
အလောင်းတွေ့ရှိခဲ့သည့် အခင်းဖြစ်ပွားရာ ကွမ်းခြံနေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
တွံတေးမြို့နယ်၊ ကြည်တန်းကျေးရွာတွင် ဇူလိုင် ၁၅ ရက်က ဖြစ်ပွားခဲ့သည့် အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်၍ ဦးခေါင်းကို ရေမြောင်းထဲတွင် မြှုပ်နှံခဲ့သည့် ဖြစ်စဉ်တွင် ကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်တွင် တွံတေးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ အသတ်ခံရသူ အမျိုးသမီးမှာ ဇူလိုင် ၁၅ ရက်ည ၇ နာရီခန့်တွင် ၎င်းကနေအိမ်နဲ့ ပေ ၂၀၀ ကျော်အကွာတွင်ရှိသည့် ကွမ်းခြံထဲသို့ သွားရောက်၍ ကွမ်းရွက်နုများကို ချည်နေစဉ် ခေါင်းဖြတ်အသတ်ခံရခြင်း ဖြစ်ကြောင်း သိရှိသည်။ ယင်းသို့ အသက်ခံရသည့်နေ့တွင် သံသယရှိသူနှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး၊ နောက်နေ့မနက်တွင် မသင်္ကာသူ နှစ်ဦးကို ထပ်မံတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးခဲ့သူ လေးဦးအနက် သုံးဦးမှာ ကျူးလွန်ခဲ့ကြောင်း ဇူလိုင် ၂၀ ရက်တွင် ၀န်ခံခဲ့သည်ဟု တွံတေးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကျူးလွန်သူ သုံးဦးမှာ ထူးနိုင်၊ အရှည်ကြီး (ခ)ကိုဇော်နှင့် ထွန်းမင်းလတ် (ခ) မောင်ထွန်းတို့ဖြစ်ကြောင်း သိရသည်။
ကျူးလွန်သူ ထူးနိုင်၏ ထွက်ဆိုချက်အရ ယင်းကဲ့သို့ သတ်ရသည့် အကြောင်းရင်းမှာ ဖခင်ဖြစ်သူ ဦးစိုးမြင့် (သံဖြူရုံကျေးရွာနေ) က အသတ်ခံရသူ ဒေါ်...ထံမှ လယ်မြေ ၈ ဒသမ ၆ ဧကကို ပြီးခဲ့သည့် နှစ်နှစ်က ကာလပေါက်ဈေး တန်ဖိုး ၇၃ သိန်းဖြင့် အရစ်ကျ ၀ယ်ယူခဲ့ကြောင်း၊ လက်ရှိလယ်ယာမြေများ ဈေးတက်လာသောအခါ ပိုက်ဆံထပ်မံ ရလိုသည်ဟု အသတ်ခံရသူ အမျိုးသမီးမှ လာရောက်ပြောကြားသောအခါ ၎င်းအနေဖြင့် မိမိတို့အပေါ် မတရားလုပ်သည်ဟု ထင်မြင်သည့်အတွက် မိမိ၏ လယ်စာရင်းငှားများဖြစ်သည့် အရှည်ကြီး (ခ) ကိုဇော်နှင့် ထွန်းမင်းလတ်တို့ကို တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်း ပေးမည်ဆိုကာ သုံးဦးပေါင်း၍ သတ်ခဲ့ခြင်းဖြစ်ကြောင်း တွံတေးမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ ၁၅ ရက်၌ အသတ်ခံရသူ ဒေါ် ... မှာ ကွမ်းခြံထဲရှိ လှေကားပေါ်တွင် ကွမ်းရွက်များ ချည်နေသည်ကို တွေ့ရှိသဖြင့်၊ ၎င်းတို့ မှ ကွမ်းရွက်ဝယ်လိုကြောင်းပြောရာ ဒေါ်... က လှေကားပေါ်မှဆင်းစဉ် ကျူးလွန်သူများက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်များအရ သိရသည်။
eleven media.
No comments:
Post a Comment