နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Thursday, May 16, 2013

မြန်မာပြည်မှသတင်းတိုများ

aung aungmks မှပေးပို့ တင်ပြပါသည်။
အိမ်ရှင်မှ အိမ်ငှားအား သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်ခြင်း
၁၃.၅.၂၀၁၃ ရက်နေ့ (၁၄၀၀)အချိန် မပန်းအိဖြူ၊ (၁၆)နှစ်၊ မှီခို၊ ဗမာ/ဗုဒ္ခ၊ (ဘ)ဦးထွန်းထွန်း၊ (၁၉)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူသည် ခင်ပွန်းဖြစ်သူ အပြင်သို့ အလုပ်လုပ်ရန် ထွက် သွားပြီး

 နေအိမ်အိပ်ခန်းနှင့်ကပ်လျက်အခန်းတွင်နေထိုင်သည့် အိမ်ရှင်ဖြစ်သူ ဦးဌေးလှိုင်(စိစစ်ဆဲ) (လိပ်စာတူ)မှ နေအိမ်အိပ်ခန်းအတွင်းသို့ ၀င်ရောက်လာပြီး မပန်းအိဖြူ၏ ခန္ခာကိုယ်ပေါ်သို့တက်ခွ ကာ သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်စဉ် မပန်းအိဖြူမှ အော်ဟစ်ရုန်းကန်၍ နေအိမ်အပြင်သို ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်သူ ဦးဌေးလှိုင်အပေါ် အရေး ယူပေးရန် မပန်းအိဖြူမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိ ပါသည်။
================
မကွေးစာသင်တိုက်တွင် သံဃာ(၂)ပါး စကားများရိုက်နှက်မှုဖြစ်ပွားခြင်း
၁၄.၅.၂၀၁၃ ရက်နေ့ (၂၂း၀၅) အချိန် ဒဂုံ(အရှေ့)မြို့နယ်၊ (၁)ရပ်ကွက်၊ အနော်ရထာလမ်း၊ မကွေးပရိယတ္ထိစာသင်တိုက်မှ ဦးကောသလ္လ(ခ)သာမောင်၊ (၂၁)နှစ်၊ (၁)၀ါ၊ (ဘ)ဦးကျော်တင့်နှင့် ရှင်ကေသရမှ အနီးရှိ မီးဖိုခန်းမှ (၁)ပေခန့်ရှိ ထင်းချောင်းပိုင်းနှင့် ဦးကောသလ္လအား (၃)ချက် ရိုက်နှက်ခဲ့ရာ ဦးကောသလ္လတွင် မေးစေ့အောက် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ အပေါ်သွား (၁)ချောင်း ကျိုး၊ ယာလက်ပြင်ဖူးရောင်ဒဏ်ရာများ ရရှိကာသင်္ဃန်းကျွန်းစံပြဆေးရုံတွင်အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် တက်ရောက်ကုသလျက်ရှိကြောင်း နှင့် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခမှ နှစ်ဘက် မိဘများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သင်းရရှိပါသည်။
================
လှည်းကူးမြို့နယ် တောအုပ်တစ်ခုထဲတွင် တောဆင်ရိုင်း(၁)ကောင်အား
နှာမောင်း၊ လျှာ၊ အစွယ်၊ လိင်အဂ်ါဖြတ်ခံရပြီး သေဆုံးနေကြောင်းတွေ့ရှိရ

