Tags
- စစ်လက်နက်ဆန်းများ (2)
- နိုင်ငံတစ်ကာစစ်ရေးရာသတင်း (17)
- ဗဟူသုတဆောင်းပါးများ (5)
- ဗွီဒီယိုဖိုင်များကြည့် ရန် (8)
- ပြည်တွင်းပြည်ပ သဘာဝလွန် ဖြစ်ရပ်များ (1)
- ပြည်တွင်းစစ်သတင်း (15)
- ပြည်တွင်းနိုင်ငံရေးအာဘော် (20)
- ပြည်ပနိုင်ငံခြားမှု့ ခင်းသတင်း (17)
- ပြည်ပနိုင်ငံရေးသတင်း (18)
- မြန်မာ့ ကုန်ထုပ်လုပ်စီးပွားရေး (2)
- မြန်မာ့နိုင်ငံရေးအကြောင်း (3)
- မြန်မာပြည်မှု့ ခင်းသတင်း (58)
- မြန်မာပြည်အထွေထွေသတင်းတိုများ (43)
- အွန်လိုင်းဆိုင်ဘာတွင်တိုက်ခိုက်ဖွနေသူများ (3)
- ဖျော်ဖြေရေးသတင်း (1)
- မေးလ်ဖြင့်လာရောက်ပေးပို့ သူများ (2)
Thursday, August 8, 2013
ထိုင်းတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်မြှင့်
၈.၈.၂၀၁၃၊ ကြာသပတေးးနေ့
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်အစိုးရ ဆန့်ကျင်ရေး အင်အားစုများက စီတန်း လှည့်လည် ဆန္ဒပြမှုများကို အရှိန် မြှင့်တင်သွား မည်ဟု အဓိဋ္ဌာန်ပြု ကြေညာလိုက်ကြောင်း The Nation သတင်းစာ က ရေးသား ဖော်ပြသည်။
လက်ရှိ အခြေအနေတွင် မြို့တော် ဘန်ကောက်ရှိ လုမ္ဗိနီ ပန်းခြံတွင် အစိုးရ ဆန့်ကျင်ရေး အင်အားစု များ စုဝေးလျက် ရှိပြီး ရက်ပိုင်းအတွင်း ဆန္ဒပြမှုများ ကို အရှိန် မြှင့်တင်သွားမည် ဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့ တွင် ကြေညာသည်။
‘ပြည်သူ့တပ်ဖွဲ့’ ဟု အမည်ရသည့် ဆန္ဒပြ အင်အားစု ခေါင်းဆောင် ထိုင်ကွန်း ပိုလ်ဆူဝမ်က ၎င်းတို့ အင်အားစုများသည် သက်ဆင် ရှင်နာဝပ် (ဝန်ကြီးချုပ်ဟောင်း) နှင့် အပေါင်းအပါအဖွဲ့ ဆန့်ကျင် တိုက်ဖျက်ရေး အတွက် ဆန္ဒပြကြခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဆန္ဒပြမှုများကို ဆက်လက် တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
သို့သော် မည်သို့မည်ပုံ အင်အား တိုးမြှင့်မည် ဟူသည့် အစီအစဉ် အသေးစိတ်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
ယင်းအင်အားစုများသည် ထိုင်းအစိုးရက စီစဉ် ဆောင်ရွက်လျက်ရှိသည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ဒီကရီနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်လျက် ရှိသည်။
ယင်းအမိန့်ဒီကရီသာ အတည်ပြုပြီးပါက ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (ပြည်ပြေးဘဝဖြင့် နေထိုင်လျက်ရှိသူ) အနေနှင့် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာနိုင်မည် ဖြစ်သည်။
ဘန်ကောက်မြို့တွင် ထိုသို့ အစိုးရ ဆန့်ကျင်ရေး အင်အားစုများက ဆန္ဒပြမှုများတိုးမြှင့်ရန် စီစဉ်နေစဉ် အစိုးရကို ထောက်ခံသော ရှပ်နီ အင်အားစုများကလည်း ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိရာ ၎င်းတို့ အင်အားစုများ အကြား ပဋိပက္ခနှင့် ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပေါ် မည်ကို ရဲတပ်ဖွဲ့နှင့် ဘန်ကောက် အာဏာပိုင်များက အထူး စိုးရိမ်လျက် ရှိကြသည်။
ထိုင်း ရဲတပ်ဖွဲ့သည် ယခုနှစ်များအတွင်း ဆက်တိုက်ဆိုသလို ထွက်ပေါ် လာသည့် ဆန္ဒပြမှုများနှင့် အုပ်စုချင်း တိုက်ခိုက်မှုများစွာကို ရင်ဆိုင် ဖြေရှင်း ခဲ့ရကြောင်း၊ အဆိုပါ အတွေ့အကြုံများကို အခြေခံပြီး ယခု ဖြစ်ပေါ်ရန် ရှိသည့် ဆန္ဒပြမှုများကို ကောင်းမွန်စွာ ဖြေရှင်းသွားလိမ့်မည်ဟု ယူဆ ရကြောင်း လေ့လာစောင့်ကြည့်သူတို့က ဆိုသည်။
ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်အရ ဘန်ကောက်ရှိ ခရိုင် သုံးခုတွင် လူထောင်ပေါင်း များစွာ ပါဝင်မည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်ထားရာ အစိုးရက ပြည်တွင်း လုံခြုံရေး အက် ဥပဒေ (ISA) ထုတ်ပြန်ထားသည်။
ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်က မိမိတို့ အစိုးရအနေနှင့် ပြန်လည် သင့်မြတ်ရေးကို အကောင်အထည် ဖော်မည် ဖြစ်သည်ဟု စနေနေ့တွင် ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ယင်းကြေညာချက်သည် အချိန်ဆွဲရန် ပရိယာယ် သက်သက်မျှသာ ဖြစ်သည်ဟု အတိုက်အခံတို့က ဆိုသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(230)
-
▼
August
(42)
- ရုရှားသမ္မတ အမေရိကန်ကို စိန်ခေါ်
- အိန္ဒိယထိပ်သီး မူဂျာဟစ်ဒင်ခေါင်းဆောင် ဖမ်းမိ
- ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒ...
