နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Sunday, August 4, 2013

၎-၈-၂၀၁၃ "ဂြိုဟ်များကို သူလျှိုလေယာဉ်ထင်မှတ်၍ အိန္ဒိယစစ်တပ် မှားယွင်းစောင့်ကြည့်"

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-frc1/1001093_165058917015358_218682006_n.jpg
 

အိန္ဒိယ စစ်တပ်သည် သူလျှိုလေယာဉ်ဟု ယူဆရသော အရာများကို ၆ လကြာစောင့်ကြည့်ခဲ့သည့်နောက် ယင်းတို့သည် နေအဖွဲ့အစည်း အတွင်းမှ ဂြိုဟ်များဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိလာခဲ့သည်။ အာရှတိုက်၏ အင်အားကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယတို့သည် ပထဝီ အနေအထား ထိစပ်လျှက် ရှိနေသလို



 တင်းမာမှုများလည်း ရှိနေသည်။ အထူးသဖြင့် ဟိမဝန္တာ တောင်တန်းအနီး တဝိုက်တွင် နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာသည် မကြာသေးမီ နှစ်ပိုင်းများ အတွင်းက ပိုမို ကြီးမားလာခဲ့သည်။ အိန္ဒိယက တရုတ်နိုင်ငံသည် မိမိတို့၏ ပိုင်နက်ကို ကျူးကျော်မှုများ ပြုလုပ်ခဲ့ကြောင်း ယခင်က စွပ်စွဲမှုများ ရှိခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံမှ စေလွှတ်ထားသည့် သူလျှို မောင်းသူမဲ့ လေယာဉ်များဟု ယူဆရသည့် အရာများကို စစ်တပ်က (၆)လကြာမျှ ခြေရာခံနေခဲ့ပြီး နောက်ဆုံးတွင်မူ ယင်းတို့မှာ ဂျူပီတာနှင့် ဗီးနပ်စ်ဂြိုဟ်ကြီးများ ဖြစ်နေသည်ကို တွေ့ရှိလာရကြောင်း BBCက ဖော်ပြခဲ့သည်။ ဧပြီလက တရုတ်စစ်တပ် တပ်ဖွဲ့ငယ် တစ်ခုသည် အိန္ဒိယပိုင်နက်ထဲ ကျူးကျော် စခန်းချခဲ့ကြောင်း အိန္ဒိယက စွပ်စွဲခဲ့သဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး အတန်ငယ် အေးခဲနေခဲ့သေးသည်။ အိန္ဒိယ စစ်တပ်သည် နှစ်နိုင်ငံ နယ်နိမိတ် အနီးရှိ ရေကန်တစ်ခုပေါ်တွင် အမည်မသိ အရာများ ဖြတ်သန်းနေသည်ကို တွေ့ရှိရကြောင်း မှတ်တမ်းများ ပြုစုခဲ့ရာ (၃၂၉)ကြိမ်တိုင် ရှိလာခဲ့သည်။

ထို့ကြောင့် အိန္ဒိယ စစ်တပ်မှ တာဝန်ရှိသူများသည် အိန္ဒိယ နက္ခတ်ရူပဗေဒ ဌာနမှ ပညာရှင်များကို ဖိတ်ခေါ်ကာ ယင်းအမည်မသိ အရာများကို လေ့လာရန် အကူအညီ တောင်းခံခဲ့သည်။ ရလဒ်မှာ ယင်းတို့ မျှော်လင့်ထားသလို မောင်းသူမဲ့ လေယာဉ်များ မဟုတ်ဘဲ စကြာဝဠာထဲရှိ ဂြိုဟ်ကြီးနှစ်လုံးသာ ဖြစ်နေခဲ့ကြောင်း အိန္ဒိယ Telegraph၏ အဆိုကို ကိုးကားပြီး BBCက ဖော်ပြခဲ့သည်။ အိန္ဒိယ စစ်တပ်သည် အမည်မသိ အဆိုပါ အရာဝတ္ထုများအတွက် ကာလအတန်ကြာ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရကြောင်း သိရှိရသည်။

နက္ခတ်ဗေဒ ပညာရှင် တစ်ဦးဖြစ်သော တူရှာပရာဘူက "ကျွန်တော်တို့ရဲ့ အလုပ်က အမျိုးအမည်မသိတဲ့ အဲဒီအရာတွေဟာ အာကာသ ပညာရပ်နဲ့ ဆိုင်မလား၊ ကမ္ဘာပေါ်က လွှတ်တင်တာ တစ်ခုခုလား ဆိုတာကို သရုပ်ခွဲပေးဖို့ပါ"ဟု ပြောကြားခဲ့သည်။ အဆိုပါ ဒေသတွင် လေထုအခြေအနေ ကွဲပြားမှုကြောင့် ဂြိုဟ်များကို ပိုမိုတောက်ပစွာ တွေ့မြင်ရလေ့ရှိပြီး ယင်းကို အိန္ဒိယစစ်ဘက် တာဝန်ရှိသူများက သူလျှိုလေယာဉ်များဟု သင်္ကာမကင်း ရှိခဲ့ခြင်းဖြစ်သည်။
Planet Myanmar Network

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 