ရွေးကောက်ပွဲမှာ မဲထည့်ဖို့ စောင့်ဆိုင်းနေကြတဲ့ဖိလစ်ပိုင်ပြည်သူများ
ဖိလစ်ပိုင်နိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲ အကြို မဲဆွယ်စည်းရုံးရေး ကာလအတွင်းမှာ လူပေါင်း ၆၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သမ္မတကို ထောက်ခံသူ ၇ ဦး ဟာလည်း မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း ပုန်းအောင်း တိုက်ခိုက်ခံ ရပြီး အသတ်ခံ ခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်မှာလည်း အလားတူ ပုန်းအောင်း တိုက်ခိုက်မှု မှာတော့ သမ္မတရဲ့ အပါးတော် တစ်ဦးက အသက်ဘေး လွတ်ကင်းခဲ့တယ်လို့ သိရပါတယ်။
သတ်ဖြတ်ခံရသူ အားလုံးဟာ အကြမ်းဖက်မှု တွေများတဲ့ တောင်ပိုင်းဒေသ မွတ်စလင် ခွဲထွက်ရေး လက်နက်ကိုင်ပုန်ကန်တဲ့ အဖွဲ့တွေ ကြီးစိုးတဲ့ နေရာဖြစ်ပြီး နိုင်ငံရေးစစ်နယ်ရှင်တွေက ပုဂ္ဂလိက စစ်တပ်ဖွဲ့ တွေထားရှိတဲ့ ဒေသဖြစ်တယ်လို့ ဆိုပါတယ်။
မြို့တော်ဝန်အဖြစ် ရွေးကောက်ခံမည့် အဖွဲ့ ၂ ဖွဲ့ကြား သေနတ်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး လူ ၃ ဦး သေဆုံးသွား ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ လက်ရှိ ကြားဖြစ်ရွေးကောက်ပွဲမှာ မြို့တော်ဝန် ရာထူး ပြည်နယ် အုပ်ချုပ်ရေးရာထူး တွေအတွက် လွှတ်တော်ကိုယ်စားလှယ်အမတ်တွေ ယှဉ်ပြိုင်ရွေးကောက်ခံ နေတာဖြစ်ပါတယ်။
ABC Radio Australia

exitzone1
No comments:
Post a Comment