နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်းပြည်ပ မှု့ ခင်းသတင်းများ ရှာဖွေဖတ်ရှု့ ဝေမျှတင်ဆက်ရာဖြစ်ပြီးမည်သည့် အဖွဲ့ စည်းများနှင့်ရောနှောပါတ်သက်ခြင်းမရှိပါ…မည်သူမဆိုလွှတ်လပ်စွာ ကူးယူနိုင်ပါသည်.....
နိုင်ငံတစ်ကာစစ်ရေးရာ-ပြည်တွင်း-ပြည်ပ အသီးသီးမှ-လူသတ်မှု့ -ဓါးပြမှု့ -လုယက်မှု့ -လူသေမှု့ -ခိုးမှု့ -မုဒိန်းမှု့ -မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု့  အဓိကရှာဖွေရေးသားနေပြီး။ ပြည်ထောင်စုအလင်းရောင်ဆိုဒ်သည် မည်သည့် အဖွဲ့ စည်းနှင့်မျှပါဝင်ရောနှောနေခြင်းမရှိပါ။

Saturday, July 27, 2013

မြစ်ဆုံဒေသအရေး မက်ဆေးဆေး ဆုငွေ ဒေါ်လာ ၅ သောင်းဖြင့် ကူညီမည်




ဖနိဒါ | သောကြာနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၃ ခုနှစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ရာမွန် မက်ဆေးဆေး ဆုရှင် ဒေါ်လဖိုင်ဆိုင်းရော်က မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့်
ပြောင်းရွှေ့ခံရသူ ဒေသခံများအတွက် ကူညီမည်ဆို၍ ဝမ်းသာကြိုဆိုကြောင်း အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမုန့်လုံး က ပြောသည်။

လက်ရှိ အောင်မြင်သာ ကျေးရွာသားများသည် ဝင်ငွေရရှိရေးအတွက် လုပ်ကိုင်စားသောက်မည့် နေရာမရှိဘဲ အခက်အခဲနှင့် ရင်ဆိုင်နေရသဖြင့် ၎င်းတို့၏ အသက်မွေး ဝမ်းကျောင်းမှု အခွင့်အလမ်း ဖွင့်ပေးလျှင် အကောင်းဆုံးဖြစ်
မည်ဟုလည်း သူက အကြံပြုသည်။

“ဒီမှာက လိုအပ်ချက်က အများကြီးပဲ။ စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်မယ့် နေရာ မရှိဘူး။ ဒီကလူတွေ
အတွက် အလုပ်တွေ လုပ်ပေးနိုင်ရင်ကောင်းတယ်။ ခုက ဈေးရောင်းတတ်တဲ့လူ ဈေးရောင်း၊ ဖားကန့် သွားပြီး အလုပ်သွားရှာတဲ့သူတွေ။ ရွှေလည်း ကျင်လို့ မရတော့ဘူး။ ကျနော်တို့ကို လုပ်ကိုင် စားသောက်နိုင်မယ့် အလုပ်တခုခု ဖွင့်ပေးရင် ကောင်းမယ်” ဟု ပြောသည်။

ရာမွန်မက်ဆေးဆေးဆု ရရှိခဲ့သူ ဒေါ်ဆိုင်းရော်၏ ယမန်နေ့ ထုတ်ပြန်ချက်တွင်လည်း “ငွေသား အမေရိကန် ဒေါ်လာ ၅ သောင်းကို မြန်မာပြည် မြောက်ပိုင်း မြစ်ဆုံဒေသကို ထိန်းသိမ်း စောင့်ရှောက်ဖို့နဲ့ မြစ်ဆုံမှာရှိတဲ့ ကျေးရွာများနှင့်
ပြည်သူများ တည်တံ့ခိုင်မြဲတဲ့ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ဆောင်လာနိုင်ရေး ပံ့ပိုးကူညီနိုင်မယ့် စီမံချက်အတွက် အသုံးပြုသွားဖို့ ရွယ်ရွယ်ထားပါတယ်” ဟု ယမန်နေ့က ဒေါ်ဆိုင်းရော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ
ထားသည်။

