နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Tuesday, July 30, 2013

ယခု နောက်တင်သွင်းလာတဲ့ကားများနဲ့ ပတ်သက်ပြီး သတိထားသင့်တာလေးတွေကို အကြံပေးတင်ပြလိုပါတယ်...


 မင်္ဂလာပါ... ကျွန်တော့်အမျိုးများခင်ဗျား... ယခု နောက်တင်သွင်းလာတဲ့ကားများနဲ့ ပတ်သက်ပြီး သတိထားသင့်တာလေးတွေကို အကြံပေးတင်ပြလိုပါတယ်...

အသစ်တင်သွင်းလာသောကားများဟာ EFI,ECU ကားများသာဖြစ်ပြီး...
အာရုံခံSensor များနဲ့ အလုပ်လုပ်ပြီး အင်္ဂျင်ကွန်ထရိုးအားလုံးကို လျှပ်စစ်နဲ့
ထိန်းချုပ်အလုပ်လုပ်တာဖြစ်ပါတယ်...


ဒါကြောင့်မို့ စက်မနိုးခြင်း၊ကားမဆွဲခြင်း
အင်္ဂျင်ချက်မီး လင်းခြင်း၊ ABS မီးလင်းတို့ ဖြစ်ပေါ်လာပါက...EFI Wiring
ကျွမ်းကျင်သူ ဝပ်ရှော့ဆရာများနဲ့သာပြသစေချင်ပါတယ်ခင်ဗျား...

EFI မကျွမ်းကျင်သော ဝပ်ရှော့များတွင်ပြသရာတွင် တစ်ချို့ဝပ်ရှော့ဆရာများမှာ...အနည်းငယ် စစ်ဆေးပြီး...EFI ဝပ်ရှော့များသို့
သွားရောက်ရန် အကြံပေးသော်လည်း...

အချို့ဝပ်ရှော့ဆရာများမှာ လက်တည့်
စမ်းပြီးမှ မရတော့သဖြင့် လာရောက်ဆွဲယူရန်ပြောကြားကြပါတယ်...
ထိုကဲ့သို့ လက်တည့်စမ်းခြင်းအားဖြင့်...ကျွန်တော့် အမျိုးများ ကြုံဆုံခံစား...

ရမည့် ဒုက္ခများမှာ အပ်နှင့်ထွင်းရမည့် နေရာတွင် ပုဆိန်နှင့်ပေါက်ကြရကာ

(၁)EFI,ECU ကွန်ထရိုးဘောက်များလောင်ကျွမ်းကုန်ခြင်း

(၂)ဆီကွန်ထရိုးဘောက်များလောင်ကျွမ်းကုန်ခြင်း

(၃)CDI များ...လီဘာကွန်ထရိုးများလောင်ကျွမ်းကာ

ကားပိုင်ရှင်များမှာ EFIမကျွမ်းကျင်သောဝပ်ရှော့ဆရာ၏ လက်တည့်စမ်းသမျှ
အား ငွေကုန်ကြေးကျ အချိန်ကုန်ခံကာ ဒုက္ခခံစားရကြပါသည်...
ထိုဒုက္ခများမှ ကင်းဝေးစေရန် ကျွမ်းကျင်သူများနှင့်သာပြသကြရန်...
တိုက်တွန်းလိုပါသည်...

ထို့အပြင် ဥရောပကားများပြင်ဆင်ရာတွင်လည်း ထို့အတူပင်ဖြစ်ပါသည်...
ပုံတွင်ပြသထားသော Freelander ကားပိုင်ရှင်မှာ မကျွမ်းကျင်သော...
ဝပ်ရှော့တွင် အင်္ဂျင်ဝိုင်လဲရာ အဲယားဆလင်ဒါဖစ်တာရာဘာဂျွိုင်းဆက်မှာ...
လည်ပင်းတစ်ခုပြတ်သွား၍ ကုမ္ပဏီသို့ မှာကြားရာ...

ရာဘာဂျွိုင်းဆက်... တစ်မျိုးတည်း မရောင်းကြောင်း...အဲယားဆလင် ဒါဖစ်တာဘောက်ပါတွဲကာရောင်း သောကြောင့်...ဝယ်ယူ ရာ ကျပ် (၅) သိန်းကျော်ကျပါသည်...

ထိုကုန်ကျငွေမှာ...ကားပိုင်ရှင်မှ မလိုအပ်ဘဲ ပြင်ဆင်သူ မကျွမ်းကျင်မှု့ကြောင့် အပိုကုန်ကျရခြင်းဖြစ်ပါသည်...
ထို့အပြင် ကျွန်တော့်အမျိုးများကို အကြံပေးလိုသည်မှာ...EFI ကားများကို...
အောက်ပိုင်းပြင်ဆင်ရာတွင် ဘထ္ထရီခေါင်း တစ်ခေါင်းအားဖြုတ်ထားရန်...

အကြုံပြုလိုပါသည်...ထိုသို့ဖြုတ်ထားခြင်း အားဖြင့် အောက်ပိုင်းပြုပြင်နေချိန်
တွင် ကားဘီး လည်ရာတွင် မညီခြင်းကြောင့်...ABS ချက်မီးလင်းခြင်းကို...
ကာကွယ်ပြီးသားဖြစ်ပါသည်...ယခု နောက်လာသော ကားငယ်များတွင်
ABS ဆင်ဆာ သံလိုက်မှာ ဟတ်ဘောများတွင်ပါဝင်ခြင်းကြောင့်...

ဟတ်ဘောလဲရာတွင်ဘောနံပါတ်တူသော်လည်း သံလိုက်ပါ... မပါ မေးမြန်းပြီးမှ ဝယ်စေချင်ပါသည်...သံလိုက်မပါခဲ့သော် ABS ချက်မီးလင်း
ကာ ABS System အလုပ်မလုပ်တော့ပါ...ထို့ကြောင့် EFI ဝပ်ရှော့တွင်...
ထပ်မံပြသကာ ဘောအသစ်ထပ်မံ လဲလှယ်ခြင်းဖြင့် အပိုကုန်ကျရပါသည်..

ထို့ကြောင့် သတိထားသင့်သည်များကို သတိထားကာ...
ကျွန်တော်တို့၏ ကျေးဇူးရှင် ကားပိုင်ရှင် ကျွန်တော့်အမျိုးများ...
ကားသစ်များ၏ ဒုက္ခပေးခြင်းမှ ကင်းဝေးနိုင်ပါစေခင်ဗျား...
နောင်အချိန်ရရင် ရသလို သိသင့်သည်များကို အကြံပြုပေးပါမယ်ခင်ဗျား...

http://www.facebook.com/hantarwadicarpawesartan

Posted from ဟံသာဝတီ ကားပွဲစားတန်း

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 