နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Monday, August 5, 2013

အယ်လ်ကေဒါတို့ တိုက်ခိုက်မည့် သတင်းကြောင့် အမေရိကန် သံရုံး ၂၂ ရုံး အရေးပေါ်ပိတ်

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash3/547429_611343752219221_152406776_n.jpg
 နယူးယောက်၊ သြဂုတ် ၎

လာမည့် ရက်များအတွင်း အရှေ့ အလယ်ပိုင်း ဒေသနှင့် မြောက် အာဖရိကဒေသ နိုင်ငံများတွင် အယ်လ်ကေဒါတို့ အကြမ်းဖက် တိုက်ခိုက်မှု များ ပြုလုပ်လာဖွယ် ရှိသည်ဟူသော ထောက်လှမ်းရေး သတင်းများကြောင့် ယင်းနိုင်ငံများတွင် အခြေစိုက်သည့် အမေရိကန် သံရုံးပေါင်း ၂၂ ရုံးနှင့် ကောင်စစ်ဝန် ရုံးများ ရုတ်ခြည်း ပိတ်လိုက်ရသည်ဟု အဆိုပါ သံရုံးများ၏ ထုတ်ပြန်ချက်ကို CNN သတင်းဌာနက ကိုးကား ဖော်ပြသည်။


ထိုသို့ အစွန်းရောက် အကြမ်းဖက်သမားများက တိုက်ခိုက်မည် ဟူသော သတင်း ဂယက်ကြောင့် ယင်းဒေသများသာမက ဘင်္ဂလားဒေ့ရှ်နှင့် အာဖဂန် နစ္စတန်ကဲ့သို့သော မွတ်ဆလင် နိုင်ငံများမှ အမေရိကန် သံရုံးများလည်း ပိတ်ပစ်လိုက်ရသည်။

အရှေ့ အလယ်ပိုင်းဒေသနှင့် မြောက် အာဖရိကမှ အမေရိကန် သံရုံးများ ပိတ်ပစ်ကြောင်း တနင်္ဂနွေနေ့တွင် စတင် သတင်း ထုတ်ပြန်မှုများ ပြု လုပ်ကြောင်း၊ ယင်းဒေသတွင် တနင်္ဂနွေနေ့သည် ရက်သတ္တ တစ်ပတ်၏ ပထမဆုံး အလုပ် စလုပ်သည့်နေ့ ဖြစ်ကြောင်း CNN သတင်းဌာနက ဆိုသည်။

အကြမ်းဖက်သမားများ ရက်ပိုင်းအတွင်း တိုက်ခိုက်လာနိုင်ဖွယ် ရှိသည် ဟူသည့် ထောက်လှမ်းရေး သတင်းများကြောင့် သံရုံးများ သာမက ကမ္ဘာတစ်ဝန်း အမေရိကန် နိုင်ငံသားများ ခရီးသွားလာရာတွင်လည်း သတိပေးချက် ထုတ်ပြန်ရသည်အထိ ဖြစ်ခဲ့ကြောင်း အမေရိကန် လုံခြုံရေး အရာရှိကြီးများ က ပြောကြားသည်။

“ယီမင်မှာဆိုရင် ယခုရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ် ဆိုတာကြောင့် အရေးပေါ် တပ်လှန့်မှုတွေကို အမြင့်ဆုံး အတိုင်းအတာနဲ့ လုပ်ထားရပါတယ်” ဟု အမေရိကန် လုံခြုံရေး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။

အဆိုပါ အယ်လ်ကေဒါများ တိုက်ခိုက်မှု ပြုလုပ်လာဖွယ် ရှိသည်ဟူသော သတင်းမှာ စနေနေ့ ညနေပိုင်းတွင် နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) နှင့် အမေရိကန် လုံခြုံရေး အေဂျင်စီများက ပေးပို့ခဲ့ခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့တွင် ယီမင်နိုင်ငံရှိ အမေရိကန် သံရုံး၌ လုံခြုံရေးများ အထူး တင်းကျပ်ထားပြီး တင့်ကား ၁၂ စီးကိုလည်း သံရုံး ပရဝုဏ်နှင့် မီတာ ၅၀၀ အတွင်း ထားရှိထားကြောင်း၊ ယင်းသံရုံးသည် ယမန်နှစ်က ယီမင် ဆန္ဒပြ သမားများ၏ အကြမ်းဖက် စီးနင်းခြင်း ခံခဲ့ရကြောင်း အမေရိကန် အရာရှိ ကြီးများက ဆိုသည်။

အခြားသော သတင်းများအရ အမေရိကန်ပြည်ထောင်စု သာမက ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ ကလည်း ယီမင်နိုင်ငံရှိ ၎င်းတို့၏ သံရုံးများ ကို ပိတ်သည်ဟု ကြေညာကြောင်း၊ သို့သော် အခြားနိုင်ငံ သံရုံးများကိုမူ ဂယက် ရိုက်ခတ်မှု မရှိခဲ့ကြောင်း သိရသည်။

ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အယ်လ်ကေဒါတို့ တိုက်ခိုက်မည် ဟူသော သတင်းသည် အရှေ့ အလယ်ပိုင်း ဒေသတွင် သာမက ကမ္ဘာ တစ်ဝန်း၌ အနောက်နိုင်ငံ ပစ်မှတ်များမှာ ခြိမ်းခြောက်မှု ခံနေရပြီ ဟူသော အချက်ကို ဖော်ပြလိုက်ရာ ရောက်ကြောင်း လေ့လာစောင့်ကြည့်သူတို့က ဆိုသည်။

ယင်းသတင်းကြောင့် အရှေ့ အလယ်ပိုင်း ဒေသရှိ အမေရိကန် တပ်ဖွဲ့များ ကိုလည်း အနီရောင်အဆင့် အရေးပေါ် တပ်လှန့်မှု ပြုလုပ်ထားကြောင်း လုံခြုံရေး အရာရှိကြီးများက ဆိုသည်။

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 