ဒေါ်ဆိုင်းရော်သည် စစ်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များအတွင်း လူထု ကျန်မာရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ တဦးဖြစ်ပြီး လူသားချင်း စာနာမှု အကူအညီပေးနေသော မေတ္တာ
ဖောင်ဒေးရှင်း၏ တာဝန်ရှိသူတဦးလည်း ဖြစ်သည်။ သူ့ကို ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် မက်ဆေးဆေး ဖောင်ဒေးရှင်းက
ခေါင်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆု မက်ဆေးဆေးဆုကို ချီးမြင့်လိုက်ခြင်း ဖြစ်သည်။

ဧရာဝတီပေါ် မြစ်ဆုံဆည် တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုး အမျိုးမျိုး၏ ငြိမ်းခြောက်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ထိခိုက်ပျက်စီးမှုများ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအရ အရေးပါသည့် အထွဋ် အမြတ်ထားသည့်
နေရာများ၊ မြေယာနှင့် လုပ်ငန်းကိုင်ငန်း ဆုံးရှုံးမှု ကစင့်ကလျားဖြစ်ရသည့် ပြည်သူများစွာ ဘဝများသည် မရေမရောမှုများစွာနှင့် ကြုံတွေ့ခံစားရမည် ဟုလည်း ၎င်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

အောင်မြင်သာ ကျေးရွာအား တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု CPI က ဆန်ထောက်ပံ့မှုများ ရှိသော်လည်း စားဝတ်နေရေး မဖူလုံသဖြင့် တချို့သုံးဘီးကား မောင်းခြင်း၊ နေ့စား လုပ်ကိုင်ခြင်း တို့ဖြင့် အသက်မွေးဝမ်းကြောင်း
နေကြရသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမုန့်လုံးက ပြောသည်။

ယခုလ ၁၃ ရက်နေ့က CPI အုပ်ချုပ်ရေး တာဝန်ရှိသူများက အောင်မြင်သာ ကျေးရွာသားများကို နှစ်လစာအတွက် ဆန် နောက်ဆုံး ကူညီထောက်ပံ့ပေးခဲ့ပြီး ၄င်းတို့သည် ၂၀၁၀ ခုနှစ်မှစ၍ အောင်မြင်သာ ကျေးရွာသားများအား တဦး တလလျှင် ဆန် ၇ ပြည်ကျော်ကျော် နှုန်းဖြင့် ၆ လတကြိမ် ကူညီ ထောက်ပံ့ပေးခဲ့ပြီး ယခု တကြိမ် နှစ်လစာ ပေးပြီး
နောက် ထောက်ပံ့မှု နောက်ဆုံးဖြစ်သည်ဟု သိရသဖြင့် ဒေသခံများ စိုးရိမ်နေချိန်လည်း ဖြစ်သည်။

လက်ရှိ အောင်မြင်သာကျေးရွာတွင် စိုက်ပျိုးလုပ်ကိုင်ရန် အဆင်မပြေမှု မရှိသလို၊ စိုက်ပျိုးစားသောက်၍ မရသလို၊ တခြား စီးပွားရေးလုပ်ကိုင်ရန် အဆင်ပြေသော မူလနေရာသို့ ပြောင်းရွှေ့လိုသော်လည်း နေအိမ်များ မရှိတော့သဖြင့်
ပြောင်းရွှေ့ရန် မဖြစ်နိုင်သေးပေ။
Jade Land

No comments:

Post a Comment

နောက်ဆုံးရသတင်းအပုတ်၂၀ဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more နှစ်သက်ရာကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

တင်ထားသမျှပို့ စ်များကလစ်၍ဖတ်နိုင်ပါတယ်

မိတ်ပြောခြင်တာများပွင့် လင်းစွာရေးသားခဲ့ ပါမဆဲပါနှင့် 