Tags
- စစ်လက်နက်ဆန်းများ (2)
- နိုင်ငံတစ်ကာစစ်ရေးရာသတင်း (17)
- ဗဟူသုတဆောင်းပါးများ (5)
- ဗွီဒီယိုဖိုင်များကြည့် ရန် (8)
- ပြည်တွင်းပြည်ပ သဘာဝလွန် ဖြစ်ရပ်များ (1)
- ပြည်တွင်းစစ်သတင်း (15)
- ပြည်တွင်းနိုင်ငံရေးအာဘော် (20)
- ပြည်ပနိုင်ငံခြားမှု့ ခင်းသတင်း (17)
- ပြည်ပနိုင်ငံရေးသတင်း (18)
- မြန်မာ့ ကုန်ထုပ်လုပ်စီးပွားရေး (2)
- မြန်မာ့နိုင်ငံရေးအကြောင်း (3)
- မြန်မာပြည်မှု့ ခင်းသတင်း (58)
- မြန်မာပြည်အထွေထွေသတင်းတိုများ (43)
- အွန်လိုင်းဆိုင်ဘာတွင်တိုက်ခိုက်ဖွနေသူများ (3)
- ဖျော်ဖြေရေးသတင်း (1)
- မေးလ်ဖြင့်လာရောက်ပေးပို့ သူများ (2)
Showing posts with label ပြည်တွင်းစစ်သတင်း. Show all posts
Showing posts with label ပြည်တွင်းစစ်သတင်း. Show all posts
Wednesday, September 4, 2013
Friday, August 16, 2013
KNU တပ်က BGF ကို ဝင်တိုက်၊ အရေးယူ ပေးမည်ဟု KNU စစ်ဦးစီးချုပ် ကတိပေး

Friday, 16 August 2013 16:32
Written by ဖြူဖြူကို
ယနေ့ နံနက် ၃ နာရီ မိနစ်၄၀ တွင် ဖာပွန် ခရိုင် KNU တပ်မဟာ (၅) ၏ တပ်ရင်း (၁၀၂) အဖွဲ့သည် ခစတ ၁၀၁၄ တပ်ရင်း ကန်ညီနောင် အောက်ဘက်ရှိ ၀ဲကြီး စခန်းကို အလစ်ငိုက် ၀င်ရောက် တိုက်ခိုက် ခဲ့ရာ အသေပျောက် ရှိခဲ့ကြောင်း BGF မှ သတင်းနှင့် ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
“ပစ်ခတ် မှုက (၁၀) မိနစ် ကြာတယ် ကျနော် တို့ကို လာတိုက်တော့ ပြန်ခုခံ၊ ရတာပေါ့ ကျနော်တို့ ဘက်က တပ်သား ၁ ယောက်တော့ ကျသွားတယ်။ ဒဏ်ရာ ရတဲ့ ဒု တပ်ကြပ် ၁ယောက်နဲ့ တပ်သား ၁ ယောက် ကို မော်လမြိုင် ဆေးရုံ ကြီးမှာ ပို့ထား ရပါတယ်။ သူတို့ ဘက်က အကျအဆုံး မတွေ့ ရဘူး” ဟု ၄င်းမှ ဆိုပါသည်။
ယခု ကဲ့သို့ ငြိမ်းချမ်းရေး ရယူ ထားသည့် ကာလ ဖြစ်သည့် အတွက် တစ်ဦးနှင့် တစ်ဦး ယုံယုံ ကြည်ကြည်နှင့် အေးအေး ချမ်းချမ်း နေထိုင်သည့် အချိန်မျိုးတွင် အလစ်ငိုက် ၀င်တိုက်သည့် တိုက်ခိုက် မှုမျိုး မဖြစ်သင့်ကြောင်း BGF ဘက်မှ ရှူ့မြင် ပါသည်။
ခစတ ၁၀၁၄ သည် နယ်ခြားစောင့်တပ် အမှတ် (၁) တပ်နယ် ကွက်ကဲမှု လက်အောက်ခံ ဗိုလ်အေဘီလွင်က ဦးစီးပြီး ၀ဲကြီး စခန်းတွင် အင်အား ၁၅ ဦးဖြင့် အခြေပြု နေထိုင်နေပြီး ၄င်းတို့အား ဖာပွန်ခရိုင် KNU တပ်မဟာ (၅) ရင်း (၁၀၂) မှ တပ်စုမှူး အဆင့်ရှိ သည့် ဖန်းနု ဦးစီး အင်အား ၂၀ ခန့် က လာရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုပါသည်။
