နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Tuesday, July 30, 2013

မြန်မာ နိုင်ငံတွင် နိုင်ငံခြားသားများ PR စနစ်ဖြင့် နေထိုင် နိုင်စေရန် စီစဉ် ဆောင်ရွက်နေ


 ရန်ကုန် ဇူလိုင် ၂၈

မြန်မာနိုင်ငံတွင် ကာလကြာမြင့်စွာ နေထိုင်လိုကြသော နိုင်ငံခြားသားများနှင့် ပြည်ပသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံ သား ဟောင်းများသည်


Permanent Residence (PR) စနစ်ဖြင့် မြန်မာနိုင်ငံတွင် အချိန်ကြာမြင့် စွာနေထိုင်နိုင်စေရန် အတွက် လူဝင်မှု ကြီးကြပ်ရေး၊ ပြည်သူ့အင်အား ဝန်ကြီးဌာန အပါအဝင် အခြား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ နေ၍ စီစဉ် ဆောင် ရွက်လျက် ရှိသည်ဟု သိရသည်။ မကြာမီ မြန်မာနိုင်ငံ၌ အဆိုပါ Permanent Residence (PR) စနစ်ကို ဥပဒေတစ်ရပ် အနေဖြင့် တရားဝင် ပြဋ္ဌာန်းပြီး ကျင့်သုံးလာ နိုင်သည်အထိ သက်ဆိုင်ရာ ဌာနများက ပူးပေါင်း ဆောင်ရွက်ကာ အကောင် အထည်ဖော် သွားကြမည် ဖြစ်သည်။ ယခုအခါ အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး ပွဲများ ပြုလုပ် လျက် ရှိသည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ညှိနှိုင်း အစည်းအဝေး ပွဲများမှ ရရှိလာသော ဆွေးနွေးပွဲ ရလဒ်များကို သက်ဆိုင်ရာ ဌာနများနှင့် ဝန်ကြီးဌာန များသို့ ပေးပို့ပြီး လိုအပ်သော အကြံဥာဏ်များ၊ သဘောထား မှတ်ချက်များ ပေးပို့ကြရန်လည်း တိုက်တွန်း ထား သည်။ ထိုသို့ ပေးပို့လာသော အကြံဥာဏ်များနှင့် သဘောထား မှတ်ချက်များပေါ် အခြေခံကာ နောက်ထပ် ညှိနှိုင်း ဆွေးနွေး ပွဲများကို ပြုလုပ်ပြီးနောက် ထို PR စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်လာနိုင်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် စီစဉ် ဆောင်ရွက်နေသော မိမိတို့ နိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ စီးပွားရေး ကဏ္ဍများနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင်လည်း ဖွံ့ဖြိုး တိုးတက် လာစေရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည့် အတွက် နိုင်ငံတကာမှ နိုင်ငံခြားသားများ အရေအတွက် တိုးတက် များပြားစွာ ဝင်ရောက် လျက်ရှိရာ လိုအပ်ပါက ဤနိုင်ငံတွင် ၎င်းတို့ အဆင်ပြေစွာ ရေရှည် နေထိုင်နိုင်စေရန် အတွက် ရည်ရွယ်၍ အဆိုပါ Permanent Residence (PR) စနစ်ကို ကြိုးပမ်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဆောင်းဦး

မြ၀တီ

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 