နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Sunday, May 26, 2013

လှိုင်သာယာတွင် အသက် (၂၀)အရွယ် အမျိုးသား တစ်ဦး ဆွဲကြိုးချသေ ဆုံးမှု ဖြစ်ပွား၊ ရန်ကုန်တွင် ယခုလ အတွင်း ဆွဲကြိုးချ သေဆုံးမှု (၈) ကြိမ်ရှိပြီဖြစ်


လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊ အောင်ချမ်းသာလမ်းတွင် အသက် ၂၀ ၀န်းကျင်ရှိ အမျိုးသားတစ်ဦး ကိုယ့် ကိုယ် ကိုယ် ကြိုးဆွဲချသေဆုံးမှု မေ ၂၅ ရက် မွန်းလွဲ ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထိုအမျိုးသားသည် အမြင့် ၁၀ ခန့်ရှိ သစ်ပင်တွင် ၎င်းဝတ်ဆင်သော ပုဆိုးကို ကြိုးကွင်းအဖြစ် အသုံးပြု ကာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်သည်။
 
သေဆုံးသူမှာ သံပန်းအလုပ် လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး မသေဆုံးမီက ၎င်းသည် အိမ်မှ ပိုက်ဆံ ရှစ်သောင်း ယူပြီး သုံးစွဲနေရာ ဖခင်နှင့် အစ်ကိုဖြစ်သူတို့မှ တည်းခိုခန်းတွင် နေထိုင်ကြောင်း သိရှိသဖြင့် လိုက်လံခေါ်ေ ဆာင် ခဲ့သည်။
ယင်းနောက် မိသားစုနှင့် စကားများရာ အောင်ချမ်းသာလမ်း တစ်ဝက်တွင် တစ်ဦးတည်း ချန်ရစ်ကာ ယခု လို ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ၏ အိတ်ထဲတွင် ငွေကျပ် ၄၀၀၀၀ ကို တွေ့ရှိပြီး ၎င်းမှာ လှိုင်သာယာမြို့နယ် ၇ ရပ် ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
"ဆွဲကြိုးချ သေဆုံးတဲ့သူက ဒီရပ်ကွက်မှာ နေထိုင်သူတော့ မဟုတ်ဘူး။ ၇ ရပ်ကွက်မှာ နေထိုင်တာ။ စတွေ့ တုန်း ကတော့ လမ်းမှာ သူ့အဖေ၊ အစ်ကိုတွေနဲ့ စကားများတာတော့ တွေ့တယ်။ ပြီးတော့ သူက အောင် ချမ်းသာလမ်းနဲ့ မင်္ဂလာလမ်းဆုံမှာ တစ်ယောက်တည်း နေခဲ့တယ်။ သူ့အဖေနဲ့ အစ်ကိုတွေက ခေါ်လို့မ ရတော့လို့ ထားခဲ့တယ် ထင်တာပဲ။ ပြီးတော့ သူအောင်ချမ်းသာလမ်းထဲကို ၀င်သွားတာ တွေ့လိုက်တယ်။ ခဏကြာတော့ လူတစ်ဦး ဆွဲကြိုးချ သေနေတယ်ဆိုတာကြားလို့ လာကြည့်တော့ သူဖြစ်နေတယ်" ဟု အဆို ပါ ရပ်ကွက်နေသူ တစ်ဦးက ပြောပြသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ယခုလအတွင်း ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးမှု ရှစ်ကြိမ် ရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၏ ထုတ်ပြန်ချက်များအရ စုံစမ်း သိရသည်။
ထိုသို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသူများမှာ စိတ်ကယောင်ချောက် ချား ဖြစ်သူများနှင့် ကုသ၍မရသော ရော ဂါဝေဒနာ ခံစားနေရသူများ၊ စီးပွားရေးလုပ်ငန်း မပြေလည်သူများ၊ စိတ်ကျဝေဒနာ ခံစားနေရသူ များဖြစ်ြေ ကာင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်များမှ လေ့လာသိရှိရသည်။
ယခုလအတွင်း မိမိကိုယ်ကို သတ်သေသူများမှာ အမျိုးသားများ အများဆုံးဖြစ်ကြောင်း သိရပြီး လူ လတ်ပိုင်းနှင့် အသက်အရွယ် ကြီးသူများ ဖြစ်ကြကြောင်း သိရှိရပါသည်။
eleven media group

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 