နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Monday, August 26, 2013

တရုတ်တွင် ဧရာမ ဒီရေလှိုင်းလုံးကြီးများကြောင့် လူ ၃၀ ကျော် ဒဏ်ရာရရှိ

H-25-8


ဟိုင်နင်းဒီရေ မြင့်တက်မှုကို လာရောက်စောင့်ကြည့်သူများကို ရေလှိုင်းရိုက်ခတ်မှုကို ခံရမှုအား သြဂုတ် ၂၂ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ
တရုတ်အရှေ့ပိုင်း ကျဲကျန်ပြည်နယ် ဟိုင်နင်းမြို့တွင် ချန်းထျန်မြစ်ကြောင်း တစ်လျှောက်ရှိ ရေတမံကို ဧရာမဒီလှိုင်းကြီး ဖြတ်ကျော်ရိုက်ခတ်မှုကြောင့် ရေလှိုင်းမြင့်တက်မှုကို စောင့်ကြည့်သူ အမြောက်အမြား ရေနစ်ခဲ့ပြီး လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တရုတ်အရှေ့ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း "ထရာမီ" ၀င်ရောက်တိုက်ခတ်နေပြီး အနောက်တောင် မုတ်သုံကြောင့် ကမ်းရိုးတန်းများတစ်လျှောက် ရေမြင့်တက်မှုများ ဖြစ်ပွားနေသည်။ လျင်မြန်စွာ မြင့်တက်လာသော ဒီရေလှိုင်းများက မြစ်အတွင်းသို့ စီးဝင်လာချိန်တွင် ရေဆန်လှိုင်းများအဖြစ် ပြောင်းသွားခဲ့ရာ ဒီရေလှိုင်းမြင့်တက်မှု ဖြစ်ပေါ်ခဲ့ရာ မြစ်ကမ်းတစ်လျှောက်တွင် ၆ မီတာ (ပေ ၂၀ ကျော်) မြင့်မားသည့် ဒီရေလှိုင်းကြီးများ တက်ခဲ့သည်။
ယခုနှစ်အတွင်း တရုတ်ကို (၁၂)ကြိမ်မြောက် ၀င်ရောက်သည့် ထရာမီ တိုင်ဖွန်းကြောင့် ဟိုင်နင်းမြို့တွင် မိုးသည်းထန်ပြီး တစ်နာရီမိုင် ၈၀ ထိ လေတိုက်နှုန်း ပြင်းထန်ခဲ့သည်။ ဟိုင်နင်းမြို့တွင် ဒီရေလှိုင်း မြင့်တက်မှုကို မှတ်တမ်းတင်ရန် စောင့်ကြည့်သူများ စုဝေးရောက်ရှိခဲ့ပြီး အကာအကွယ်ယူထား နေရာအနီးကို ရေရိုက်ခတ်ခဲ့ရာ ဒီရေလှိုင်းကြီးကြောင့် ရေထိန်းနံရံ အစိတ်အပိုင်းများ ပျက်စီးခဲ့သည်။
ဆယ်စုနှစ်အတွင်း အမြင့်ဆုံး စံချိန်တင်ခဲ့သော ယင်းဒီရေလှိုင်းကြောင့် မြစ်ကမ်းပါးတစ်လျှောက် ဒီရေမြင့်တက်မှုကို လာရောက်ကြည့်ရှုကြသောလူများ ထွက်ပြေးခဲ့ရသည်။ ထို့ပြင် ရေလမ်းကြောင်း တစ်လျှောက်ရှိ ယာဉ်များလည်း ရေနစ်မြုပ်ခဲ့သည်။ နံရံပြိုကျခဲ့ပြီးနောက် လူနာတင်ယာဉ် ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရသူများကို အနီးဆုံး ဆေးရုံသို့ ပို့ပေးခဲ့ပြီး အသေအပျောက် မရှိခဲ့ကြောင်း သိရသည်။
ချန်းထျန်မြစ်ရေသည် ၆ ဒသမ ၆ မီတာအထိ မြင့်တက်ခဲ့ပြီး ရေလှိုင်းများမှာ ၁ ဒသမ ၃ မီတာအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ချန်းထျန်ရေလှိုင်း မြင့်တက်မှုသည် ကမ္ဘာတွင် အမြင့်ဆုံးဟု ယူဆထားကြပြီး နှစ်စဉ်ဒီရေလှိုင်း စောင့်ကြည့်သည့်ပွဲတော် ကျင်းပသည့် နေရာလည်း ဖြစ်သည်။ ထရာမီတိုင်ဖွန်းကြောင့် ယခုတစ်ပတ် ဒီရေလှိုင်း မြင့်တက်မှုသည် သိသိသာသာ ဆိုးရွားသွားခဲ့ခြင်း ဖြစ်သည်။ ကျဲကျန်ပြည်နယ်တွင် ထရာမီ တိုင်ဖွန်းကြောင့် လူ ၄၀၀၀၀၀ ကျော် နေရာရွှေ့ပြောင်းပေးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု ယွမ် ၄၀၅ သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
Ref:Sky News

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 