ဗြိတိန်နိုင်ငံရဲ့ မင်သားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့၏ တော်ဝင်ရင်သွေး
လန်ဒန် ၂၃
ဗြိတိန်နိုင်ငံရဲ့ မင်သားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့၏ တော်ဝင်ရင်သွေး
သားတော်လေးကို ဇူလိုင်လ ၂၂ ရက်၊ ဗြိတိန်စံတော်ချိန် ညနေ ၄ နာရီ ၂၄
မိနစ်ကမွေးဖွားခဲ့ပြီး ၈ ပေါင် ၆ အောင်စရှိတယ်လို့ သိရပါတယ်။
တော်ဝင်စုံတွဲ ဝီလျံနှင့်ကိတ်မှ သားတော်လေးမွေးဖွားခဲ့တဲ့အတွက်
ဗြိတိန်နိုင်ငံသားတွေဟာ ကိတ်မွေးဖွားရာ လန်ဒန်ရှိ စိန့်မေရီဆေးရုံရှေ့မှာ
အထူးစည်ကားပျော်ပါးခဲ့ကြပြီး ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းမှာတော့
၎င်းတို့တော်ဝင်ရင်သွေးလေးကို ဆေးရုံရှေ့မှာစောင့်နေတဲ့ မီဒီယာများနှင့်
ပရိသတ်များကို ပြသခဲ့ပါတယ်။
Photo - AFP/ Getty Images Popular Myanmar News Journal
တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်
No comments:
Post a Comment