
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲမှုများ ပိုမိုများပြားလာသည့်အတွက် အစိုးရတာဝန်ရှိသူများမှ ထိထိရောက်ရောက် အရေးယူပေးရန် လိုအပ်ကြောင်း
သိရသည်။
ကျောက်မဲမြို့တွင် လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်၍ မူးယစ်ဆေးဝါးများကို ပိုမိုသုံးစွဲလာကြသလို တာဝန်ရှိသူများဘက်မှလည်း ထိရောက်သည့် အရေးယူဆောင်ရွက်ခြင်း မရှိသလို မူးယစ်ဆေးများ၏ ကာလပေါက်ဈေး ကျဆင်းလာသည့်အတွက် သုံးစွဲသူများ ပိုမိုများပြားလာ ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“အများဆုံးကတော့ ၁၂ နှစ်ကျော်ရင်တော့ ရှုကုန်ပြီပဲ၊ လက်သမား ပန်းရံလုပ်တဲ့ အလုပ်ကြမ်းလုပ်တဲ့ကောင်ကအစ ဘိန်းရှုတဲ့အဆင့်
ရောက်ကုန်ပြီ”ဟု ကျောက်မဲမြို့ ၉ ရပ်ကွက်တွင် နေထိုင်သူ ကိုဖိုးငယ်က မြန်မာ့ခေတ်သို့ ပြောကြားသည်။
မူးယစ်ဆေးဝါးများကို ယခင်ကထက် ပေါ်ပေါ်ထင်ထင် ရောင်းချ
လာသလို တာဝန်ရှိသူများဘက်မှလည်း ဖမ်းဆီးအရေးယူမှု မရှိ
ခြင်းကြောင့် ယခုကဲ့သို့ သုံးစွဲမှု များပြာလာခြင်း ဖြစ်သလို ဈေးနှုန်း များမှာလည်း မည်သူမဆိုဝယ်ယူ သုံးစွဲနိုင်လောက်သည့် အနေ အထားမျိုး ဖြစ်လာသည့် အတွက် ယခုကဲ့သို့ လူငယ်များ ပျက်စီး ကြရခြင်းဖြစ်ကြောင်း သိရသည်။
“ကျောင်းတက်တုန်းက သူငယ်ချင်းတွေအများကြီးပဲ၊ အခုမရှိတော့ဘူး၊ အတော်များများက သေကုန်ပြီ၊ ကျန်တဲ့လူတွေကလည်း ဆေးဘဲတွေ ဖြစ်ကုန်ပြီ”ဟု ကျောက်မဲမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောကြားသည်။
တာဝန်ရှိသူများဘက်မှ လာရောက်ဖမ်းဆီးမှုများ ပြုလုပ်သော်လည်း ဖမ်းမိသည်မှာ ရှာကြောင်း၊ သုံးစွဲသူများနှင့် ရောင်းချသူများမှာ ယခု အချိန်ထိ ပေါ်ပေါ်ထင်ထင် သုံးစွဲရောင်းချနေကြပြီး အိမ်တွင်ရောင်းချရုံတွင် မကဘဲ ဝယ်လိုသူ၏ အိမ်သို့ပင် လိုက်လံပို့ဆောင် ရောင်းချမှုများ ရှိကြောင်းလည်း သိရသည်။
မြို့ခံများအနေဖြင့် မူးယစ်ဆေးသုံးစွဲမှုများပပျောင်အောင် အစိုးရ တာဝန်ရှီသူများဘက်မှ ဆောင်ရွက်ပေးစေလိုကြောင်း၊ တာဝန်ရှိ
သူများ မသိသောကြောင့် ယခုချိန်ထိ အရေးယူမှု အားနည်းနေခြင်း
ဖြစ်နိုင်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများလည်း မရှိကြောင်း
ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။
ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါးများကို ၂၀၁၀ နောက်ပိုင်းတွင်
ယခုကဲ့သို့ ပိုမိုတွင်ကျယ်စွာ ရောင်းဝယ်သုံးစွဲလာကြကြောင်း၊
လက်ရှိ သုံးစွဲ နေသော မူးယစ်ဆေးဝါးများမှာ ခက်ခူး၊ ရာမ၊
ဘိန်းဖြူ အစရှိသဖြင့် အမျိုအစား အတော်များများ သုံးစွဲနေ
ကြကြောင်း၊ ဆယ်ကျော်သက် လူငယ်များ ပိုမိုသုံးစွဲကြကြောင်း၊
ဈေးနှုန်းများမှာလည်း ၅၀၀- ၁၀၀၀ ခန့်ဖြင့်ပင် ဝယ်ယူ သုံးစွဲနိုင်
သဖြင့် ယခုကဲ့သို့ ပိုမို ပျက်စီးလာရခြင်း ဖြစ်ကြောင်း၊ တာဝန်ရှိ
သူများဘက်မှ ထိရောက်အောင် ဆောင်ရွက်ပေးရန် လိုအပ်နေပြီ
ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
ဝေယံ
The Myanma Age
No comments:
Post a Comment