောက် လာတဲ့ အခါမှာတော့ သူတို့ဟာ မျှော်မှန်းထား တာထက် တော်တော်လေး ခရီးရောက် နေတာကို တွေ့လိုက် ရပါတယ်တဲ့။ Bruce ကတော့ သူတို့ဟာ အချိန်ကို စီးပြီး ခရီးသွား နိုင်တဲ့ လိုဏ်ဂူထဲကို ဖြတ်သန်း ခဲ့ရတယ်လို့ ဆိုပါတယ်။ သူပြောတာ မှန်မယ် ဆိုရင်တော့ Bermuda Triangle အတွက် အလေးပေး စဉ်းစားစရာ တစ်ခု တိုးလာပါ လိမ့်မယ်။

8. Methane Hydrates
Bermuda Triangle ရဲ့ရေမျက်နှာပြင် အောက်မှာ မီးတောက် စေတတ်တဲ့ သဘာဝ ရှိတဲ့ Methane Hydrates တွေတပုံတခေါင်းကြီး ပိတ်မိ နေပါတယ်။ ဒီဓာတ်ငွေ့ဟာ ရေရဲ့ သိပ်သည်းဆကို လျော့နည်း စေတာမို့ သင်္ဘောတွေဟာ ဟန်ချက် ပျက်ကုန်ပြီး နစ်မြုပ် နိုင်ပါတယ်။ ဒါ့အပြင် ရေမျက်နှာပြင် ပေါ်သာမက လေထဲ အထိပါ တက်နိုင်တဲ့ သတ္တိ ရှိတာကြောင့် လေယာဉ် စက်တွေ ရပ်တာတွေ၊ မီးလောင် တာတွေ ကိုပါ ဖြစ်စေ နိုင်ပါတယ်။ အဲဒါကြောင့်လည်း Methane Hydrates တွေဟာ မေ့ထားလို့ မရတဲ့ လူသတ် လက်နက်တွေ ဖြစ်ပါတယ်။ 


Bermuda Triangle 

9. Pirates
ပင်လယ်ဓားပြ တွေအနေနဲ့ လေယာဉ်တွေ ပျောက်တာနဲ့ ပတ်သက်ပြီး ဆက်စပ်မှု မရှိတာတော့ သေချာ ပါတယ်။ ဒါပေမယ့် သင်္ဘောတွေ ပျောက်တာနဲ့ ပတ်သက်ပြီး တာဝန် ရှိတယ် လို့လည်း ယူဆနိုင် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Bermuda Triangle ဟာပင်လယ် ဓားပြတွေ ကျက်စားရာ Caribbean ပင်လယ်ကွေ့ရဲ့ မြောက်ဘက်လေး မှာတင် ရှိလို့ပါပဲ။

10. A downed 11,000-year-old comet
လွန်ခဲ့သော နှစ်ပေါင်း ၁၁ ၀၀၀ ခန့်က Bermuda Triangle ရဲ့ပင်လယ် ရေအောက် နေရာကို ဥက္ကာပျံ တစ်ခု ကျရောက် ခဲ့ပါတယ်တဲ့။ တချို့ ဆိုတာ ကတော့ အဲဒီ ဥက္ကာပျံမှာ လျှစ်စစ် သံလိုက်ဓာတ် ပါပြီး အဲဒီဓာတ် တွေဟာ လေယာဉ်၊ သင်္ဘောတွေရဲ့ လမ်းပြ ကိရိယာတွေကို အ နှောက် အယှက် ပေးနိုင်တဲ့ အရည်အချင်း တွေရှိနေ ပါတယ်။ အခုချိန်ထိ သမုဒ္ဒရာ အောက်ဆင်းပြီး မရှာနိုင် ကြပေမယ့် အဲအဆို မှန်ကန်မယ် ဆိုရင်တော့ သူ့ကို တရားခံ စာရင်းထဲမှာ ထည့်စဉ်းစား ရတော့မှာ ဖြစ်ပါတယ်။ 


UFO   

အထက်ပါ ဖော်ပြချက်တွေဟာ လူအများစု ယူဆကြတဲ့ အတွေးအမြင် တွေပါ။ တိုက်ဆိုင် တာလဲ ရှိမှာ ဖြစ်သလို၊ မတိုက်ဆိုင် တာလဲ ရှိမှာ ဖြစ်လို့ ဗဟုသုတ အနေနဲ့တော့ ဖတ်ရှု ပေးကြပါ။  

mymclub.net


 

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 