နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Tuesday, May 21, 2013

အများပြည်သူသို့ ချပြခြင်းမရှိဘဲ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်း အပြီးသတ်စာချုပ် ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိ


Photo: အများပြည်သူသို့ ချပြခြင်းမရှိဘဲ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်း အပြီးသတ်စာချုပ် ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိ

မေလ ၂၁ ရက် ၂၀၁၃ 

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တရုတ်နိုင်ငံသို့ ပို့လွှတ်ရန် အဆင်သင့်နီးပါး ဖြစ်ချိန်၌ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်း စတင်ရန်အတွက် အများပြည်သူသို့ ချပြခြင်းမရှိဘဲ အပြီးသတ် စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်းကို ၂၀၁၁ ခုနှစ် ဧပြီ ၂၇ ရက်က မြန်မာ-တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူများမှ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိကာလ၌ အဆိုပါ မီးရထားလမ်း စီမံကိန်းအတွက် Memorandum of Agreement ကို မကြာမီ ရေးထိုးရန် စီစဉ်နေကြောင်း၊ စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကိုမူ လက်ရှိအချိန်အထိ ထုတ်ပြန်မှု မရှိသေးကြောင်းလည်း သိရသည်။

''မနေ့(မေ၁၉)က တရုတ်သံအမတ်ကြီး မစ္စတာယန်ဟို့လျန် မဒေးကျွန်းကိုလာပြီး ကျွန်တော်တို့ ဒေသခံတွေနဲ့ တွေ့သွားတယ်။ ဘာလာလုပ်လဲ ဆိုတာတော့ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့က မဒေးကျွန်းမှာ ရထားလမ်း၊ ကားလမ်းစီမံကိန်းတွေ ရှိနေတယ်ဆိုတာ ဟုတ်လားလို့ တရုတ်သံအမတ်ကိုမေးတော့ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ သူမသိပါဘူးတဲ့။ ရထားလမ်းစီမံကိန်း ရှိမရှိနဲ့ ပတ်သက်ပြီး တရုတ်သံအမတ်ကြီး ကိုယ်တိုင်က ကျွန်တော်တို့ကို တရားဝင် ထုတ်ဖော်ပြောသွားတာ မရှိပါဘူး။ ကျောက် ဖြူ-မူဆယ် မီးရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒေသခံတွေ ဘာမှမသိရပါဘူး'' ဟုလည်း ကျောက်ဖြူမြို့မှ ကိုထွန်းကြည်က ပြောပြသည်။
မီးရထားလမ်း စီမံကိန်းသည် စုစုပေါင်း အရှည် ၈၆၈ ဒသမ ၂၆၂ ကီလို မီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ ၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုး နှင့် မူဆယ်မြို့များကို ဖြတ်သန်း တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ မီးရထားလမ်း စီမံကိန်း၌ ဘူတာရုံ ၇၉ ခု၊ တံတား ၄၀၉ စင်း၊ ဥမင်လိုဏ်ခေါင်း ၁၀၁ ခု ပါဝင်မည်...

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်၍လည်း စီမံကိန်း မစတင်မီက ဒေသခံများ မသိရှိဘဲ လုပ်ငန်းစတင်ခါမှသာ သိရှိခဲ့ရကြောင်း၊ လက်ရှိအပြီးသတ် စာချုပ်ချုပ်တော့မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍လည်း ဒေသခံများသို့ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိကြောင်း၊ ရထားလမ်း၊ ကားလမ်းသာမက ပွင့်လင်းမြင်သာမှုမရှိ၊ ဒေသခံများသို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသည့် မည့်သည့်စီမံကိန်းကိုမဆို ဒေသခံများ အနေဖြင့် လက်မခံကြောင်းလည်း ကျောက်ဖြူဒေသခံများက ဆိုပါသည်။

