
“ကျွန်တော်တို့ ဒီနေ့ဒီကိုလာ ပြီးဆန္ဒထုတ်ဖော်ကတဲ့အကြောင်း အရင်းကတော့ တပ်မ (၂၂) က သိမ်းပိုက်ထားတဲ့ မိကျောင်းကန် ရပ်ကွက်အတွက် (၅) လပိုင်း (၅) ရက်နေ့က ခွင့်ပြုချက်အရ သင်္ဃန်းကျွန်း အ.ထ.က (၁) ကျောင်းအရှေ့ကနေပြီး စီတန်း လှည့်လည်တယ်ပေါ့။ ခွင့်ပြုချက် အရစီတန်းလှည့်လည်ပေမဲ့ ကျွန်တော်တို့ခေါင်းဆောင် (၂) ယောက်ကို စီတန်းပုဒ်မ (၁၈) နဲ့ ဖမ်းဆီးထားတဲ့အတွက်ကြောင့်ပါ။ အဓိကတောင်းဆိုချက်ကတော့ ပုဒ်မ (၁၈)နဲ့ ဖမ်းဆီးခံထားရတဲ့ စီအာမခံမယူဘဲအင်းစိန်ထောင်ထဲ ရောက်နေတဲ့ မိကျောင်းကန်ရပ် ကွက်သားမြေပိုင်ရှင်ကို စိန်သောင်း နဲ့ ကိုယ်ပိုင်ခံဝန်နဲ့ အာမခံယူတဲ့ မိကျောင်းကန်ရပ်ကွက်သားဦးစိန် သောင်းမှပြောကြားခဲ့သည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် မိကျောင်းကန် (၁)၊ (၂)၊ (၃) ရပ်ကွက်မှ ရပ်ကွက်သူရပ်ကွက် သား (၁၃၀) ခန့်ပါဝင်ခဲ့ပြီး ထိန်းသိမ်းခံပုဂ်္ဂိုလ် (၂) ဦးအား သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ ခေါ်ယူစစ်ပေးပြီးချိန် နေ့လယ် (၁၁း၃၀)မှ (၁၁း၄၅)အချိန်အထိ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရ သည်။
ပြည်သူ့ညီညီအောင်
No comments:
Post a Comment