နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Sunday, August 4, 2013

ဦးခေါင်းနှစ်ဆကြီးသည့်ကလေး ကုသမှုခံယူပြီး ဆေးရုံမှဆင်း


 
သာမန် ထက်ပို ဦးခေါင်းကိုနှစ်ဆကြီးစေ သည့် ရှားပါးသောရောဂါတစ်မျိုး ရခဲ့သူ တစ်နှစ်အရွယ် အိန္ဒိယ ကလေးငယ်ကို လေးလကြာကုသ ပြီးနောက် ဆရာဝန်များက ဩဂုတ် ၂ရက်တွင် အိမ်ပြန်ခွင့်ပေးလိုက် သည်။
ကလေးငယ်မိန်းကလေး ရူး နာဘီဂမ်၏ ကျန်းမာရေးအခြေ အနေမှာ 



ထူးထူးခြားခြားတိုးတက် ကောင်းမွန်နေပြီဟု ခွဲစိတ်ဆရာ ဝန်များက ကြေညာပြီးနောက် ၎င်းနှင့် ၎င်း၏မိဘများသည် နယူး ဒေလီမှ ထွက်ခွာ၍ အိန္ဒိယ၏ ဒေသရှိ ၎င်းတို့၏အိမ်သို့ပြန်ခဲ့ပြီ ဖြစ်သည်။ သူမ၏ရောဂါကြောင့် နိုင်ငံတကာမှ ဂရုဏာသက်မှုကို ရရှိခဲ့သော ရူးနာ၏ ဦးခေါင်းတွင်း မှ အရည်များကို ဆရာဝန်များက ခွဲစိတ်ဖောက်ထုတ်ပြီး ဦးခေါင်း အရွယ်အဆမှာ သိသိသာသာ လျော့ကျခဲ့သည်။
''ရူးနာရဲ့ကျန်းမာရေးက သိသိသာသာတိုးတက်နေပါပြီ။ ဒီနံနက်ပဲ ကလေးကို ဆေးရုံဆင်း ခွင့်ပေးလိုက်ပါတယ်။ နောက်ပြီး သူဟာ ခရီးသွားနိုင်တဲ့အထိ ကျန်း မာကြံ့ခိုင်ပါတယ်''ဟု ဦးနှောက် နှင့်အာရုံကြောခွဲစိတ် ဆရာဝန် ဆန်ဒီးပ်ဗိုက်ရှီးယားက ပြောကြား ခဲ့သည်။
သူမသည် နယူးဒေလီဆင် ခြေဖုံးရှိ ပုဂ္ဂလိကဆေးရုံတွင် ဧပြီ လကတည်းက ကုသမှုခံယူခဲ့သည်။
ရူးနာသည် ဦးနှောက်တွင်း ခန်းမများတွင် ခြင်ဆီရည်များလွန် စွာများပြားစွာ ရောက်ရှိသည့် ရောဂါဖြင့်မွေးလာသည်။ ဦးနှောက် နှင့် ကျောရိုးမတန်းရှိ ဝန်းရံနေ သော ခြင်ဆီရည်များသည် ဦး နှောက်တွင်စုပုံကာ အသက်ဆုံး ရှုံးနိုင်သည့်ရောဂါဖြစ်သည်။ ရူးနာ သည် ရောဂါကြောင့် သူမ၏ဦး ခေါင်းမှာ သာမန်ထက်နှစ်ဆခန့် ရောင်ရမ်းလာကာ ဦးခေါင်း၏အဝန်းမှာ ၉၄စင်တီမီတာ(၃ရ လက်မ)ထိရှိလာခဲ့သည်။ မတ်မတ် မထိုင်နိုင်သကဲ့သို့ ဝမ်းလျားမှောက် ၍လည်း မသွားနိုင်ခဲ့ပေ။ သို့သော် လည်း ပုဂ္ဂလိက င်္သမအငျံနေူအ့-ခမေန အုပ်စုပိုင်သောဆေးရုံက ကုသပေးမှုကြောင့် ယခုအခါ သူမ ၏ ဦးခေါင်းမှာ ၅၈စင်တီမီတာ သို့ကျုံ့သွားခဲ့သည်။ ခြောက်လ အတွင်း နောက်ဆုံးခွဲစိတ်မှုများ ပြုလုပ်ပြီးလျှင် သူမဦးခေါင်းမှာ နောက်ထပ်ကျုံ့သွားမည်ဟု မျှော် လင့်ကြောင်း ခွဲစိတ်မှုကို ဦးဆောင် ခဲ့သည် ဗိုက်ရှီးယားက ပြောကြား ခဲ့သည်။
တခြားကလေးများနှင့် နှိုင်း ယှဉ်လျှင် ရူးနာ၏ ဦးခေါင်းမှာ ပို၍ကြီးနေသော်လည်း သူမ၏လည်ပင်းကြွက်သားများမှာ ဦး ခေါင်းကို ထိန်းလာနိုင်သည်အထိ သန်မာနိုင်သောကြောင့် ပုံမှန်အ တိုင်းဖွံ့ဖြိုးနိုင်သည့် အခွင့်အလမ်း ကောင်းရှိနေသည်ဟု ဆိုသည်။


No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 