
အီရန် နယ်စပ်တွင် စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် မောင်းသူမဲ့ လေယာဉ်များ အဇာဘိုင်ဂျန် အသုံးပြု လျက်ရှိ
အဇာဘိုင်ဂျန် နိုင်ငံသည်
အီရန်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နာဂေါ်နို - ကာရာ ဘာတက်(စ်) ဒေသ တစ်လျှောက်တွင် ထောက်လှမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် မောင်းသူမဲ့ လေယာဉ်များ အသုံး ပြုလျက် ရှိကြောင်း အီရန် Press TV သတင်း အေဂျင်စီက ထုတ်ပြန် ကြေညာ ခဲ့သည်။
အဇာဘိုင်ဂျန် နိုင်ငံသည် အစ္စရေး တို့၏ အကူ အညီဖြင့် စောင့်ကြည့် စစ်ဆေးမှုနှင့် ထိန်းချုပ်မှုများ ပြုလုပ်ရန် Hermes- 450 အမျိုးအစား မောင်းသူမဲ့ လေယာဉ်များအား အသုံးပြုလျက် ရှိကြောင်း အီရန် စစ်ရေး ကျွမ်းကျင်သူ များက ပြောကြား ခဲ့သည်။
အစ္စရေး နိုင်ငံသည် အဇာဘိုင်ဂျန် နိုင်ငံသို့ ၂ဝဝ၉ ခု နှစ်နှင့် ၂ဝ၁၂ ခုနှစ် အတွင်း အယ်လ်ဘစ် ကုမ္ပဏီမှ ထုတ်လုပ်သည့် Hermes-450 အမျိုးအစား မောင်းသူမဲ့ လေယာဉ်များအား ရောင်းချခဲ့ပြီး အစ္စရေး ဂြိုဟ်တု များသည် အဇာဘိုင်ဂျန် မောင်းသူမဲ့ လေယာဉ် များနှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။
ထို့အပြင် Hermes-450 UAVs လေယာဉ်၌ ဝေဟင်မှ ဝေဟင်ပစ် ဒုံးပျံနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ တပ်ဆင် ထားကြောင်း သိရသည်။
CNN- news
No comments:
Post a Comment