နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Wednesday, May 15, 2013

ပိုမို ကောင်းမွန်သည့် သင်္ဘောဖျက် ခရုဇ် ဒုံးပျံများအား IRGC ရေတပ်ဖွဲ့တွင် တပ်ဆင်သွားရန် အီရန်နိုင်ငံ စီစဉ်


 တီဟီရန် မေ ၁၃
အီရန် နိုင်ငံသည် လက်ရှိ အချိန်တွင် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ Islamic Revolutionary Guard Corps (IRGC) ၏ ရေတပ်အတွက် အကွာအဝေး ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) အထိ ပစ်ခတ်နိုင်သော ပဲ့ထိန်း ဒုံးပျံများ အပါအ၀င် ဒုံးပျံ အများအပြား ထုတ်လုပ်လျက် ရှိကြောင်း၊



 တာဝေး အမျိုးမျိုးနှင့် ခေတ်မီ အဆင့်မြင့် စွမ်းပကားများ ပါဝင်သည့် သင်္ဘောဖျက် ခရုဇ်ဒုံးပျံအသစ်များအား မကြာမီ တပ်ဆင် ပေးနိုင်မည် ဖြစ်ကြောင်းနှင့် ယင်းဒုံးပျံ များသည် ရေတပ် စစ်ဆင်ရေး များတွင် ခံစစ် ဆင်နိုင်စွမ်းကို မြှင့်တင် ပေးနိုင်မည် ဖြစ်ကြောင်း အီရန် ကာကွယ်ရေး ၀န်ကြီး ဌာန၏ အာကာသနှင့် လေကြောင်းဆိုင်ရာ အဖွဲ့အစည်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် မယ်ဒီ ဖာရာဟီက မေ ၁၂ ရက်က ပြောကြားခဲ့သည်။
ပင်လယ် ရေကြောင်းမှ ခြိမ်းခြောက်မှု များအား ရင်ဆိုင်ရာတွင် နိုင်ငံ၏ ကာကွယ် နိုင်စွမ်းကို မြှင့်တင်ရန် အတွက် တိုက်လေယာဉ် များတွင် ဝေဟင်မှ ရေပြင်ပစ် Nour ခရုဇ် ဒုံးပျံများ တပ်ဆင်ရေး စီမံကိန်းကို ၂၀၁၃ ခုနှစ် ဧပြီလတွင် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ Nour ခရုဇ် ဒုံးပျံများသည် အကွာအဝေး ၁၂၀ ကီလိုမီတာ (၇၅မိုင်) အထိ ပစ်ခတ်နိုင်ပြီး အီရန် ကြည်းတပ်နှင့် IRGC တို့၏ ကမ်းခြေစောင့် တပ်ဖွဲ့၊ စစ်သင်္ဘော များနှင့် တိုက်လေယာဉ် များမှ တစ်ဆင့် ရန်သူ၏ စစ်သင်္ဘောများ၊ လောင်စာ ဆီ ထောက်ပံ့ရေး နေရာများနှင့် တပ်ဖြန့် ချထားသည့် ရေတပ်ဖွဲ့ နေရာများအား စစ်ကစားမှု အမျိုးမျိုးဖြင့် စစ်ဆင် တိုက်ခိုက်ရာတွင် ကောင်းစွာအသုံး ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 