နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Saturday, August 24, 2013

မန္တလေးကျုံးဘေး၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက်အရွယ် လူငယ်ကိုးဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး

8.23.17


ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် (၀ဲမှ ယာ) အောင်မြင့်မြတ်(ခ)ဂျိုးကြီး (ဘ) ဦးသန်းဦး၊ ရဲဝင့်သူ(ဘ)ဦးသိန်းထိုက်၊ လဖီး(ခ)ကျော်သီဟထွန်း (ဘ) ဦးမြင့်ခိုင်၊ အကော(ခ) ထက်ခေါင်ထွန်း (ဘ) ဦးထွန်းအောင်၊ ဒီးဒီး(ခ) ကျော်ဇင်ဝင်း(ဘ) ဦးထွန်းအောင်၊ ဖက်တီး(ခ)ချမ်းမြေ့သူ(ဘ) ဦးတင်ဦး၊ ဇော်ထွေးဦး(ဘ) ဦးသာဌေး၊ ဇင်ရဲထက်(ခ)မျောက်ကြီး (ဘ)ဦးသိန်းဇော်၊ သက်ဖုန်းခိုင် (ဘ) ဦးဇော်ဝင်းတို့အား တွေ့ရစဉ်
မန္တလေး ကျုံးဘေးတွင် ညပိုင်း၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက်အရွယ် လူငယ်ကိုးဦးကို ရဲတပ်ဖွဲ့မှ သြဂုတ် ၂၂ ရက် ညပိုင်းက ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။
ညပိုင်း၌ ကျုံးဘေးတွင် လူငယ်တစ်သိုက်မှ ဆိုင်ကယ်ဖြင့်လိုက်၍ ဓားနှင့်လိုက်လံ ခုတ်ခံရမှု များလာခြင်းကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ အနေဖြင့် လုံခြုံရေး တိုးမြှင့်ပြီး ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၂ ရက် ညပိုင်းအချိန်တွင် မသင်္ကာသူ နှစ်ဦးဖြစ်သည့် ဖက်တီး(ခ)ချမ်းမြေ့သူနှင့် ဇော်ထွေးဦးတို့အား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူ ဌာနမှ တပ်ဖွဲ့ဝင်များက သက်သေများရှေ့တွင် ခေါ်ယူစစ်ဆေး ခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုအရ လွန်ခဲ့သော တစ်လကျော်ခန့်က ဖက်တီး(ခ)ချမ်းမြေ့သူ(၁၉ နှစ်) (ဘ) ဦးတင်ဦး၊ မဟာအောင်မြေ မြို့နယ်နေသူသည် ၎င်းနှင့်အတူ ဒီးဒီး(ခ)ကျော်ဇင်ဝင်း (၁၈နှစ်) (ဘ)ဦးထွန်းအောင်၊ သက်ဖုန်းခိုင် (၁၅ နှစ်)(ဘ) ဦးဇော်ဝင်း၊ ချမ်းမြသာစည် မြို့နယ်၊ ဇော်ထွေးဦး(၂၀ နှစ်) (ဘ) ဦးသာဌေး ၊ မဟာအောင်မြေမြို့နယ်၊ ဇင်ရဲထက် (ခ) မျောက်ကြီး (၁၄ နှစ်) (ဘ) ဦးသိန်းဇော် ချမ်းမြသာစည်မြို့နယ်၊ အကော(ခ) ထက်ခေါင်ထွန်း (၁၉ နှစ်) (ဘ) ဦးထွန်းအောင်၊ မဟာအောင်မြေမြို့နယ်၊ လဖီး(ခ)ကျော် သီဟထွန်း( ၁၅ နှစ်) (ဘ) ဦးမြင့်ခိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြင့်မြတ်(ခ) ဂျိုးကြီး (၁၇ နှစ်)၊(ဘ) ဦးသန်းဦး၊ မဟာအောင်မြေမြို့နယ်၊ ရဲဝင့်သူ (၁၄ နှစ်) စိန်ပန်းရပ် နေသူတို့မှာ ကျုံးမြောက်ဘက် တိရစ္ဆာန်ရုံရှေ့တွင် စည်သူအောင် ဆိုသူအား ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ဇူလိုင် ၁၄ ရက်တွင် ကျုံးအနောက်ဘက် လမ်း ၈၀ ၊ ၉x၁၀ လမ်း ကြားတွင် စိုင်းသီဟနှင့် အောင်ကိုလွင် တို့အား လည်းကောင်း၊ ဇူလိုင် ၂၇ ရက်တွင် လမ်း ၈၀၊ ၁၄x၁၅ လမ်းကြား၌ မျိုးသူရဦး ဆိုသူတို့အား အကြောင်းမဲ့ ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။
8.1.1
ကလေးသူငယ် တရားရုံးတွင် ရမန်ယူရန် ခေါ်ထုတ်လာသော ၁၈ နှစ်အောက် လူငယ်အချို့အား တွေ့ရစဉ်
ယခုဖမ်းဆီးရမိသော လူငယ်များ အနေဖြင့် မန္တလေးမြို့၏ အထင်ကရ နေရာဖြစ်သော ကျုံးနံဘေးတွင် ညပိုင်းအချိန်များ၌ အုပ်စုဖွဲ့ ရမ်းကားမှု ၆ ကြိမ်ခန့် ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ယခုကဲ့သို့ အုပ်စုဖွဲ့ ရမ်းကားသည့် ဖက်တီး(ခ)ချမ်းမြေ့သူ အပါအ၀င် ၁၀ ဦးအား အမှတ်(၂) နယ်မြေရဲစခန်းက (ပ) ၂၁၂/၂၀၁၃ ၊ ပြစ်မှုပုဒ်မ ၃၂၅ /၃၂၆ ၊ အမှတ်(၈) မြို့မရဲစခန်းက (ပ) ၁၂၂ / ၂၀၁၃ ၊ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
''ညကစတင် စစ်ဆေးတာ ၆ ယောက်ပါ။ မနက်မှ နောက်ထပ် ၃ ယောက် စစ်ဆေးနေပါတယ်။ ပြစ်မှုကျူးလွန်နေစဉ် ဖမ်းမိတာ မဟုတ်ဘဲ မသင်္ကာလို့ ကနဦး ၂ ယောက်ကို ခေါ်ယူစစ်ဆေးရင်း နောက်ထပ် ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ သူတွေကိုပါ စစ်ဆေးနေတာ ဖြစ်ပါတယ်။ မန္တလေး လူထုကလည်း စိုးရိမ်စိတ်နဲ့ အထိတ်တလန့် ဖြစ်နေကြလို့ ညစဉ်လုံခြုံရေး အပြည့်အ၀ ချထားပြီး စောင့်ကြည့်နေတာပါ။ နောက်ထပ်လည်း မြို့လယ်ခေါင် နေ့ခင်းအချိန် လုယက်မှုတွေ များနေလို့ အထူးကြပ်မတ် နေပါတယ်'' ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
''ကျွန်တော့်သားက ညပြန်မလာလို့ စိတ်ပူပြီး သူ့အပေါင်းသင်းတွေဆီ စုံစမ်းနေတာ မရပါဘူး။ မနက် ၈ နာရီလောက်မှ မိတ်ဆွေတစ်ယောက်က ဖေ့ဘုတ်မှာ သားအပါအ၀င် ၉ ယောက်ကို ကျုံးဘေးမှာ ဓားနဲ့ခုတ်တဲ့အမှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရတာပါ။ သားက အသက်၂၀ ပဲရှိသေးပြီး မူးယစ်ဆေးဝါး လုံးဝမသုံးပါဘူး။ အခုထိတော့ သူနဲ့မတွေ့ရ သေးတဲ့အတွက် သူနဲ့တွေ့ပြီးမှ အကြောင်းစုံ သိရမှာပါ။ သူလုပ်တယ် မလုပ်ဘူးဆိုတာ ဘာမှပြောလို့ မရသေးပါဘူး'' ဟု စတင်စစ်ဆေးခံရသူ မောင်ဇော်ထွေးဦး ဖခင် ဦးသာဒင်မှ ပြောကြားသည်။
E.M.G

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 