နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Saturday, August 17, 2013

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မူဆလင် အကြမ်းဖက်အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ထိုင်းရဲအရာရှိ ၄ ဦးသေဆုံး


17.8.2013

မငြိမ်မသက်မှု များဖြစ်ပွား နေသော ထိုင်းနိုင်ငံ တောင်ပိုင်းရှိ နာရာသီဝတ် ပြည်နယ်တွင် မူဆလင် အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့များ၏ ခြုံခို တိုက်ခိုက်မှုကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။


အဆိုပါ ထိုင်း ရဲတပ်ဖွဲ့ဝင် အရာရှိ ၄ ဦးသည် သြဂုတ်လ ၁၆ ရက် ညနေပိုင်းက Pickup ကားတစ်စီးဖြင့် မောင်းနှင်လာစဉ် အကြမ်းဖက် အဖွဲ့ဝင်များက ဗုံးခွဲ တိုက်ခိုက်ပြီးနောက် သေနတ်များဖြင့် ၀ိုင်းဝန်း ပစ်ခတ်ခဲ့ရာ ၄င်းတို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

၎င်း ရဲအရာရှိ များသည် ရူဆိုခရိုင် အတွင်းရှိ ဆူပူအုံကြွမှု တစ်ခုကို စုံစမ်း စစ်ဆေးရန် သွားရောက်စဉ် တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်ကြောင်း နှင့် ထိုကဲ့သို့ ရဲအရာရှိများ သွားရောက် စစ်ဆေး စေရန် ရည်ရွယ်ချက်ဖြင့် ဆူပူ အုံကြွမှုကိုလည်း မူဆလင် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့က လုပ်ဆောင် ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးရေး အရာရှိများက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 