ယင်းဖြစ်စဉ်အား ၀မ်းနည်း ခဲ့ ကြောင်းနှင့် ပြင်းပြင်း ထန်ထန် ကန့်ကွက် ခဲ့ကြောင်း KNU စစ်ဦးစီး ချုပ်နှင့် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီ တာဝန်ရှိသူအား အကြောင်းကြား ထားခဲ့ သည်ဟု နိုင်မောင်ဇော်က ဆက်ပြောသည်။
“ဒီဖြစ်စဉ်က ငြိမ်းချမ်းရေးကို မထိခိုက် နိုင်ပေမယ့် မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီကိစ္စ တွေနဲ့ ပတ်သတ်ပြီး အထက်က အကြီးအကဲတွေ ညှိနှိုင်း ပြောဆို တာတို့ ပြုလုပ် နေပါပြီ။ KNU စစ်ဦးစီးချုပ် ကလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျူးလွန်တဲ့ သူကို စုံစမ်းပေးပြီး ထိထိ ရောက်ရောက် အရေးယူ ပေးမယ်လို့ ဒီနေ့ မှာပဲ ဂတိပေး လိုက်တယ်” ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး ကော်မီတီ ပုံမှန် အစည်းအဝေး သို့တိုင် စောင့်နေမည် ဆိုပါက နှစ်ဖက် တပ်ဖွဲ့ များအတွက် မလိုလား အပ်သော ပြသနာများ ပေါ်ပေါက် လာနိုင်မည် ဖြစ်ကာ ယခု ရက်ပိုင်း များအတွင်း ကရင် လက်နက်ကိုင် တပ်များ၏ အရေးပေါ် အစည်း အဝေးကို ခေါ်ယူ ကျင်းပ သွားရန် ရှိနေပြီး ၄င်း ကိစ္စအား ဆွေးနွေးရန် ရှိနေပါသည်။
ကရင် လက်နက်ကိုင် တပ်များ၏ ပုံမှန် အစည်းအဝေးကို (၃) လတစ်ကြိမ် ပုံမှန် ပြုလုပ်လေ့ ရှိကာ လာမည့် အစည်းအဝေးမှ စက်တင်ဘာလ (၃) ရက်နေ့၌ ကျင်းပရမည် ဖြစ်သည်။
ယခု မိမိတို့ အပေါ် လာရောက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အကြောင်းရင်းကို မိမိတို့ မသိရှိ ရသေး သော်လည်း အောက်ခြေ ပြသနာ အဖြစ် BGF ဘက်မှ ခံယူ ထားပါသည်။ KNU အောက်ခြေ အဖွဲ့က အထက်အမိန့် ကို မနာခံ သလို ငြိမ်းချမ်း ရေးကို အလေးမထားပဲ မိမိ စိတ်ခံစား ချက်နှင့် လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု သုံးသပ်ကြောင်း ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
မည်သို့ပင် ဆိုစေကာမူ ပြသနာ ကြီးကြီးမာမား မဖြစ်ရန် တာဝန်ရှိသူ များက အချိန်မှီ တွေ့ဆုံရန် လိုအပ်ကြောင်း ဆိုပါသည်။ ယခု ဖြစ်စဉ်သည် KNU နှင့် BGF တို့အကြား လက်နက်ကိုင် ပဋိပက္ခ ဖြစ်ကြသည့် ပထမဆုံး ဖြစ်စဉ်လည်း ဖြစ်သည်။
ထိုကဲ့သို့ ကရင် လက်နက်ကိုင် အဖွဲ့များကြား ဖြစ်ပေါ် လာသော ပဋိပက္ခ များကို ငြိမ်းချမ်းစွာ ဖြေရှင်း သွားကြရန် အဓိက ရည်ရွယ် ၍လည်း ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး ကော်မီတီကို ဖွဲ့စည်း ထားခဲ့ခြင်း ဖြစ်သည်။
