နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Sunday, May 19, 2013

မြေထဲပင်လယ် အတွင်း ပိုမိုအင်အား တောင့်တင်းသည့် ရေတပ်ဖွဲ့ တစ်ရပ် ထူထောင်သွားရန် ရုရှားစီစဉ်


 
မော်စကို မေ ၁၃
ရုရှား ရေတပ်သည် ၎င်း၏ မြေထဲပင်လယ် အထူး တပ်ဖွဲ့အား ပိုမိုအင်အား တောင့်တင်း လာစေရန် အတွက် စီမံလျက် ရှိကြောင်း၊ စစ်သင်္ဘော အရေအတွက်များ ထပ်မံတိုးမြှင့် သွားမည် ဖြစ်ကြောင်းနှင့် လက်ရှိတွင် မြေထဲပင်လယ် အထူးတပ်ဖွဲ့ ရေတပ် ဌာနချုပ်အား ဖွဲ့စည်းရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း ရေတပ် ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီးဗစ်ခ်တာ ချယ်ကော့ဗ်က မေ ၁၂ ရက်တွင် ပြုလုပ်သည့် ပင်လယ်နက် ရေယာဉ်စု စတင် ဖွဲ့စည်းသည့် နှစ်ပေါင်း ၂၃၀ ပြည့် အခမ်းအနားတွင် ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။


လတ်တလောတွင် မြေထဲပင်လယ် အထူးတပ်ဖွဲ့ ဌာနချုပ်၏ ဖွဲ့စည်းပုံ အရ သင့်လျော်မည့် ရာထူး နေရာများ အတွက် အရာရှိများ ရွေးချယ်ခြင်းနှင့် ခန့်အပ်ခြင်း တို့ ဆောင်ရွက်လျက် ရှိကြောင်း၊ ဌာနချုပ် ဖွဲ့စည်းပုံတွင် အရာရှိ ၂၀ ဦး ပါဝင်မည် ဖြစ်ရာ အဓိက အားဖြင့် ပင်လယ်နက် ရေယာဉ်စုမှ အရာရှိ များအား ခန့်အပ်သွား မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။



မြေထဲပင်လယ် အထူး တပ်ဖွဲ့အား မြောက်ပိုင်း ရေယာဉ်စု၊ ဘော်လ်တစ် ရေယာဉ်စု၊ ပင်လယ်နက် ရေယာဉ်စုနှင့် ပစိဖိတ် ရေယာဉ်စု တို့မှ စစ်သင်္ဘော များဖြင့် ထုတ်နုတ် ဖွဲ့စည်း သွားမည် ဖြစ်ပြီး ယခုနှစ် အတွင်း အဆိုပါ အထူး တပ်ဖွဲ့သို့ စစ်သင်္ဘောကြီး ငါးစင်းမှ ခြောက်စင်းခန့်နှင့် ထောက်ပံ့ရေး ရေယာဉ်များ ပါဝင်ဖွဲ့စည်း ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။ ခက်ခဲ ရှုပ်ထွေးသည့် အနာဂတ် ကာလ စစ်ဆင်ရေးများ အပေါ် မူတည်၍ မြေထဲပင်လယ် အထူး တပ်ဖွဲ့ရှိ စစ်သင်္ဘော အရေအတွက်ကို တိုးမြှင့် သွားမည် ဖြစ်ပြီး နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘောများ ဖြင့်လည်း ထပ်မံအင်အား ဖြည့်တင်းနိုင်ဖွယ် ရှိကြောင်းနှင့် ၎င်းအထူး တပ်ဖွဲ့သည် မြေထဲပင်လယ် စိုးမိုးရေး တာဝန်အပြင် လိုအပ်ပါက အတ္တလနိ္တတ်နှင့် အိနိ္ဒယ သမုဒ္ဒရာ အတွင်းရှိ စစ်ဆင်ရေး များတွင်လည်း တာဝန်ထမ်းဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 