နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Wednesday, May 15, 2013

အမေရိကန်နိုင်ငံသား မြောက်ကိုရီးယားမှာ ထောင်ဒဏ်စတင်ကျခံ

မြောက်ကိုရီးယားက ထောင်ချခဲ့တဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား Kenneth Bae သတင်း ရုပ်မြင်သံကြားမှာ ပြသနေစဉ်။
 မြောက်ကိုရီးယားက ထောင်ချခဲ့တဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား Kenneth Bae သတင်း ရုပ်မြင်သံကြားမှာ ပြသနေစဉ်။ 

ဗွီအိုအေ (မြန်မာပိုင်း)
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် စီရင်ခံထားရတဲ့ အမေရိကန် နိုင်ငံသားဟာ ပြစ်ဒဏ်တွေကို စတင် ကျခံနေပြီ ဖြစ်တဲ့အကြောင်း မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။
 
အမေရိကန်နိုင်ငံသား ကန်းနတ် ဘေး (Kenneth Bae) ဟာ အထူး အကျဉ်းထောင် တစ်ခုမှာ ထောင်တွင်းဘ၀ကို စတင်ဖြတ်သန်းနေပြီလို့ အစိုးရပိုင် ကိုရီးယား ဗဟို သတင်းအေဂျင်စီ က ကြေညာသွားပေမဲ့ အသေးစိတ်တော့ မပြောခဲ့ပါဘူး။

အသက် ၄၄ နှစ်အရွယ် ကိုရီးယားနွယ်ဖွား အမေရိကန် နိုင်ငံသား ခရီးသွားလုပ်ငန်းရှင် ကန်းနတ် ဘေး (Kenneth Bae) ကိုတော့ မြောက်ကိုရီးယား အစိုးရကို ဖြုတ်ချဖို့ ကြံစည်မှုအတွက် အပြစ်ရှိကြောင်း ပြီးခဲ့တဲ့လကပဲ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအရှေ့မြောက်ဘက်က ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ Rason မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ သူ့ကို ဖမ်းဆီးခဲ့တဲ့ အချိန်မှာတော့  မြောက်ကိုရီးယား ဆန့်ကျင်ရေး စာအုပ်စာတမ်းတွေ သူ့လက်ထဲမှာ တွေ့ခဲ့ရတယ်လို့လည်း မြောက်ကိုရီးယား အာဏာပိုင်တွေက ပြောဆိုခဲ့ကြတာပါ။

မြောက်ကိုရီးယား တရားရုံးချုပ်ကတော့ ဧ၀ံဂေလိ ခရစ်ယာန် ဘာသာဝင်တစ်ဦးဖြစ်တဲ့ ကန်းနတ် ဘေး (Kenneth Bae) ဟာ မြောက်ကိုရီးယား အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံမှာ အခြေစိုက် ကြံစည်ခဲ့တာ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 