http://
ထိုအဖွဲ့အား ပြီးခဲ့သည့် မေ (၂၈) ရက်နေ့ တွင်KNLA ၏ ကော့ကရိတ် မြို့နယ်တွင်းရှိ ထို့ကော်ကိုး စခန်းတွင် ကရင် လက်နက်ကိုင် အဖွဲ့အစည်း (၆) ဖွဲ့ ဖြင့် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။
ထို ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး ကော်မီတီ အဖွဲ့ဝင် များမှာ ဗိုလ်မှူး ချစ်သူ (BGF)၊ ဗိုလ်မှူး စောကြာအဲ (BGF)၊ ဒေါက်တာ စောဌေးမြင့် (BGF)၊ ဖိုးရင်နု (KNU/KNLA-Peace council)၊ ဗိုလ်မှူးကြီး စောယိုရှူး၊ ဦးမြင့်သန်း၊ ဦးကျော်မြင့် (ဘုရားကုန်း အဖွဲ့၊ ပဒိုဖောဒို (KNU ) ပဒိုရွှေမောင်း (KNU)၊ ပဒိုအောင်မော်အေး (KNU)နှင့် ဗိုလ်ချုပ်ကြီး ဂျော်နီ (KNU)၊ ဗိုလ်ချုပ် မိုရှေး(DKBA) ၊ဗိုလ်မှူးကြီး စောကျော်သက် (DKBA)၊ ဗိုလ်မှူးကြီး စောသန်းအောင်၊ ဗိုလ်မှူး စတီဗာ (KPF)၊ စောနေ၀င်း (KPF)၊ စောအယ်မိုး (KPF) တို့ဖြစ် ကြကာ ကော်မီတီ အဖွဲ့ ခေါင်းဆောင်မှာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ ဖြစ်သည်။
KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ ဓါတ်ပုံ (KNU via KIC)
ရွေင်္ဟသာသတင်းဌာန
Saturday, June 8, 2013
ဝ တပ်ဖွဲ့နှင့် စစ်ရေးတင်းမာမှုကြောင့် အစိုးရတပ် သံချပ်ကာကား ၁၀ စီးကျော် အင်အားဖြည့်
UWSAUWSA ခေါ် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သံလွင်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်း ဝ တပ်ဖွဲ့ နှင့် မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာလျှက်ရှိသောကြောင့် နှစ်ဘက်တပ်အပြိုင် အင်အားဖြည့်နေ ကြောင်းစုံစမ်းသိရှိရသည်။
Thursday, May 16, 2013
ဒုတိယကမ္ဘာစစ်မတိုင်ခင်က-မြန်မာပြည်သူပေါင်းများစွာ သတ်ဖြတ်ခဲ့သည့် အမြောက် ပြည်သူ့ရင်ပြင်၌တွေ့

အများပြည်သူများ အပန်းဖြေရာ နေရာတစ်ခုဖြစ်သည့် ပြည်သူ့ရင်ပြင်ဝင်း
အတွင်းရှိ ဦးဝိစာရ ရှော့ပင်းမောလ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဒုတိယ
အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံး ထန်းလုံး အမြောက်တစ်ခုကို မေလ ၁၃ ရက်နေ့ နံနက်
၁၀ နာရီ ၁၅ မိနစ်က တွေ့ရှိခဲ့ကြောင်း သွားရောက် စစ်ဆေးသည့်
ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊
ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။
မူဆယ်ရဲစခန်း မြောက်ဘက် ၆ ဖာလုံခန့် အကွာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

၂၀၁၃ခုနှစ်၊ မေ ၁၆ရက် ည ၉နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မူဆယ် ရဲစခန်းမြောက်ဘက် ၆ ဖာလုံခန့်အကွာ ဟိုမွန် ရပ်ကွက်၊ သစ်တောရုံးလမ်းရှိ မြို့နယ်သစ်တော ၀န်ထမ်း အိမ်ယာ ခြံဝင်း၏ အနောက်တောင်ဘက် ခြံစည်းရိုးနှင့် ကပ်လျက် အမှိုက်ပုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
Tuesday, May 14, 2013
သျှမ်း/အရှေ့တွင် မြန်မာစစ်တပ် ထူးခြားလှုပ်ရှားနေ

May 14, 2013 Posted by သျှမ်းသံတော်ဆင့်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်တို့၌ အခြေစိုက် မြန်မာစစ်တပ်များ ယခုလအတွင်းထူးခြားစွာ လှုပ်ရှား အားဖြည့် နေကြောင်း သျှမ်းပြည်အရှေ့ပိုင်းဒေသခံ
ပေါက်ဖော်ကြီးဇာတိပြပြီလား
SSA ရွက်ဆစ်အဖွဲ့တရုတ်နိုင်ငံအတွင့်သို့မော်တော်ယာဉ်များဖြင့်ထွက်ပြေးတိမ်းရှောင်နေစဉ်
ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံသည် တရုတ်-မြန်မာနိုင်ငံနယ်စပ်ရှိ မြန်မာအစိုးရအား ဆန့်ကျင်လျက် ရှိသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအား လေယာဉ်ပစ်လက်နက်များ၊ သံချပ်ကာကားများ၊ ရဟတ်ယာဉ်များ ပေးပို့ခဲ့သည်ဟူသော ရေးသားချက်များကို ထင်ရှားသည့် ထောက်လှမ်းရေး စာစောင်တစ်ခုဖြစ်သည့်
ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံသည် တရုတ်-မြန်မာနိုင်ငံနယ်စပ်ရှိ မြန်မာအစိုးရအား ဆန့်ကျင်လျက် ရှိသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအား လေယာဉ်ပစ်လက်နက်များ၊ သံချပ်ကာကားများ၊ ရဟတ်ယာဉ်များ ပေးပို့ခဲ့သည်ဟူသော ရေးသားချက်များကို ထင်ရှားသည့် ထောက်လှမ်းရေး စာစောင်တစ်ခုဖြစ်သည့်
နမ့်ခမ်းမြို့ပေါ်တွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား

နမ့်ခမ်းမြို့နယ် တရားရုံးမြင်ကွင်း (ဓာတ်ပုံ – SHL / မူဆယ်)
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လက်နက်ဖြင့် ပစ်ခတ်မှုရှိနေသေးသဖြင့် နမ့်ခမ်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များ နေရပ်ပြန်ရန် အခက်ကြုံနေကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုသည် နမ့်ခမ်းမြို့နှင့် မိန်းဝီးသို့ သွားရာလမ်းတွင်
