နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Wednesday, July 31, 2013

ရန်ကုန်မြို့၊ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲရန်စီစဉ်


 ရန်ကုန်မြို့ရှိ ကန်တော်မင် ပန်းခြံကို ဦးဥတ္တမ ပန်းခြံ အဖြစ် ပြန်လည် သတ်မှတ် ပြောင်းလဲနိုင်ရေး အတွက် ယဉ်ကျေးမူ ၀န်ကြီးဌာနမှ လိုအပ်သော သမိုင်းဆိုင်ရာ အချက်အလက်များကို စုဆောင်းနေကြောင်း သတင်း ရရှိသည်။


ယခုလက်ရှိ ကန်တော်မင် ပန်းခြံအား ယခင်က ဦးဥတ္တမ ပန်းခြံ အဖြစ်သတ်မှတ်ခဲ့သော်လည်း ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော အိမ်စောင့် အစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့ပြီး ကန်တော်မင် ပန်းခြဲ အဖြစ် ပြန်လည် ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ဦးဥတ္တမ ပန်းခြံအဖြစ် သတ်မှတ်ခဲ့စဉ် ရှိခဲ့သော သမိုင်းဆိုင်ရာ အချက်အလက်များကို ယဉ်ကျေးမူ ၀န်ကြီးဌာသို့ ပြည့်ပြည့်စုံစုံ ပို့ပေးလိုက်ပြီ ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ယခုလို အတည်ပြု ပြောဆိုသည်။

“ ယဉ်ကျေးမူ ၀န်ကြီးဌာနက ဦးဥတ္တမ ပန်းခြံ အဖြစ် သတ်မှတ်ခဲ့စဉ်က ရှိခဲ့တဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ပို့ပေးဖို့ ပြောဆိုလာတဲ့ အတွက် ကျွန်တော်တို့ဆီမှာ ရှိတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေ အကုန်လုံးကို ပို့ပေးလိုက်ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယဉ်ကျေးမူ ၀န်ကြီးဌာနမှ ယခုအခါ အချက်အလက်များ ပြည့်ပြည့်စုံစုံ ရရှိသွားခဲ့ပြီ ဖြစ်သဖြင့် ကန်တော်မင် ပန်းခြံအား ဦးဥတ္တမ ပန်းခြံ အဖြစ် ပြန်လည် ပြောင်းလဲ နိုင်ရေး အတွက် နိုင်ငံတော် သမ္မတရုံးကို ဆက်လက်ပို့ပေးပို့မည်ဟု ဆိုသည်။

“ အခု ကျွန်တော်တို့ သိရတာက အခု နိုင်ငံတော်သမ္မတရုံးကို ဆက်လက် ပေးပို့ သွားမယ်လို့ သိရပါတယ်။ နိုင်ငံတော် သမ္မတရုံးကနေ အတည်ပြုပြီးရင် ရန်ကုန်တိုင်း ဒေသကြီးကို ဆက်လက်ပို့ပေးပါမယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ စည်ပင်သာယာကို ညွှန်ကြားချက်ထုတ်ရင် ဦးဥတ္တမပန်းခြံ အဖြစ် ပြောင်းလဲ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက ဆိုသည်။

ယခုအခါ ကန်တော်မင် ပန်းခြံအား ဆရာတော် ဦးဥတ္တမ ပန်းခြံ အဖြစ် ပြောင်းလဲ သတ်မှတ်ရန် စီစဉ်လာခြင်းမှာ ရန်ကုန်မြို့တော်ရှိ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲရေး အစီအစဉ် ရှိမရှိကို အဆိုကို ပြည်သူ့လွှတ်တော်တွင် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက ဇွန်လ ၂၇ ရက်နေ့က တင်သွင်းခဲ့ပြီး နောက်ပိုင်းတွင် ဖြစ်သည်။

ပြည်သူ့လွှတ်တော် အမတ် ဦးမောင်ညိုက ရန်ကုန်မြို့တွင် မြန်မာ လွတ်လပ်ရေး အတွက် ကြိုးပမ်း ခဲ့ကြသည့် မြန်မာ့ ခေါင်းဆောင်များအား ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်လမ်း၊ ဦးဝိစာရ ကျောက်တိုင်၊ ဦးဝိစာရလမ်း စသည့်ဖြင့် ဂုဏ်ပြုထားကြသော်လည်း

အလားတူ မြန်မာ လွှတ်လပ်ရေးကို စတင် မျိုးစေ့ချပေးခဲ့သူ ဦးဥတ္တအား ဂုဏ်ပြုသည့် အနေဖြင့် ရန်ကုန်ရှိ ကန်တော်မင်ပန်းခြံအား ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည် ပြောင်းလဲရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့သည်။

ထိုစဉ်က သမ္မတရုံး ဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဦးသန့်ရှင်းက လွတ်လပ်ရေး မရခင်ကာလတွင် အဆိုပါ ပန်းခြံကို တည်ဆောက်ခဲ့ပြီး ဦးဥတ္တပန်းခြံအဖြစ် အထောက်အထား မတွေ့ရကြောင်း၊

၁၉၈၉ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင်မွန်းမံခဲ့၍ ၁၉၈၉ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ကန်တော်မင် ပန်းခြံဟု ခေါ်တွင်ရာ ယနေ့တိုင်ဖြစ်ကြောင်း၊ ဦးဥတ္တမပန်းခြံဟု အထောက်အထား မတွေ့ရ၍ အမည်ပြောင်းရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားခဲ့သည်။

ရာဇဂြိုဟ်ကျောင်း ဆရာတော် ဦးပဏ္ဍိတကလည်း ဇွန်လ ၂၂ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် မြန်မာ့ လွတ်လပ်ရေး ဦးဆောင် ဆရာတော် ဦးဥတ္တမ၏ မြန်မာ-ဂျပန် (နဂိုယာ) ချစ်ကြည် ရင်းနှီးမှု စတင်သောနှစ် ၁၀၀ ပြည့် အခမ်းအနားတွင်

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ ကိုယ်တစ်ပိုင်း ကြေးရုပ်တုကို ပါလီမန်ဒီမိုကရေစီ ခေတ်ကအတိုင်း ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံ (ယခင် ဦးဥတ္တမပန်းခြံ) တွင် ပြန်လည် ထားရှိပေးရန် အကြံပြု တောင်းဆိုခဲ့သည်။

နိရဉ္စရာ- ၃၁ ဇူလိုင် ၂၀၁၃

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 