နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Friday, July 5, 2013

ဒလ မြေဈေးကွက် နှင့် တရုတ်တန်းက ဖဲသုံးချပ်သမားများ



ဒလမြို့ ကို တံတားဆောက်ဖို့  အသံတွေ ထွက်လာတာနဲ့ တပြိုင်နက်ထဲမှာပဲ လယ်ကွက်တွေတောင် သိန်းထောင်ချီ
 အရောင်းအ၀ယ်ဖြစ်ကုန်ကြတယ်ဆိုတော့ တော်တော်
 ကြောက်စရာကောင်းအောင်ဈေးတက်သွားပါလားထို့ ထင်မိတယ် ။
 တကယ့် အဖြစ်မှန်က ဒီလိုပါ...

တရုတ်တန်းတ၀ိုက်မှာ အခြေစိုက်တဲ့ တရုတ်လူမျိုးအများစုပါဝင်တဲ့ စီးပွားရေးအုပ်တစုက ဒီဇါတ်လမ်းကိုထွင်ထားတာပါ..။ အဖွဲ့ နဲ့ ဈေးကစားတာဖြစ်ပြီး ဥပမာ- တဦးကို သိန်း ၂၀၀ စီလောက် ကို ၁၀ ဦးထည့်ပေါင်းလိုက်တော့..သိန်း၂ ထောင် အရင်းအနှီးရှိတဲ့ အုပ်စုတစုအဖြစ် အရပ် စုစည်းလိုက်ပါတယ် ။

ပြီးတဲ့ အခါ လူကြိုက်များလာနိုင်တဲ့ ရန်ကုန်အနီးတ၀ိုက်က မြေတွေကို သိန်းသုံးဆယ် လေးဆယ်လောက်နဲ့  အကွက်များများ ပစ်ဝယ်လိုက်ပါတယ်။ လက်ထဲမှာ မြေကွက် ၁၀ ကွက် ၁၅ ကွက်လောက်ရပြီဆိုတာနဲ့ အရင်ဆုံး သူတို့ အချင်းချင်း အရောင်းအ၀ယ်တွေ ဟန်ပြ လုပ်ပြကြတယ်..။

မြေတကွက်ကို သိန်းလေးဆယ်လောက်နဲ့ ဝယ်ထားတာကို သိန်းလေးရာလောက်နဲ့ ချက်ချင်းအရောင်းအ၀ယ်ပြန်တဲ့ သွားတဲ့ ပုံမျိုးလုပ်ပြတယ်..။ ပတ်ဝန်းကျင်ကိုလဲ အရောင်းအ၀ယ်လုပ်တာတွေကို တနည်းနည်းနဲ့ ဒေသခံတွေ ကြား သတင်းပျံ့အောင်လုပ်တယ်..။ တလ မကြာဘူး နောက်မြေတကွက်က သိန်းတထောင်ကျော် နဲ့ အရောင်းအ၀ယ်တည့်သွားပြန်ပြီဆိုပြီး အရောင်းအ၀ယ်တွေ လုပ်ပြတယ် ..။ ဒီမှာတင် ဒေသခံတွေ မြေရှင်တွေပါရောယောင်ပြီး မြေဈေးတွေ တက်ကုန်ပါလေရော.... မြေကွက်တွေ ၀ယ်ထားရင် ခဏ နဲ့ သိန်းထောင်ချီမြတ်တယ်ဆိုတဲ့ လောဘကို လူတွေ စိတ်ထဲ သွင်းပစ်လိုက်ကြတယ်..။

အဲဒီမှာတင် ပိုက်ဆံရှိတဲ့ လူတချို့  မြေကွက်ကလေး တနိုင်တပိုင်ဝယ်ထားမယ် တချိန် ပြန်ရောင်းရင်တောင် ဘယ်နည်းနဲ့  မဆို အမြတ်ရမယ်ဆိုပြီး .. ဈေးကောင်းလာတယ်ဆိုတဲ့ ဒလ ဖက်လို နေရာတွေ ကို မျက်စေ့ကျလာကြတယ်..။ တကယ်တော့ ဟိုလူတွေ ဆင်ထားတဲ့ အကွက်ထဲကို တန်းနေအောင် ၀င်သွားကြတာ..။

သွားဝယ်တဲ့ အချိန်မှာ နောက်ဆုံးဈေးက သိန်းတထောင်ကျော်လောက်နဲ့  အရောင်းအ၀ယ်ဖြစ်ပြီးသားဆိုတော့ ပြန်ဝယ်မယ်ဆိုရင် သိန်း ၁၈၀၀ ၊ ၂၀၀၀ တော့ ပေးဝယ်ရမှာပဲ..။ အချဉ်မိလို့ တကွက်အရောင်းအ၀ယ် ဖြစ်သွားတာနဲ့  လေးငါးဆယ်လောက် နဲ့ ဝယ်ထားတဲ့ မြေကွက်တွေ အရင်းကျေတဲ့ အပြင် ၊ ကျန်မြေကွက်တွေ က အကုန်အမြတ်ကြီးပဲ..။ တကွက်ကို သိန်းရှစ်ရာ တထောင်တော့ ဘယ်နည်းနဲ့ မဆို ပြန်ရတယ်..။ တွက်ကြည့်လိုက် မြေဆယ်ကွက်ကျော် ..ဘယ်လောက်ရသွားမလဲဆိုတာ..။

အဲဒီလူတစုက ဒဂုံမြေကွက်တွေ ၊ သန်လျှင် ဖက်က မြေကွက်တွေ မှာ ကတည်းက ဒီအကွက်တွေ နဲ့ ကစားခဲ့ကြတာ... ငွေယားလေးရှိနေသူတွေ ၊ မရှိရှိတာလေး စုဆောင်းပြီး မြေကွက်လိုချင်သူတွေ က သူတို့ ဆင်တဲ့ ဂွင်ထဲ မှာ လည်စဉ်းခံလိုက်ကြရတာပါ..။

ဒီအကြောင်းကို သိလိုက်ရတော့ ကျနော်ငယ်ငယ်က ကျောင်းသွားတိုင်းဈေးထောင့် မှာမြင်နေကြ ဖဲသုံးချပ်သမားတွေ မြင်ယောင်မိတာနဲ့  အလိမ်မခံကြစေဖို့ ..ဒီ ပို့စ်လေးကို ရေးလိုက်ရတာပါ..။ အတ္တသမားတွေရဲ့  လက်ကရှောင်ထွက်နိုင်ကြပါစေလို့  ဆုတောင်းရင်း အချင်းအချင်းမျှဝေ အသိပေးလိုက်ကြပါဦးဗျာ....။

( မြတ်သူ )
www.facebook.com/MgMyatThu

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 