Monday, May 13, 2013
လက်နက်ကိုင်ပြီး တိုက်ခိုက်မည်ဟု ကြိမ်းဝါးသည့် DKBA နှင့် MPC တို့ လက်နက် မကိုင်သည့် နည်းလမ်းဖြင့် ပဋိပက္ခ ဖြေရှင်းရန် ဆွေးနွေး

DKBA နှင့် အစိုးရ၏ နယ်ခြားစောင့်တပ် တို့အကြား ပစ်ခတ်မှုများ
ဖြစ်ပွားခဲ့ကြသည့်အပေါ် လေ့လာဆန်း စစ်နိုင် ရန် မြန်မာ့ ငြိမ်းချမ်းရေး
စင်တာ (MPC)မှ တာဝန်ရှိသူ နှစ်ဦးက DKBA ကိုယ်စားလှယ်များ၊ နယ်ခြား
စောင့်တပ်မှ ကိုယ်စားလှယ်များနှင့် မေလ ၁၁ ရက်နေ့က မြဝတီမြို့နယ်၊
ဆုံဆည်းမြိုင် ကျေးရွာ၌ တွေ့ ဆုံခဲ့ကြောင်း DKBA တပ်မှ ဗိုလ်မှူး မောင်လေး က
ပြောသည်။
စစ်ပြေးဒုက္ခသည်များအား လူသားချင်းစာနာမှုဖြင့် ခေတ္တခိုလှုံခွင့်ပေးရန် တရုတ်အစိုးရအား အမှတ် ၇၀၁ စစ်ဒေသမှူး တောင်းဆို
နမ့်ခမ်းမြို့ စစ်ပြေးဒုက္ခသည်များသျှမ်းပြည်မြောက်ပိုင်း စစ်ပြေးဒုက္ခသည်များအား လူသားချင်းစာနာသည့်အနေဖြင့် ခိုလှုံခွင့်ပေးရန် တရုတ်အစိုးရအား အမှတ် ၇၀၁ စစ်ဒေသမှူးက တောင်းဆိုလိုက်သည်။
“ ကျနော်တို့ စစ်ပြေးဒုက္ခသည်တွေကို
UWSA နဲ့ အစိုးရ ငြိမ်းအဖွဲ့တို့ ဘာကိစ္စ တွေ့ဆုံဆွေးနွေး

မကြာသေးခင်က တရုတ်နိုင်ငံက စစ်သုံးရဟတ်ယာဉ်တွေ မြန်မာနိုင်ငံက
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တခုဖြစ် တဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့
UWSA ကို ပေးတယ်ဆိုတဲ့
သတင်းတွေ ထွက်ပေါ် လာပြီးေ နာက်ပိုင်း
တရုတ်၏လက်ရင်းတပည့် “ ၀ ”၏ သြဇာအာဏာကို မလွန်ဆန်နိုင်သော KIA
KIA အဖွဲ့မှ “ ၀ ” တပ်ဖွဲ့အားပေးရန် အကြွေးများကို ပေးဆပ်နိုင်ခြင်း မရှိသေးသောကြောင့် KIA ခေါင်းဆောင် များသည် “၀” တပ်ဖွဲ့၏ သြဇာအာဏာကို ခံနေရကြောင်း သိရှိရပါသည်။
KIA အဖွဲ့မှ ကချင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် (၀မ်ပေါင်သမ္မတနိုင်ငံ) ထူထောင်ရန် အတွက် အစိုးရတပ် များတိုက်ခဲ့စဉ် “ ၀ ” တပ်ဖွဲ့ဆီမှ လက်နက်ခဲယမ်းများကို အကြွေးများဖြင့် ၀ယ်ယူခဲ့ကြောင်း၊ “၀” တပ်ဖွဲ့ ပြန်လည် တောင်းခံစဉ်ပေးချေနိုင်ခြင်း မရှိသည့်အတွက်
ပြည်သူ့စစ် သင်တန်း တက်ရောက်ပြီး သူများအား ကေအိုင်အေ (ကချင်) အဖွဲ့မှ အတင်း အဓမ္မ လူသစ် စုဆောင်း
၂၀၁၃ခုနှစ် မေလ ၁၀ရက်နေ့တွင် ကေအိုင်အေ
(ကချင်)အဖွဲ့ ဗဟို ဌာနချုပ် (လိုင်ဇာ)မှ တပ်မဟာ(၃)နှင့် အခြား