- မြေထဲပင်လယ် အရှေ့ပိုင်း ရုရှား စစ်သင်္ဘောများ စေလွှတ်
- တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုး...
- ဒေါ်နော်အုန်းလှအား ထောင်ဒဏ် ၂ နှစ်ချမှတ်
- အသက် ၆ နှစ်အရွယ် တရုတ်ကလေးငယ်၏ မျက်လုံးနှစ်ဖက် ဖော...
- ကြာသပတေးနေ့  လင်းအားကြီး ချိန် မှာ တိုမာဟောခ် ဒုံး...
- ဆီးရီးယား နိုင်ငံ ကို ၇၂ နာရီ အတွင်း လေကြောင်း ၊ေ...
- ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် အမျိုးသမီးတစ်ဦး ဓာတ...
- ကင်ဂျုံအွန် နှစ်သက်သည့် စကိတ်ကွင်း စီမံကိန်းအတွက် ...
- တရုတ်တွင် ဧရာမ ဒီရေလှိုင်းလုံးကြီးများကြောင့် လူ ၃၀...
- ကန့်ဘလူမြို့နယ်၌ မိန်းကလေးတစ်ဦးအား ကာအိနြေ္ဒပျက်ပြ...
- ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာသတင်း
- ကရိန်းဖြင့် ယာဉ်ကြောရှင်းရန် စည်ပင်နှင့် ယာဉ်ထိန်း...
- မောင်တောခရိုင် ဆူပူမှုတွင် ဘုန်းတော်ကြီးတစ်ပါး သတ်ြ...
- မန္တလေးကျုံးဘေး၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ...
- မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား ...
- စင်္ကာပူရောက် မြန်မာမလေး တစ်ယောက် FACEBOOK မှာ မဖွယ်...
- ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မူဆလင် အကြမ်းဖက်အဖွဲ...
- ပစ္စတိုသေနတ်တစ်လက်နဲ့ လူငါးယောက် ကေတီဗွီဆိုင်ထဲ၌ သေ...
- KNU တပ်က BGF ကို ဝင်တိုက်၊ အရေးယူ ပေးမည်ဟု KNU စစ်...
- စည်းလုံးခြင်းမရှိကြပဲဖေ့စ်ဘုတ်တွင်အပြန်အလှန်ငယ်ကျု...
- အသက်အပိုတစ်ချောင်းပါသော မြန်မာပြည်မှမျောက်လီးသမန်း...
- ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆ...
- ကင်တားနား ရခိုင်ပြည်နယ်သို့ ရောက်ရှိနေ
- ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင် မျိုးနွယ်စုဝင...
- တောတရိစ္ဆာန်ဆင်တွေလည်းကလဲ့ စားချေတပ်တယ်
- သိမ်းဆည်းထားသော ဓာတုလက်နက်များ၏ ၇၅ ရာခိုင်နှုန်းကျေ...
- မြန်မာတွေရဲ့ စေတနာမေတ္တာမလေးရှားနားလည်စေလိုပါသည်။
- အင်တာနက်ဖေ့ဘုတ်ပေါ်မှမြန်မာ့ နိုင်ငံရေးဆိုက်ဘာတိုက်...
- ထိုင်းတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်မြ...
- အလွမ်းမျက်ရည်များနဲ့  အပြုံး
- al-Qaida အချင်းချင်းဆက်သွယ်မှု ကန်ထောက်လှမ်းရေး ကြာ...
- ကျောက်စိမ်း အလွန်အကျွံ ဆက်၍တူးဖော် ထုတ်လုပ်နေလျှင်...
- အယ်လ်ကေဒါတို့ တိုက်ခိုက်မည့် သတင်းကြောင့် အမေရိကန်...
- မိမိကိုယ်တိုင်ရေရေရာရာ မသိခံစားချက်ကင်းမဲ့ ပြီးသူမ...
- ရန်ကုန်မြို့ နယ်မြေမှကားပေါ်တွင်တန်ဘိုးကြီးသောဖုန်း...
- ဦးခေါင်းနှစ်ဆကြီးသည့်ကလေး ကုသမှုခံယူပြီး ဆေးရုံမှဆင်း
- ၄-၈-၂၀၁၃ "ဂြိုဟ်များကို သူလျှိုလေယာဉ်ထင်မှတ်၍ အိန္ဒ...
- ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်ဦးဂမ္ဘီရ သြစတေလျ ...
- လမ်းပြောင်းပြန်မောင်းလာတဲ့ ကားမှ ဆိုင်ကယ်အားတိုက်မ...
-
▼
August
(42)
No comments:
Post a Comment