နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Thursday, May 16, 2013

အိမ်တွင်ခိုင်းစေသောအိမ်အကူနှိပ်စက်မှု့ မျိုးကျော့မြိုင်နှင့် အိမ်အကူ အမှုရုပ်သိမ်း


အဆိုတော်မျိုးကျော့မြိုင်နှင့် ၄င်း၏ အိမ်အကူတို့ အပြန်အလှန် တရားစွဲဆိုထားခြင်းကို ယခုလ ၄ ရက်က နှစ်ဦးနှစ်ဖက်ညိုနှိုင်း၍ အမှုများ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

အမှုကို ရုပ်သိမ်းရန် နှစ်ဖက်လျှောက်ထားစာတွင် ယခု ဖြစ်သည့် အမှုမှာ နိုင်ငံတော်၏ အကျိုးစီပွားနှင့် မူဝါဒများကို ထိခိုက်စေခြင်း မဟုတ်သည့် အမှုဖြစ်ခြင်း၊ တရားလိုနှင့် တရားခံတို့မှာ ခင်မင်ရင်းနှီးသူများဖြစ်ကြပြီး လူပုဂ္ဂိုလ်ချင်း အဆင်မပြေ၍ တရားစွဲဆို ထားသော်လည်း တစ်ဦးနှင့်တစ်ဦး ညိုနှိုင်းပြေလည်ကြပြီဖြစ်၍ဟု ပါရှိသည်။

အဆိုတော် မျိုးကျော့မြိုင်က ၄င်း၏ အိမ်အကူ ကိုဟိန်းမင်းသူကို ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၁ ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့အတူ ကိုဟိန်းမင်းသူကလည်း မရမ်းကုန်မြို့နယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃/၃၂၄/၅၀၆ တို့ဖြင့် တရားစွဲဆိုထားပြီး တစ်နှစ်နီးပါးအကြာတွင် ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

“မတ် ၅ရက်မှာ ဟိန်းမင်းသူမိခင်က အမှုကို ရုပ်သိမ်းဖို့ မရမ်းကုန်း တရားရုံးကို တင်တယ်။ ဧပြီ ၄ ရက်မှာ မရမ်းကုန်းမြို့နယ် တရားသူကြီးက အမှုကို ပိတ်သိမ်းကြောင်း အမိန့်ချခဲ့တယ်။ ကလေးသူငယ် တရားရုံးဘက်ကိုလည်း မျိုးကျော့မြိုင်က အမှုရုပ်သိမ်းလွှာတင်တယ်။ သက်ဆိုင်ရာ ရဲစခန်းကလည်း ကန့်ကွက်ရန်မရှိလို့ အကြောင်းပြန်တယ်” ဟု မျိုးကျော့မြိုင်၏ ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) ကပြောသည်။

၂၀၁၂ ခုနှစ် မေလက မျိုးကျော့မြိုင်၏ ဖုန်းဘီလ်ဆောင်ခိုင်းရာ ဘီလ်ဆောင်ခိုင်းသည့် ငွေများပျောက်ဆုံးမှုကြောင့် အိမ်အကူဟိန်မင်းသူကို မျိုးကျော့မြိုင်က ရိုက်နှက်ခဲ့သည်ဆိုကာ ဟိန်းမင်းသူ၏ မိခင်က မျိုးကျော့မြိုင်ကို စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှု စတင်ဖြစ်ပွားစဉ်က လူမှုကွန်ရက်စာမျက်နှာများတွင် လူစိတ်ဝင်စားမှု အများဆုံး သတင်းတစ်ရပ်ဖြစ်ခဲ့သည်။ အမှုရုပ်သိမ်းမှုနှင့် ပတ်သက်၍ ကာယကံရှင်များထံ ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
FROM-AYE THU SAN

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 