နယ်မြေများရှိ ပြည်သူ့စစ် သင်တန်း တက်ရောက်ပြီးစီး သူများအား ကေအိုင်အေ
တပ်ဖွဲ့ဝင်များ အဖြစ် တာဝန် ထမ်းဆောင်ရန် အတင်း အဓမ္မ လူသစ်စုဆောင်း
ခဲ့ကြောင်း သိရသည်။
Sunday, May 12, 2013
မြိုင်ကြီးငူဒေသမှ ဆုတ်ခွာရေး ဒီကေဘီအေအတွက် ခက်ခဲ

ကရင်ပြည်နယ် မြိုင်ကြီးငူဒေသအတွင်း၌ တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားတပ်ဖွဲ့ (DKBA) နှင့် နယ်ခြားစောင့် တပ်တို့အကြား ပဋိပက္ခများ
ဖြစ်ပွားခဲ့ပြီး နောက်ဒီကေဘီအေတပ်ဖွဲ့အား မြိုင်ကြီးငူဒေသမှ
ဆုတ် ခွာပေးရန် တောင်းဆိုမှုကို
RCSS/SSA (ရွက်ဆစ်) လက်နက်ကိုင် အဖွဲ့မှ ဒေသခံ ပြည်သူများအား တရား ဥပဒေမဲ့ ပစ်ခတ် သတ်ဖြတ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ လမ်းခွဲမှ (၁ဝ၅) မိုင် စစ်ဆေးရေးဂိတ် ရှောင် ကွင်း လမ်းဘေး ရှိ လူနေအိမ် တဲအား မေ ၁၁ ရက် ည ၉ နာရီ မိနစ် ၂ဝ ခန့်တွင်
Subscribe to:
Comments (Atom)
တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(230)
-
▼
September
(19)
- ရခိုင်အမျိုးသားများနှင့်ပတ်သတ်ပြီးတောင်းပန်ဝန်ခံကတ...
- Top 10 Bermuda Triangle Theories
- လယ်သိမ်းခံရသူ ရဲစခန်း ဝင်တိုက်ပြီး သူ့ကိုယ်သူ ပစ်သတ်
- ငွေစက္ကူ များတွင် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံ ပြန်...
- ဖိလစ်ပိုင်အစိုးရတပ်တွေနဲ့ မွတ်ဆလင်လွတ်မြောက်ရေးတပ်...
- မြ၀တီ ညဈေးတန်းပေါက်ကွဲမှုဖြစ်ပွား
- အဆောက်အအုံ တည်ဆောက်ရန် စည်ပင်မှတားမြစ် ထားသော်လည်း...
- ရှမ်းပြည်နယ်မြောက်ပိုင်း ဂုတ်ထိပ်တံတား အနီးတွင်ြေ...
- ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ်တွင် ဥပုသ်သည် ၁၅၆ ဦး ...
- အိုဘားမား အစိုးရ၏ မြန်မာနှင့် စစ်ရေးဆက်ဆံမှု ပြန်လည...
- ထိုင်းနိုင်ငံက မာဆတ် တဲ့။။။။။
- ကျွန်တော် တွေးမြင်သမျှ ဆီးရီးယား အကြောင်း
- တစ်ဖက်နိုင်ငံသို့လူကုန်ကူးမည့်အမျိုးသမီးနှစ်ဦးအား ...
- ABSDF (မြောက်ပိုင်း) ခေါင်းဆောင်များအား KIA မှ လက်...
- အနုကြမ်းစီး၊ လူသတ်မှုဖြစ်ပွား
- ဘင်္ဂါလီဖမ်းဆီးမိမှ နောက်ဆက်တွဲ သတင်း
- ရန်ကုန်မြို့ ရွှေဂုံတိုင် ကုန်းကျော်တံတား ဆောက်လုပ...
- အမေရိရန်သမတ အိုဘားမားအနေနဲ့- ဂျော့ခ်ျဒဗလျူဘုရှ် ...
- လွှတ်တော် ကော်မတီ က ဆီးရီးယား ကို ရက်ပေါင်း ၆၀ တိုက...
-
▼
September
(19)



