နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Monday, May 27, 2013

မော်ဝါဒီတွေချုံခိုတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦးသေလို့ဆို



အိန္ဒိယနိုင်ငံ ချာတစ်ဂါပြည်နယ်မှာ အစိုးရအဖွဲ့နဲ့ နိုင်ငံရေးသမားတွေ လိုက်ပါလာတဲ့ ယာဉ်တန်းတစ်ခုကို မနေ့က ရာနဲ့ချီတဲ့လက်နက်ကိုင်တွေက ချုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့ရတဲ့အပေါ် အိန္ဒိယက အထင်ကရ နိုင်ငံရေးသမားတွေက ရှုတ်ချပြောဆိုလိုက်ကြ ပါတယ်။
ချုံခိုတက်ခိုက်ခဲ့ကြတဲ့ အင်အား ၃၀၀ လောက်ရှိတဲ့ လက်နက်ကိုင်တွေဟာ မော်ဝါဒီတွေဖြစ်မယ်လို့ သုံးသပ်ထားကြပြီး ဒီလက်နက်ကိုင်သူတွေက မြေမြုပ်မိုင်းတွေထောင်ထားခဲ့ပြီး သေနတ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့တဲ့အထဲမှာ ကွန်ဂရက်ပါတီရဲ့ ဒေသခံပါတီခေါင်းဆောင်နဲ့ သားဖြစ်သူတို့ပါဝင်သလို ရဲ ၅ ယောက်လည်း အသက်ဆုံးခဲ့ရပါတယ်။ ဗဟိုအစိုးရအဆင့် ဝန်ကြီးတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရခဲ့သူတွေဆီကို အိန္ဒိယဝန်ကြီးချုပ် မာမိုဟန်ဆင်းနဲ့ ကွန်ဂရက်ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီတို့ သွားရောက်အားပေးခဲ့ကြပြီး ဆိုနီယာဂန္ဒီက သူမအနေနဲ့ အထူးဝမ်းနည်းတုန်လှုပ်ရကြောင်း ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ် မာမိုဟန်ဆင်းကတော့ မနေ့က ချုံခိုတိုက်ခိုက်မှုဟာ အရိုင်းအစိုင်းဆန်ဆန် ဆိုးရွားတဲ့တိုက်ခိုက်မှုဖြစ်တယ်လို့ ရှုတ်ချပြောဆိုလိုက်ပါတယ်။
ABC Radio Australia
အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh နဲ့ အမျိုးသားအကြံပေးအရာရှိ Sonia Gandhi တို့ ဆေးရုံမှာဆေးကုသနေတဲ့ ဒဏ်ရာရသူတဦးနဲ့တွေ့ဆုံစဉ် (Credit: AFP)

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 