နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Friday, August 9, 2013

မြန်မာတွေရဲ့ စေတနာမေတ္တာမလေးရှားနားလည်စေလိုပါသည်။

မြန်မာ့ ရေပိုင်နက်တွင် စက်ချို့ယွင်း လျက်ရှိ သည့် နိုင်ငံခြား ကုန်တင် ရေယာဉ်အား တပ်မတော် (ရေ)မှ ပြင်ဆင်ပြီး လိုအပ်သည် များကို ကူညီ ဆောင်ရွက်ပေး ……….


 
နေပြည်တော် သြဂုတ် ၇
မလေးရှားနိုင်ငံ ဆိပ်ကမ်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဆိပ်ကမ်းသို့ ဇူလိုင် ၂၆ရက်က ထွက်ခွာလာသည့် အင်ဒိုနီးရှားနိုင်ငံ၊ BBN(BINTIKA BANGUNUSA) ကုမ္ပဏီမှ GLADYS (JAKARTA) ကုန်တင် ရေယာဉ်သည် ဇူလိုင် ၃၁ရက်တွင်    မြန်မာ့ ရေပိုင်နက် အတွင်းရှိ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကမ်းခြေ အနောက်တောင်ဘက် ၁၃မိုင်ခန့် အကွာ၌ အင်ဂျင်များ ချွတ်ယွင်းပြီး စက်ခန်းအတွင်း ရေများ ဝင်ရောက်မှု ဖြစ်ပွားခဲ့၍ ကျောက်ချ ရပ်နားလျက်ရှိသည်။
အဆိုပါ ရေယာဉ်သို့ သြဂုတ်  ၁ရက်တွင် တပ်မတော် (ရေ)မှ ထောက်ပံ့ရေး ရေယာဉ်အား လည်းကောင်း၊ သြဂုတ် ၄  ရက်တွင် ကျောက်ဖြူမြို့ရှိ သက်ဆိုင်ရာဌာန အဖွဲ့အစည်း များအား တပ်မတော် (ရေ)မှ စစ်ရေယာဉ်ဖြင့် စေလွှတ်၍လည်းကောင်း လိုအပ်သည်များ ကူညီဆောင် ရွက်ပေးလျက် ရှိသည်။
အဆိုပါ ကုန်တင် ရေယာဉ်သည် စက်ခန်းအတွင်း ရေစုပ်ပန့်၏ သံပိုက် ပေါက်ပြဲမှုကြောင့် ရေတန် ၁ဝဝခန့် ဝင်ရောက် ၍ ၁၅ ပေခန့် နစ်မြုပ်လျက်ရှိပြီး မီးစက်များ နှိုးမရသဖြင့် တပ်မတော် (ရေ)မှ စစ်သည်များက ရေများ စုပ်ထုတ်ပေးခြင်း၊  မီးစက်များ ပြင်ဆင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ရာ သြဂုတ် ၆ရက် ညပိုင်းတွင် ရေများ စုပ်ထုတ် ပေးနိုင်ခဲ့ပြီး မီးစက် ငါးလုံး ပြန်လည် ကောင်းမွန်အောင် ပြင်ဆင် ပေးနိုင်ခဲ့သည်။
တပ်မတော် (ရေ)မှ စစ်ရေယာဉ်နှင့် ထောက်ပံ့ရေး ရေယာဉ်တို့သည် လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးရန် အတွက် ဆက်လက် စောင့်ကြည့်လျက် ရှိကြောင်း သတင်း ရရှိသည်။
မြဝတီမှ-

1 comment:

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 