မလေးရှားနိုင်ငံ အကျဉ်းထောင်တွေထဲမှာ လူဝင်မှုကြီးကြပ်ရေး အမှုတွေနဲ့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား လေးထောင်ကျော်ကို သီတဂူ ဆရာတော် အရှင်ဥာဏိဿရ ရဲ့ အစီအစဉ်နဲ့ ဇူလိုင်လ ၁၆ ရက် ဒီကနေ့ကစပြီး မြန်မာပြည်ကို ပြန်လည်ခေါ်ယူနေပြီဖြစ်ပါတယ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် တောင်တန်းသာသနာပြု (အံတော်ရှင်)ကျောင်းဝင်း အတွင်း သီတဂူ စက္ခုဒါနဆေးရုံမှာ မျက်စိဝေဒနာရှင်တွေကို လာရောက် ကုသပေးနေချိန် RFA က လျှောက်ထားရာမှာ ဆရာတော်က အခုလို မိန့်ကြားခဲ့ပါတယ်။
"တစ်ချို့က ပတ်စပို့ဗီဇာမရှိပေမယ့် တိတ်တိတ်ပုန်းလမ်းကသွားတယ်။
တိုင်းပြည်ကို ပြန်လာမယ့် မြန်မာနိုင်ငံသား လေးထောင်ကျော်ထဲက ပထမဆုံး အသုတ်အဖြစ် မြန်မာနိုင်ငံသား (၁၇၀)ဟာ ကမ္ဘောဇ လေကြောင်း နဲ့ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ ပြန်ခေါ်နိုင်ဖို့အတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃) သိန်း ရရှိထားတယ်လို့သိရ ပါတယ်။
အားလုံး လေးထောင်ကျော်လုံးကို ပြန်ခေါ်နိုင်ဖို့ ဆိုရင် နောက်ထပ် အလှူငွေ ဒေါ်လာနှစ်သိန်း လောက် လိုသေးတယ်လို့ ဆရာတော် အရှင် ဥာဏိဿရက မိန့်ပါတယ်။
No comments:
Post a Comment