နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Thursday, August 29, 2013

အသက် ၆ နှစ်အရွယ် တရုတ်ကလေးငယ်၏ မျက်လုံးနှစ်ဖက် ဖောက်ထုတ်လုယူခံရ

G-29-8


တရုတ်နိုင်ငံမြောက်ပိုင်း၊ ဖန်ကျီပြည်နယ်တွင် အသက် ၆ နှစ်အရွယ် ယောက်ျားလေး တစ်ဦး၏ မျက်လုံးနှစ်ဖက်အား သြဂုတ်၂၆ ရက်က ရက်စက်စွာ ဖောက်ထုတ်လုယူ ခံခဲ့ရကြောင်း သိရသည်။
ကလေးငယ်၏ မျက်လုံးများအား လူမဆန်သည့် ကိုယ်အင်္ဂါ မှောင်ခိုရောင်းချသူများက ဖောက်ထုတ်ရယူဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ကလေးငယ်သည် အိမ်အပြင်ဘက်တွင် ဆော့ကစားနေခဲ့ခြင်းဖြစ်ပြီး ၎င်းပျောက်ဆုံးသွားပြီးနောက် သုံး၊ လေးနာရီ အကြာတွင် သွေးများဖြင့် ပေကျံနေသည့် ကလေးငယ်အား မိသားစုများက ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကလေး၏ မျက်လုံးများကို ၎င်း၏အနီးတွင် ရှာဖွေတွေ့ရှိ ခဲ့သော်လည်း မျက်ကြည်လွှာများကို မတွေ့ရတော့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။
မျက်လုံးများကို ဖောက်ခဲ့သူမှာ အမျိုးသမီးတစ်ဦး ဖြစ်နိုင်ကြောင်း ရဲများက ပြောကြားထားပြီး အဆိုပါ သံသယရှိသူကို ဖမ်းဆီးနိုင်ရန် သတင်းပေးပါက ယွမ်ငွေတစ်သိန်းပေးမည်ဟု ကြေညာထားသည်။
"ကလေး မျက်နှာတစ်ခုလုံးမှာ သွေးတွေပေကျံ နေပါတယ်။ မျက်ခွံနှစ်ဖက်စလုံးလည်း အထဲချိုင့်ဝင် နေပါတယ်" ဟု ၎င်း၏ဖခင်ဖြစ်သူက Shanxi ရုပ်သံဌာနသို့ ပြောကြားခဲ့သည်။
ပတ်တီးများ ထူထပ်စွာ အုပ်ထားသည့် အဆိုပါ ကလေးငယ်အား ဆေးရုံခွဲစိတ်ခန်းမှ ခုတင်သို့ ခေါ်ဆောင်လာပုံကို ရုပ်သံသတင်းတွင် ဖော်ပြခဲ့သည်။
ကလေးငယ်အား ဆေးထိုးပြီး မေ့မြောအောင်လုပ်ကာ မျက်လုံးများကို ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် CCTV ရုပ်သံဌာန၏ တရုတ်မိုက်ခရိုဘလော့ဂ် Sina Weibo တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးရန် လိုအပ်သူ တစ်နှစ်လျှင် သုံးသိန်းခန့် ရှိနေသော်လည်း လှူဒါန်းသူများ မရှိသောကြောင့် လူတစ်သိန်းခန့်သာ အစားထိုး လဲလှယ်မှု ပြုလုပ်နိုင်ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည်။
iPhone နှင့် iPad များဝယ်ရန် ကျောက်ကပ်တစ်ဖက်အား ဆယ်ကျော်သက်တစ်ဦးက တရားမ၀င် ထုတ်ရောင်းခဲ့မှုတွင် ပါဝင်ခဲ့သူ ခုနစ်ဦး ယမန်နှစ်အတွင်းက ဖမ်းဆီးခဲ့သည်။
ကလေးငယ်တို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများသည် အရည်အသွေး ပိုမိုကောင်းမွန်သည်ဟု လက်ခံထားကြသောကြောင့် မှောင်ခိုဈေးကွက်တွင် ဈေးပိုကြီးကြောင်း ကိုယ်အင်္ဂါ အစိတ်အပိုင်းများ မှောင်ခိုရောင်းဝယ်သူ တစ်ဦးက အင်တာနက် သတင်းတွင် ၂၀၁၀ ပြည့်နှစ် အတွင်းက ရေးသားခဲ့သည်။    
Ref:AFP
 http://www.news-eleven.com

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 