
ဂျပန်နိုင်ငံတွင် ဖခင်တစ်ဦးက ၎င်း၏ ကလေးနှစ်ဦးကို ဓားဖြင့် အသေထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ဟီရိုရှီးမားတွင် ဓားဖြင့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း
ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ မနက်အစောပိုင်း (၂)နာရီခန့်တွင် အသက်(၁၃)နှစ်အရွယ် သားငယ်နှင့် အသက်(၁၇)နှစ်အရွယ် သမီးဖြစ်သူတို့အား ဖခင်က ဓားဖြင့် အသေထိုးသတ်ခဲ့ကြောင်း သတင်းများက ဆိုသည်။ မီဟာရာစီးတီးရှိ နေအိမ်တွင် ဖြစ်ပျက်ခဲ့သည့် မှုခင်းနှင့် စပ်လျဉ်းပြီး တာဝန်ရှိသူများက တိတိကျကျ ဖြေရှင်းမှု မရှိသေးချေ။
ကလေးနှစ်ဦးကို ဆေးရုံသို့ အလျင်အမြန် တင်ပို့သော်လည်း အသက်မမီခဲ့ဟု အဆာဟိရှင်ဘွန်း သတင်းစာက ဆိုသည်။ အသက်(၄၉)နှစ်ရှိ ဖခင်ဖြစ်သူမှာလည်း ယခုအခါ ဒဏ်ရာ အများအပြား ရထားပြီး ဆေးရုံတင်ပို့ ကုသမှု ခံယူထားရသည်။ ၎င်းသည် မိမိကိုယ်ကိုယ်လည်း ဝမ်းဗိုက်တွင် ဓားဖြင့် ထိုးခဲ့သည့်အတွက် ဆိုးဆိုးရွားရွား အနာတရ ဖြစ်ထားသည်။ လတ်တလောတွင် ရဲများသည် သံသယ တရားခံကို မေးမြန်းနိုင်လောက်သည့် အခြေအနေထိ သက်သာပျောက်ကင်းအောင် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။
ရဲတပ်ဖွဲ့သည် အသွား(၃၀)စင်တီမီတာရှိသည့် ဓားတစ်လက်ကိုလည်း သိမ်းဆည်းရမိထားသည်။ ရဲတပ်ဖွဲ့က ထိုသူသည် ကလေးများကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ်လည်း အဆုံးစီရင်ရန် လုပ်ဆောင်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ လတ်တလောတွင်မူ ၎င်းကို အတွင်းလူနာအဖြစ် ကြပ်မတ် ကုသနေရဆဲဖြစ်ပြီး ရဲတပ်ဖွဲ့က မည်သည့် မေးခွန်းမျှ ထုတ်နိုင်ခြင်း မရှိသေးဟု သိရှိရသည်။
Source: Xinhua
Planet Myanmar Network
No comments:
Post a Comment