''ဂက်စ်ပိုက်လိုင်း၊ ကျောက်ဖြူဆိပ်ကမ်း စီမံကိန်း တည်ဆောက်မှုတွေက ပြီးသလောက်ရှိနေပြီ။ ဂက်စ်ပိုက်လိုင်း စီမံကိန်းကြောင့် နောက်ဆက်တွဲဆိုးကျိုးကို ဒေသခံတွေ ခံစားနေရပေမယ့် အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေက ဆက်လုပ်ခဲ့တာပဲ။ ဒေသခံတွေက မကျေနပ်လို့ ဆန္ဒဖော်ထုတ်တော့ ဒေသခံကို တရားစွဲတယ်။ ဒီအချိန်အထိ အဲဒါတွေ ရှိနေသေးတယ်။ အစိုးရက ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပါလို့ ပါးစပ်က ပြောနေပေမယ့် လက်တွေ့မှာ အကောင်အထည် မဖော်ကြသေးဘူး။ ရခိုင်ပြည်နယ်ကိုလာတဲ့ investment တွေကို ရခိုင်သူ တစ်ယောက်အနေနဲ့ ကျွန်မတို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းတွေကြောင့် ဒေသခံတွေ အကျိုးရှိတာမျိုးလည်း ဖြစ်စေချင်ပါတယ်။ အခုတော့ လူတစ်စုကသာ အကျိုးခံစားရပြီး ဒေသခံတွေက မခံစားရဘူး။ နောက်ဆက်တွဲ ပြဿနာတွေကိုသာ ရင်ဆိုင်နေရတယ်။ ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံတွေရဲ့ နစ်နာမှုကိုတောင် မဖြေရှင်းနိုင်သေးဘဲ ရထားလမ်း စီမံကိန်း လုပ်မယ်ဆိုရင် မဖြစ်သင့်ဘူး။ အခု စီမံကိန်းကို ဆုံးဖြတ်ချက်ပေးမယ့် သူတွေအနေနဲ့ ဒေသခံတွေ ပူးပေါင်းဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်'' ဟု မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ဒေါ်စနိုးက ပြောကြားသည်။

အဆိုပါ မီးရထားလမ်း စီမံကိန်းသည် စုစုပေါင်း အရှည် ၈၆၈ ဒသမ ၂၆၂ ကီလို မီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ ၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုး နှင့် မူဆယ်မြို့များကို ဖြတ်သန်း တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ မီးရထားလမ်း စီမံကိန်း၌ ဘူတာရုံ ၇၉ ခု၊ တံတား ၄၀၉ စင်း၊ ဥမင်လိုဏ်ခေါင်း ၁၀၁ ခု ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ မီးရထားလမ်းသည် ကူမင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ရာနှုန်းပြည့်ရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Eleven

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တရုတ်နိုင်ငံသို့ ပို့လွှတ်ရန် အဆင်သင့်နီးပါး ဖြစ်ချိန်၌ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်း စတင်ရန်အတွက် အများပြည်သူသို့ ချပြခြင်းမရှိဘဲ အပြီးသတ် စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။အဆိုပါ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်းကို ၂၀၁၁ ခုနှစ် ဧပြီ ၂၇ ရက်က မြန်မာ-တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူများမှ နားလည်မှုစာချွန်လွှာ
(MoU) လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိကာလ၌ အဆိုပါ မီးရထားလမ်း စီမံကိန်းအတွက် Memorandum of Agreement ကို မကြာမီ ရေးထိုးရန် စီစဉ်နေကြောင်း၊ စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကိုမူ လက်ရှိအချိန်အထိ ထုတ်ပြန်မှု မရှိသေးကြောင်းလည်း သိရသည်။

''မနေ့(မေ၁၉)က တရုတ်သံအမတ်ကြီး မစ္စတာယန်ဟို့လျန် မဒေးကျွန်းကိုလာပြီး ကျွန်တော်တို့ ဒေသခံတွေနဲ့ တွေ့သွားတယ်။ ဘာလာလုပ်လဲ ဆိုတာတော့ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့က မဒေးကျွန်းမှာ ရထားလမ်း၊ ကားလမ်းစီမံကိန်းတွေ ရှိနေတယ်ဆိုတာ ဟုတ်လားလို့ တရုတ်သံအမတ်ကိုမေးတော့ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ သူမသိပါဘူးတဲ့။ ရထားလမ်းစီမံကိန်း ရှိမရှိနဲ့ ပတ်သက်ပြီး တရုတ်သံအမတ်ကြီး ကိုယ်တိုင်က ကျွန်တော်တို့ကို တရားဝင် ထုတ်ဖော်ပြောသွားတာ မရှိပါဘူး။ ကျောက် ဖြူ-မူဆယ် မီးရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒေသခံတွေ ဘာမှမသိရပါဘူး'' ဟုလည်း ကျောက်ဖြူမြို့မှ ကိုထွန်းကြည်က ပြောပြသည်။
မီးရထားလမ်း စီမံကိန်းသည် စုစုပေါင်း အရှည် ၈၆၈ ဒသမ ၂၆၂ ကီလို မီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ ၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုး နှင့် မူဆယ်မြို့များကို ဖြတ်သန်း တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ မီးရထားလမ်း စီမံကိန်း၌ ဘူတာရုံ ၇၉ ခု၊ တံတား ၄၀၉ စင်း၊ ဥမင်လိုဏ်ခေါင်း ၁၀၁ ခု ပါဝင်မည်...