၁၁.၅.၂၀၁၃ ရက်နေ့ (၁၄၀၀)အချိန် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဖက်တောင် တောစခန်း၏ အရှေ့ဘက် (၁)မိုင်ခွဲခန့်အကွာ လက်ခုပ်ချောင်းဖျား လမ်းဟောင်းဘေး တောထဲ တွင် တောဆင်ရိုင်း(၁)ကောင် သေဆုံးနေကြောင်း သတင်းအရ လှည်းကူးမြို့နယ်၊သစ်တောဦးစီး ဌာန၊ ဖောင်ကြီးဘိနယ်မှ တောအုပ်ကြီး ဦးလှရွှေနှင့်အဖွဲ့၊ လှည်းကူးမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာ မင်းထက်၊ ပဲခူးတိုင်းသစ်ထုတ်ရေး ပဲခူးတိုင်းဒေသကြီးရုံမှး ဒေါက်တာ ကျော်စိုး၊ မင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်းကိုနှင့်အဖွဲ့၊ ဖောင်ကြီးရဲစခန်း စခန်းမှူး ရဲအုပ် ခင်မောင်ဌေးနှင့်အဖွဲ့တို့သွားရောက်စစ်ဆေးရာ “ စွယ်စုံဆင် ” အမျိုးအစား၊ အရပ် (၇)ပေခန့်၊ လုံး ပတ် ခန့်မှန်းမရ (ပုတ်ပွနေသဖြင့်)၊ နှာမောင်း၊ လျှာ၊ အစွယ်၊ လိင်အင်္ဂါ ဖြတ်ခံထား ရပြီး မီးရှို့ဖျက် ဆီးခံထားရကြောင်း တွေ့ရှိရပါသည်။
========================
ဖခင်အရင်းမှ သမီးရင်းကို သားမယားအဖြစ်ပြုကျင့်ခြင်း
(၁၃.၅.၂၀၁၃)ရက်နေ့(၂၁၃၀)အချိန် တွံတေးမြို့နယ်၊ မြရိုးကျေးရွာနေ (၂၃)နှစ်အရွယ်သမီး ဖြစ်သူသည် ဖခင်ဖြစ်သူ ဦးဝင်းရွှေ နှင့် အောင်ထွန်းချောင်းထဲ ငါးမျှားသွားရာသို့ လိုက်ပါသွားခဲ့ရာ (၂၃၀၀)အချိန် ချောင်းထဲ၌ ဖခင် ဖြစ်သူမှ ဦးဝင်းရွှေမှ သားမယားအဖြစ်ပြုကျင့်လိုကြောင်းပြောရာ လက်မခံသဖြင့် သမီးဖြစ်သူအား ပါးရိုက်ပြီး ပါးစပ်ကို အကျီဖြင့်စည်း၍ပိတ်ခြင်း၊ ခြေနှစ်ဖက်၊ လက် နှစ်ကို လှေဘောင်တွင် ကြိုးဖြင့် ချည်နှောင်ခြင်းများ ပြုလုပ်ပြီး သားမယားအဖြစ် (၄)ကြိမ်ပြုကျင့် ကာ နံနက်(၀၅၀၀)အချိန်တွင် ကြိုးများဖြေပေးပြီး အိမ်ပြန်ရောက်ခဲ့ရာ သမီးဖြစ်သူမှ ဆယ်အိမ်မှူး ထံတိုင်တန်းရန်သွားးရောက်ခဲ့ရာ ဆယ်အိမ်မှူးမှ ဘုရားဖူးသွားနေသဖြင့် တွံတေးရဲစခန်းသို့ လာရောက်တိုင်တန်းသောအမှု ဖြစ်ပါသည်။
==========================
အင်တာနက်မှတဆင့် သိကျွမ်းခဲ့သူမှ အသက်မပြည့်သူအား ခိုးယူပေါင်းသင်း၍ အရေးယူခြင်း
၁၂.၅.၂၀၁၃ ရက်နေ့ (၁၁၃၀)အချိန် မသင်းမြတ်လင်း၊ (၃၄)နှစ်၊ မှီခို၊ ဗမာ/ဗုဒ္ခ၊ (ဘ)ဦးစံတင်၊ (၂၉)ရပ်ကွက်၊ ဒဂုံ(မြောက်)နေသူသည် နေအိမ်တွင်ရှိနေစဉ် မင်္ဂလာတောင်ညွန့် မြို့နယ်နေ ယောက်မဖြစ်သူ ဒေါ်သန္တာလှိုင်၏ အကြောင်းကြားချက်အရ ၄င်းနေအိမ်သို့ အလည် သွားနေသော မသင်းမြတ်လင်း၏သမီးဖြစ်သူ မခြူးလဲ့ဇင်မာ၊ (၁၂)နှစ်(၇)လသည် ၄င်းနေ့ (၁၀၅၀)အချိန်တွင် မုန့်ဝယ်စားမည်ဟုပြောဆိုပြီး အိမ်မှ ထွက်သွားရာ ပြန်မလာကြောင်း သိရှိရ၍ လိုက်လံရှာဖွေခဲ့ရာ (၁၄.၅.၂၀၁၃)ရက်နေ့ (၁၆၀၀)အချိန်တွင် ဒလမြို့ဈေးအနီးအနီးရှိ လမ်းမပေါ် ၌ မင်းသူ၊ (၂၃)နှစ်၊ ဈေးရောင်း၊ ဗမာ/ဗုဒ္ခ၊ (ဘ)ဦးဇော်မင်း၊ (၃၂)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူ နှင့်အတူတွေ့ရှိရသဖြင့် သမီးဖြစ်သူအား မေးမြန်းရာ လွန်ခဲ့သော (၁၀)ရက်ခန့်က အင်တာနက် ပေါ်တွင် သိကျွမ်းခဲ့သော မင်းသူသည် (၁၂.၅.၂၀၁၃)ရက်နေ့ (၁၀၀၀)အချိန်ခန့်တွင် ဖုန်းဆက်၍ ကျောက်တံတားမြို့နယ်၊ (၃၂)လမ်းသို့ မုန့်ဝယ်စားရန်ချိန်းဆိုသဖြင့် သွားရောက်တွေ့ဆုံ၍ မုန့်စား ခဲ့ပြီး မင်းသူမှ၎င်းအား ဖြားယောင်းသွေးဆောင်၍ မ/ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက် ရှိ “ အေးရိပ်မွန် ” တည်းခိုခန်းတွင် ကာမရယူပေါင်းသင်နေထိုင်ခဲ့သဖြင့် မင်းသူအပေါ်အရေးယူ ပေးရန် မသင်းမြတ်လင်းမှ တိုင်တန်းသဖြင့် အရေးယူဆောင်ရွက်မှုဖြစ်ပါသည်။

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 