နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Monday, August 26, 2013

ကင်ဂျုံအွန် နှစ်သက်သည့် စကိတ်ကွင်း စီမံကိန်းအတွက် အရောင်းအ၀ယ် သဘောတူညီချက်ကို ဆွစ်ဇာလန် ပယ်ဖျက်

L-25-8

 မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် အနှစ်သက်ဆုံး အရာများအနက် တစ်ခုဖြစ်သည့် စကိတ်စီး အပန်းဖြေစခန်း တည်ဆောက်ရေး စီမံကိန်းအတွက် အဓိက လိုအပ်သော ပစ္စည်းများအား ရောင်းချရန် သဘောတူညီချက်ကို ဆွစ်ဇာလန် ကုမ္ပဏီတစ်ခုက ပယ်ဖျက်လိုက်ကြောင်း သိရသည်။
မိုင် ၇၀ ရှည်လျားသည့် စကိတ်စီးလမ်း၊ ဟိုတယ်တစ်လုံး၊ ရဟတ်ယာဉ်ကွင်း တစ်ခုနှင့် ကောင်းကင်ရထားများ ပါဝင်မည့် အဆိုပါ စီမံကိန်းအား ယခုနှစ်ကုန်တွင် ပြီးစီးရန် ကင်ဂျုံအွန်က လိုလားနေသည်။ ဆွစ်ဇာလန် ကုမ္ပဏီ Bartholet Maschinenbau ၏ ယခုကဲ့သို့ ပယ်ဖျက်လိုက်ခြင်းအပေါ် မြောက်ကိုရီးယား အစိုးရက မကျေနပ်ကြောင်း သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ စီမံကိန်းတွင် ပါဝင်သည့် စကိတ်စီး လမ်းကြောင်းများ၊ ဟိုတယ်တစ်လုံးနှင့် အခြားအဆောက်အအုံများကို တည်ဆောက်မှုမှာ ပြီးစီးလုနီးပါး ဖြစ်နေကြောင်း မြောက်ကိုရီးယား စကိတ်အသင်းက ထုတ်ပြန်ခဲ့သည်။
စကိတ်စီးစခန်း၏ ကေဘယ်လ်ကား လမ်းကြောင်းအတွက် လိုအပ်သည့် ပစ္စည်းများ တင်သွင်းရန် အစီအစဉ်ကို နိုင်ငံအချို့က တားမြစ်ပိတ်ပင်နေကြောင်း အဆိုပါ အသင်းက ထုတ်ပြန်ခဲ့သည်။ "အများပြည်သူ အသုံးပြုဖို့ ပစ္စည်းတွေ အပေါ်မှာ ၀ယ်ယူတင်သွင်းခွင့် မပိတ်ပင်ရဘူးလို့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ ဖော်ပြထားတဲ့အတွက် ဆွစ်ဇာလန်ကုမ္ပဏီ အနေနဲ့ အခုလိုလုပ်တာဟာ  ဒီပဋိညာဉ်ကို ချိုးဖောက်တာပါပဲ" ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
Bartholet Maschinenbau ကုမ္ပဏီက ယခုစီမံကိန်းအတွက် ကေဘယ်လ်ကြိုးဖြင့်စီးသည့် ထိုင်ခုံများနှင့် ကေဘယ်လ်ကားများကို မြောက်ကိုရီးယားသို့ ရောင်းချရန် သဘောတူထားပြီး ဖြစ်သည်။ ဆွစ်ဇာလန် အစိုးရက မြောက်ကိုရီးယားအပေါ် ဇူလိုင်လအတွင်း ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ် လိုက်ပြီးနောက် ဒေါ်လာ ၇ ဒသမ ၆ သန်းတန်ဖိုးရှိသည့် အဆိုပါ ပစ္စည်းများအား ရောင်းချရန် သဘောတူညီချက်ကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ကြောင်း စီးပွားရေးဆိုင်ရာ အတွင်းဝန်ရုံး (SECO) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ မြောက်ကိုရီးယားသို့ အဆိုပါပစ္စည်းများ ရောင်းချခြင်းသည် ဇိမ်ခံပစ္စည်းများ တင်ပို့မှု ပိတ်ပင်ရေး ဆုံးဖြတ်ချက်နှင့် ငြိစွန်းကြောင်း SECO က ဖော်ပြခဲ့သည်။
စကိတ်ကွင်းသုံး ကေဘယ်လ်ကြိုး ထိုင်ခုံများ ၀ယ်ယူရန် မြောက်ကိုရီးယား၏ ကမ်းလှမ်းမှုကို သြစတြေးလျကုမ္ပဏီ Doppelmayr ကလည်း ပယ်ချခဲ့ဖူးကြောင်း ဆွစ်ဇာလန် သတင်းစာ Le Temps တွင် သြဂုတ် ၁၉ ရက်က ဖော်ပြခဲ့သည်။
ယင်းစကိတ်စခန်းသည် ပြည်သူများ လူနေမှု အဆင့်အတန်း မြင့်မားပြီး ပျော်ရွှင်မှုများ ရရှိစေရန် တည်ဆောက်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား စကိတ်အသင်း က ထုတ်ပြန်ခဲ့သည်။
Ref:AFP
E.M.G

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 