နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Wednesday, July 10, 2013

ကလေးကွပ်ကဲမှ ညွှန်ကြားချက်အရ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြား ၊ ဆူဒိုအက်ဖီဒရင်းအဖြူရောင် ဆေးပြား ၆၀၀ ပြား၊ ICE ၂ ဂရမ်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှု


နေပြည်တော်၊ ဇူလိုင် ၁၀
၂၈-၆-၂၀၁၃ ရက်နေ့တွင် ကလေးကွပ်ကဲ၏ ကွင်းဆက်ဖော်ထုတ်ညွှန်ကြားချက်အရ လားရှိုး(မူးယစ်) ကြီးကြပ်သူ ဒုရဲမှူး ရဲနိုင်နှင့် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး မောင်ဖုန်း၊ လားရှိုးမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်မျိုးသွင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည်



 လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၆)၊ ရန်ကင်းလမ်း၊ အမှတ်(၁၁/၆) ရှိ ရဲအုပ် ကျော်ဇောဦး၏ဇနီး နန်းသိန်းမြ(မ)၏မောင်၊ စိုင်းလှထွန်း(ခ)အိုက်ကျိုင်း(ကျား)၏ နေအိမ်အားရှာဖွေခဲ့သည်။ အဆိုပါအိမ်၌ စိုင်းလှထွန်း(ကျား)၏ဇနီး နန်းမလေး(ခ) နန်းအေးလေး(မ) နှင့် မိသားစုအားတွေ့ရှိ၍ ရှာဖွေရာ စိုင်းလှထွန်းအိပ်သည့် အိပ်ခန်းအတွင်း ကုတင်ခေါင်းရင်း အံဆွဲ အတွင်းမှ ကိုယ်ထည်အမှတ် DAA 474027 အမေရိကန်နိုင်ငံလုပ် Beretta အမျိုးအစား ပစ္စတို(၁) လက်၊ ၎င်းကျည် ၁၂ တောင့်၊ ကျည်ကဒ် ၂ ခု ၊ ကိုယ်ထည်အမှတ် L 125665 ထိုင်းနိုင်ငံလုပ် မိန်းမကိုင် (၅) လုံးပြူးသေနတ် (၁) လက်၊ ၎င်းကျည် ၁၇ တောင့်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀ ပြား ၊ ဆူဒိုအက်ဖီဒရင်း အဖြူရောင်ဆေးပြား ၆၀၀ ပြား ၊ (ICE) ၂ ဂရမ် နှင့် နေအိမ် အိပ်ခန်း မီးခံသေတ္တာအတွင်းမှ အမေရိကန်ဒေါ်လာ ၄ ဒေါ်လာ ၊ အိန္ဒိယရူးပီးငွေ ၁၆၃၅ ရူးပီး ၊ တရုတ်ယွမ်ငွေ ၁၃၆၀၁၄ ယွမ် ၊ ထိုင်းဘတ်ငွေ ၁၄၃၂၀ ဘတ် ၊ မြန်မာငွေကျပ် ၄၀.၃၇၂၂၅ သိန်း တို့အား သိမ်းဆီးရမိသဖြင့် လားရှိုးမြို့မရဲစခန်း မယ(ပ) ၁၀၂/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/ ၂၂(ခ)/၂၁ အရ အရေးယူထားကြောင်း သတင်းရရှိသည်။
 Myawady News

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 