နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Saturday, May 18, 2013

KIA အဖွဲ့ဝင်များ၏ ကွန်မန်ဒိုသင်တန်းကို တရုတ်နိုင်ငံမှ အရာရှိဟောင်း မှသင်တန်းပေး

http://sphotos-f.ak.fbcdn.net/hphotos-ak-ash4/p480x480/217342_489513621120705_1266252529_n.jpg


KIA ဌာနချုပ်တွင်ဖွင့်လှစ်နေသော ကွန်မန်ဒို အထူးသင်တန်းကို တရုတ်တပ်မတော်မှ အငြိမ်းစား အရာ ရှိဟောင်းတစ်ဦးနှင့် ထိုင်းနိုင်ငံတွင် ကွန်မန်ဒို အထူးသင်တန်းကို တက်ရောက်ခဲ့သော KIA အရာရှိ မှ သင် ကြားပေးနေကြောင်းသိရှိရပါသည်။ 

KIA ဌာနချုပ်အတွင်းရှိ ကွန်မန်ဒို သင်တန်းကို မေလ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းတွင် တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် KIA ပြည်သူ့စစ် ၅ဦးအား သင်ကြားနေကြောင်း၊ သင်တန်းတွင် လက်ဖြောင့် (စနိုက်ပါ) ဘာသာနှင့် အနီးကပ် တိုက်ခိုက်ခြင်းနှင့် မြို့အတွင်းတွင် ဖောက်ခွဲ ဖျက်ဆီးမှု၊ လူကြီး/ ခေါင်းဆောင်များကို လုပ်ကြံမှုများနှင့် အခြားသော ဘာသာရပ်များကို သင်ကြားကြောင်း တပ်ဖွဲ့ဝင် တစ်ဦး၏ပြောပြချက် အရ သိရှိ ရပါသည်။

သင်တန်းကို တရုတ်တပ်မတော်မှဗိုလ်အဆင့်ဖြင့် အနားယူထားသော ရှေမင့်မင်းနှင့် KIA မှ ထိုင်း ကွန်မန်ဒို အထူးသင်တန်း တက်ရောက်ထားသော ဗိုလ် ရှောင်လွမ်းမှ သင်ပေးနေကြောင်း သိရှိရပါသည်။ သင်တန်း များကို ၂ပတ် သင်ကြားပေး မည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက လက်တွေ့လုပ်ဆောင်မှု များကို ပြုလုပ် ခိုင်းမည်ဟုလည်း အခြားသတင်းများအရ သိရှိရပါသည်။
From...ကချင်နေ့စဉ်သတင်း

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 