နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Saturday, August 24, 2013

ကရိန်းဖြင့် ယာဉ်ကြောရှင်းရန် စည်ပင်နှင့် ယာဉ်ထိန်း ပူးပေါင်းမည်


 ရန်ကုန်၊ သြဂုတ် ၂၃


ရန်ကုန်မြို့တော်၏ ယာဉ်ကြော ပိတ်ဆို့သည့် မော်တော်ယာဉ်များကို ရှင်းလင်းရေးအတွက် အဆင်မြင့်ကရိန်း ဝန်ဆောင်မှုလုပ်ငန်းကို မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့ခွဲမှူး (ရန်ကုန်တိုင်းဒေသကြီး) ဦးသာဌေးက ပြောကြားသည်။

ကရိန်းများကို ယာဉ်ကြော ပိတ်လေ့ရှိသည့် မီးပွိုင့်နှင့် အနီးဆုံးနေရာတွင် ထားရှိပြီး လမ်းပိတ်ဆို့ပါက ဆွဲထုတ်မည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းအတွက် စည်ပင်သာယာရေး ကော်မတီကလည်း အဆင့်မြင့် ကရိန်းကား (TOW Truck) သုံးစီးဝယ်ယူရန် မှာယူထားသည်ဟု သိရကြောင်း ဦးသာဌေး က ပြောကြားသည်။

“ဒဏ်ငွေ သတ်မှတ်တာတို့၊ ယာဉ်တွေထားဖို့ နေရာမရှိသေးတာကြောင့် ဘယ်အချိန် စတင်မယ်ကို ကြိုမပြောနိုင်သေးဘူး” ဟု ၎င်းကဆိုသည်။

စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) သို့ သြဂုတ်လ ၂၃ ရက်နေ့က အဆိုပါကိစ္စအား စုံစမ်းမေးမြန်းရာ တိတိကျကျ မသိရသေးကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စည်ပင်နဲ့ပေါင်းပြီး လမ်းပိတ်ဆို့တဲ့ ကားတွေဆွဲဖို့ အစီအစဉ်ရှိတယ်။ ဘယ်တော့စမလဲ မသိရသေးဘူး။ အဆင့်မြင့်ကရိန်း လောလောဆယ် တစ်စီးရှိတယ်။ နောက်တစ်စီး ထပ်မှာထားတယ်” ဟု ကရိန်း ဝန်ဆောင်မှုလုပ်ငန်းကို နှစ် ၂၀ ခန့် လုပ်ကိုင်လာသူ ဦးကျော်ရင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များကို ကရိန်းဖြင့်ဆွဲ၍ အရေးယူတော့မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ လလယ်ခန့်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အလားတူ မန္တလေးမြို့နှင့် မန္တလေး စည်ပင်နယ်နိမိတ်အတွင်းရှိ ယာဉ်မရပ်ရ နေရာများတွင် အချိန်ကြာမြင့်စွာ ရပ်နားထားသည့် မော်တော်ယာဉ်များကို ဇွန်လ ၂၇ ရက်နေ့မှ စတင်ကာ TOW Truck ယာဉ်ကို အသုံးပြု ဖယ်ရှားရှင်းလင်းခဲ့ရာ ၂ လအတွင်း ယာဉ်စီးရေ ၈၉ စီး ဖယ်ရှားရှင်းလင်းခဲ့သည်။

 The Voice Weekly

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 