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်၍လည်း စီမံကိန်း မစတင်မီက ဒေသခံများ မသိရှိဘဲ လုပ်ငန်းစတင်ခါမှသာ သိရှိခဲ့ရကြောင်း၊ လက်ရှိအပြီးသတ် စာချုပ်ချုပ်တော့မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍လည်း ဒေသခံများသို့ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိကြောင်း၊ ရထားလမ်း၊ ကားလမ်းသာမက ပွင့်လင်းမြင်သာမှုမရှိ၊ ဒေသခံများသို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသည့် မည့်သည့်စီမံကိန်းကိုမဆို ဒေသခံများ အနေဖြင့် လက်မခံကြောင်းလည်း ကျောက်ဖြူဒေသခံများက ဆိုပါသည်။

''ဂက်စ်ပိုက်လိုင်း၊ ကျောက်ဖြူဆိပ်ကမ်း စီမံကိန်း တည်ဆောက်မှုတွေက ပြီးသလောက်ရှိနေပြီ။ ဂက်စ်ပိုက်လိုင်း စီမံကိန်းကြောင့် နောက်ဆက်တွဲဆိုးကျိုးကို ဒေသခံတွေ ခံစားနေရပေမယ့် အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေက ဆက်လုပ်ခဲ့တာပဲ။ ဒေသခံတွေက မကျေနပ်လို့ ဆန္ဒဖော်ထုတ်တော့ ဒေသခံကို တရားစွဲတယ်။ ဒီအချိန်အထိ အဲဒါတွေ ရှိနေသေးတယ်။ အစိုးရက ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပါလို့ ပါးစပ်က ပြောနေပေမယ့် လက်တွေ့မှာ အကောင်အထည် မဖော်ကြသေးဘူး။ ရခိုင်ပြည်နယ်ကိုလာတဲ့ investment တွေကို ရခိုင်သူ တစ်ယောက်အနေနဲ့ ကျွန်မတို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းတွေကြောင့် ဒေသခံတွေ အကျိုးရှိတာမျိုးလည်း ဖြစ်စေချင်ပါတယ်။ အခုတော့ လူတစ်စုကသာ အကျိုးခံစားရပြီး ဒေသခံတွေက မခံစားရဘူး။ နောက်ဆက်တွဲ ပြဿနာတွေကိုသာ ရင်ဆိုင်နေရတယ်။ ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံတွေရဲ့ နစ်နာမှုကိုတောင် မဖြေရှင်းနိုင်သေးဘဲ ရထားလမ်း စီမံကိန်း လုပ်မယ်ဆိုရင် မဖြစ်သင့်ဘူး။ အခု စီမံကိန်းကို ဆုံးဖြတ်ချက်ပေးမယ့် သူတွေအနေနဲ့ ဒေသခံတွေ ပူးပေါင်းဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်'' ဟု မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ဒေါ်စနိုးက ပြောကြားသည်။

အဆိုပါ မီးရထားလမ်း စီမံကိန်းသည် စုစုပေါင်း အရှည် ၈၆၈ ဒသမ ၂၆၂ ကီလို မီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ ၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုး နှင့် မူဆယ်မြို့များကို ဖြတ်သန်း တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ မီးရထားလမ်း စီမံကိန်း၌ ဘူတာရုံ ၇၉ ခု၊ တံတား ၄၀၉ စင်း၊ ဥမင်လိုဏ်ခေါင်း ၁၀၁ ခု ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ မီးရထားလမ်းသည် ကူမင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ရာနှုန်းပြည့်ရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Eleven
exitzone1

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 