နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Monday, May 27, 2013

ငြိမ်းချမ်းရေးလား ၊ လူသစ်စုဖို့ မြို့ပေါ် ရောက်လာခြင်းလား



ကေအိုင်အေ အဖွဲ့များ ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဂွမ်မော်နှင့် အဖွဲ့များ မြစ် ကြီးနား မြို့ပေါ်သို့ ရောက်လာသည့် နည်းတူ ဖားကန့်မြို့နယ် အတွင်း ကျေးရွာများမှ ကေအိုင်အေ အ ဖွဲ့ ၀င် ၁၀၀ ခန့်လည်း ပုံစံ အမျိုးမျိုးဖြင့် ၄င်းတို့ ရွာများသို့ ပြန်လည်ရောက်ရှိလာကြောင်း ဖားကန့်မြို့ခံ တစ် ဦး မှ သတင်းပေးပို့လာပါသည်။
သူတို့အထဲမှာ ပြီးခဲ့တဲ့ တိုက်ပွဲတွေ ဖြစ်တုန်းက အတင်းစုသွားတဲ့ သူတွေလည်း ပါတယ်။ အများစုကတော့ သူ တို့ အတင်းတိုက်ခိုင်းလို့ ရတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတက်ရပြီး၊ အခု ပြန်ခိုင်းလိုက်တာ လို့ ပြော တယ် ဟု အဆိုပါ သတင်းပေးပို့သူက ဆိုပါသည်။ တစ်နှစ်ခွဲကျော် စစ်ပွဲအတွင်း ကေအိုင်အေ အဖွဲ့မှ အဓမ္မ လူ သစ် စု ဆောင်းမှု ၄၀၀၀ ကျော် ရှိခဲ့ပြီး ၊ ဖမ်းဆီးစုဆောင်းခံရသူများကို ရှေ့တန်းတိုက်ပွဲများတွင် မူး ယစ်ဆေးဝါးများ တိုက်ကျွေး၍ အသေခံခိုင်းခဲ့ကြသည်။ 
သူတို့ ပြန်ရောက်လာတာနဲ့ ရွာထဲမှာ တော်တော် လှုပ်ရွသွားတယ်၊ ဘယ်နေရာမှာ အလုပ်သမားတွေ ရှိ တယ်၊ ဘယ်အိမ်မှာ လူ ဘယ်နှစ်ယောက် ရှိတယ်ဆိုတာ သူတို့ လာပြန်ကြည့်သလိုပဲ။ အခုက ငြိမ်းချမ်းရေး ဆွေးနွေး  တယ်ဆိုတဲ့ ခေါင်းစဉ်က အရမ်းကောင်းတော့ သူတို့ ပြန်လာတာဟာ လူသစ်စုဖို့၊ ဆက်ကြေးေ ကာက် ဖို့ မဟုတ် ဘူးလို့ ပြောလို့မရဘူး။ သူတို့ကို နည်းနည်း အစ်အောက် မေးကြည့်တော့ သူတို့ကို တော လမ်းကြောင်း ကနေ လူ(၃၀)လောက်က လက်နက်ကိုင်ပြီး လော့ဒ်ဂျာ အထိ လိုက်ပို့တယ် လို့ ပြောတယ်။ အ ခုတော့ လက်နက်တွေ မတွေ့ဘူး၊ ဘယ် မှာ ဖွက်ထားကြလဲတော့ မသိဘူးဟု ၄င်းက ဆက်ပြောပြ ခဲ့သည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့နှင့် ကေအိုင်အေ တို့အကြား ဆွေးနွေးပွဲများပြုလုပ်မည် ဟု ဆို ကာ မြစ်ကြီးနားမြို့တွင် အစည်းအဝေး အတွက် ပြင်ဆင်မှုများ အကြီးအကျယ် ပြုလုပ်ခဲ့သည်။ ဒေသခံ ပြည် သူများ သာမက၊ တစ်နိုင်ငံကလုံးက ပြည်သူများပါ ကေအိုင်အေ၏ ငြိမ်းချမ်းရေး လမ်းပေါ်သို့ လျှောက် လှမ်းရန် ဆုံး ဖြတ်ခြင်းကို မျှော်လင့်တကြီး စောင့်စားနေကြသည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ကျောက်ကုန်သည် တစ်ဦးမှ ကျွန်တော်တို့က ဒီမှာနေလာတာ ကြာပြီ ဆိုေ တာ့ သူတို့အကြောင်း ကောင်းကောင်း သိနေပြီ။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆိုတော့ တပ်မတော်က တိုက် ခိုက်မှာ မဟုတ်မှန်း ဒီကောင်တွေ သိနေပြီလေ။ ဒီတော့ ကေအိုင်အေ တွေကို ခွင့်ပေးသလိုလို လုပ်ြ ပီး မြို့ထဲကို ပြန်သွင်းနေတာ။ ဒီကောင်တွေ အစည်းအဝေးမှာ တစ်ခုခု တောင်းဆိုလို့ မရရင် ဒီတစ်ခါ ကွဲ မယ့် ဗုံးက မြစ်ကြီး နား မြို့လယ်ခေါင်မှာ ဖြစ်လိမ့်မယ်ဟု ပြောခဲ့သည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ဖားကန့်တွင် လှုပ်ရှားသည့် တပ်မတော် စစ်ကြောင်းအား အဆိုပါ သ တင်းပေးသူမှ မေးမြန်းခဲ့ရာ ကေအိုင်အေ တပ်ဖွဲ့ဝင်များ ပြန်ဝင်လှုပ်ရှားနေသည်ကို ၄င်းတို့လည်း တွေ့ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ရန်သာ အရေးကြီးကြောင်း၊ ထိတွေ့ပစ်ခတ်မှုများ မဖြစ်ေ စ ရန် သတိထားပြီး လှုပ်ရှားလျှက် ရှိကြောင်းသာ ပြောခဲ့သည်ဟု သိရသည်။
OE-

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 