ကချင်ပြည်နယ်၊မိုးညှင်းမြို့ ပြည်ခိုင်ဖြိုးပါတီဧည့်ရိပ်သာနှင့်
မြို့နယ်စည်ပင်ဝန်ထမ်းအိမ်ယာ အနီးတွင် မှို သွား ရှာသွားသော လူငယ်နှစ်ဦးမှ
တရုတ်နိုင်ငံလုပ် နိုင်တီဝမ်းအမျိုးအစားလက်ပစ် ဗုံး(၃)လုံးတွေ့ ရှိခဲ့
သဖြင့်သက်ဆိုင် ရာသို့အကြောင်းကြားခဲ့ရသော ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပေသည်။
စုံစမ်းသိရှိရသည်မှာ မိုညှင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့
ဝန်ထမ်းအိမ်ယာတွင်နေထိုင်သော စည် ပင်နေ့ စားဝန်ထမ်းမောင်
သင်္ကြန်နှင့်မောင်ကျော်စိုးတို့သည် မေလ(၁၄)ရက်နေ့နံနက်(၇)နာရီခွဲ အချိန်
တွင် စည်ပင်ဝန်ထမ်းအိမ် ယာအနီးတောစပ်သို့မှိုရှာထွက်ခဲ့ ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဧည့်ရိပ်သာ၏
အနောက်ဘက်ပေ(၂၀၀)ခန့် အကွာရှိ ပိန္နဲ ပင်အောက် တွင်
လက်ပစ်ဗုံး(၃)လုံးတွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာသို့ဆက်သွယ် အကြောင်းကြား
ခဲ့ရာ နယ်မြေခံ အမြှောက်တပ်ရင်းမှူးဒုတိယ
ဗိုလ်မှူးကြီးနေမင်းဦးနှင့်တပ်ဖွဲ့
ဝင်များ၊မိုးညှင်းမြို့၊မြို့မရဲစခန်းမှူး ဒုတိယ
ရဲမှူးလှထွေးနှင့်တပ်ဖွဲ့ဝင် များ၊အောင်သပြေရပ်ကွက်အုပ်
ချုပ်ရေးမှူးဦးနော်လာနှင့်အဖွဲ့ ၀င်များ သည် အခင်းဖြစ်အရပ်သို့
လာရောက်စစ်ဆေးကြသည်။
ထိုသို့စစ်ဆေးချက်အရ အဆိုပါတွေ့ရှိသောလက်ပစ်ဗုံး
(၃)လုံးမှာတရုတ်နိုင်ငံလုပ်နိုင်တီ ၀မ်း (၉၁)အမျိုး အစား လက်ပစ်ဗုံး
(အဟောင်း)များဖြစ်ပြီးပေါက်ကွဲ နိုင်မှုစွမ်းအားမရှိတော့ကြောင်း
သိရှိရပြီးတွေ့ ရှိရေ သာ လက်ပစ်ဗုံး (၃)လုံးအားဒုတိယဗိုလ်မှူးကြီး
နေမင်းဦးနှင့်အဖွဲ့မှသိမ်းဆည်း သွားခဲ့ကြောင်း သိရှိရပါ သည်။
သစ္စာ(မိုးညှင်း)
The Hot News
No comments:
Post a Comment